Powered By Blogger

Wednesday, May 6, 2015

'''''ပူလိုက်ထှာ''ကို စာတစ်ပုဒ်ဖြစ်စေသတည်း...

'''''ပူလိုက်ထှာ''ကို စာတစ်ပုဒ်ဖြစ်စေသတည်း...'''''
----------



နေပြင်းလို့  '''ပူလိုက်ထှာ'' ဆိုတာတောင် အစစ်အမှန် သဘောမဟုတ်ပေဘူး ဒါဟာ သူများကို နေ ကြောင့်  ကိုယ့် မှာ ဘယ်လိုခံစားနေရပါတယ်ဆိုတာကို ဖေါ်ထုတ်ပြတဲ့ နေရာမှာ တစ်ဖက်သားသူ ချက်ချင်း သိသွားဖို့  ဖေါ်ပြလိုက်တဲ့  အသံထွက်ပစ္စည်းလေး တစ်ခုမျှသာပဲ...

ဒီအသံထွက်ဆက်သွယ်ရေးပစ္စည်းလေးကို မြန်မာဘာသာစကားလို့ ခေါ်ပြီး မြန်မာဘာသာစကား ဆိုတဲ့  ပစ္စည်းလေးကို သုံးစွဲတတ်သူကပဲ '' ပူလိုက်ထှာ.'' ဆိုတာ ဘာကို ဆိုလိုသလဲဆိုတာ သိနိုင်မယ်...

မြန်မာဘာသာစကားဆိုတဲ့  တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်တဲ့  အသံထွက်ပစ္စည်းလေးကို မသုံးတတ်ပဲ အင်္ဂလိပ်ဘာသာစကား (သို့ တည်းမဟုတ် ) မြန်မာဘာသာစကားမဟုတ်တဲ့ တစ်ခြား အသံထွက် ပစ္စည်းလေး တစ်ခုခုကိုသာ သုံးစွဲတတ်သူအဖို့  ကိုယ် ပြောလိုက်တဲ့  '''ပူလိုက်ထှာ '''ဆိုတာကို ဘာကို ဆိုလိုမှန်း အသံကြားယုံနဲ့  နားလည်လိမ့် မယ်မဟုတ်ပေဘူး...

အကယ်၍သာ တစ်ခြားသူဟာ အင်္ဂလိပ်ဘာသာစကား ဆိုတဲ့  ဆက်သွယ်ရေး အသံထွက်ပစ္စည်းလေး တစ်ခုကိုသာ သုံးစွဲတတ်သူဆိုခဲ့ ရင် သူ့ ကို .......

''' အိုးးး..ဒမ်ဘလယ်ဒီဖူးလ် ရော် ကမ်ထရီး..ဗဲရီး ဗဲရီး ဟော '့'' ..ဘာညာဆိုရင်တော့  ကိုယ်ဆိုလိုချင်တဲ့  ''ပူလိုက်ထှာ ''' ဆိုတဲ့  ခံစားမှု ကိုနားလည်ကောင်း နားလည်ပေး နိုင်လောက်မယ်.

အချုပ်ဆိုသော် ရမန်ကြီး ၂ ပတ် အဲ..ဆိုလိုသည်မှာ ဘာသာစကားဟူသည် တစ်ဦး နှင့် တစ်ဦး လျင်မြန်စွာ ဆက်သွယ် သိရှိ နားလည်နိုင်စေရန်အတွက် ဆက်သွယ်ရေး ကြားခံ အသံထွက် ပစ္စည်းတစ်ခုအဖြစ် စတင်တီထွင်သုံးစွဲကြရာမှ.......

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..