Powered By Blogger

Tuesday, May 5, 2015

ကောဇာမရဏအဖြည်...

ကောဇာမရဏအဖြည်...
-------------
မနှစ်က ကောဇာမရဏ စနေနံအဖြည်သဘောကို ရေးပြခဲ့ ပါတယ်...ဒီနှစ်အဖြည် သဘော ရှောင်ရန်ဆောင်ရန်က...

ဒီနှစ်ကောဇာ မရဏဟာ တနင်္ဂနွေနံ ဖြစ်တယ်...မရဏဆိုတာ အလိုက်ထိုက်ဆက်ဆံရတာ ပင့် ပေါင်းရတာ ဝေစားမျှစားသဘောတွေ ရှိပါတယ် မကြိုက်တာက ဖျက်လို ဖျက်စီးသဘောကို မကြိုက်ဘူး ဆိုးကျိုးပြန်လာတာကြီးတတ်ပါတယ်...

ရှောင်ရတာ သူများ သာယာနေတဲ့ အိမ်ယာမိသားစုကို ပြိုကွဲအောင်ဖျက်စီးရေးသဘော အတွေးအကြံ အပြောအဆိုတွေကို ရှောင်နိုင်သမျှ ရှောင်ရတာပါ...လောကီဆရာတွေဆို သူများချစ်ခြင်းကို ခွဲတဲ့ ပညာတွေသုံးပေးတာမျိုးကိုရှောင်ရတာမျိုးပါ...ပြုမိရင် ကိုယ့် ဆီ ဆိုက် အဖက်ပြန့် လာတာမြန် တတ်ပါတယ်..သူများညီညွတ်သာယာနေတဲ့ အခြေအနေတွေကို သွေးထိုးဖြိုခွဲတာမျိုးတွေကိုလည်း ရှောင်ရပါတယ် အဖက်က ကိုယ့် မိသားစုညီညွတ်နေမှု့ ကို ထိခိုက်လေ့ ရှိပါတယ်

ဆောင်ရတာက မိသားစုကို ငါတကောမကောပဲ အလိုက်အထိုက်လေးဆက်ဆံတာ တတ်နိုင်တဲ့ ဘက်က ပံ့ ပိုးပေးတာ ပြင်ပလှုပ်ရှားမှု့ ကတော့ မိဘမဲ့ တွေကို ပံ့ ပိုးလှုဒါန်းတာမျိုးတွေ အိမ်ကျောင်းဇရပ်တွေမှာ အခါအခွင့် သင့် ရင် ဒါနခန်းတွေ ထည့် ပေးတာ အလွယ်ဆုံးအပြုအမူက စာကလေးအိမ်လေးတွေ ချိတ်ဆွဲလှုထားတာမျိုးတွေဟာ ကောဇာမရဏရဲ့  အဆိုးလွှမ်းမိုးမှု့  ရောသုတ်တွေထဲကို ပါမသွားအောင် ကြိုကာထားတဲ့  နည်းတွေပါပဲ....

သဘော အချုပ်ကတော့  နှစ်တစ်နှစ်ရဲ့ မရဏအိမ်က နံသင့် ဂဏန်းကို အကောင်းသဘော မပြုပေးမိရင်တောင် အဖျက်သဘော သွားမပြုမူမိအောင် ပတ်ပြေးနေတဲ့  သဘောပါပဲဗျား.....
ဒီသဘောဟာ လာမည့်  သင်္ကြန်ကနေ နောင်နှစ်သင်္ကြန် ၁၃၇၇ ဆိုတဲ့  မြန်မာကောဇာတစ်ခုလုံးအတွက် နေထိုင်နည်းကစားကွက်ပါပဲဗျာ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..