
နမိတ် ရဲ့ အလေး အပေါ့ ..
---------
အမှန်တော့  ကျနော့် အတွေ့ အကြုံတွေနဲ့  မိသားစုအတွင်းအတွေ့ အကြုံတွေ နီးစပ်ရာလူတွေရဲ့ အတွေ့ အကြုံတွေအရ ပြောရရင် ကံ အဆင့် တစ်ခုရှိတဲ့ လူတွေအတော်များများမှာ လူ့ ကံ ကြောင့် ပါလာတဲ့  ကိုယ်ပိုင် နမိတ်သဘောတွေ ပါလာပြီးသားလို့  ယူတယ်..တစ်ချို့ ဟာတွေက အများကြုံ နေကြဖြစ်ပြီးသဘော တရားတူလေ့ ရှိတယ်..ဆိုပါတော့  မျက်ခမ်းလှုပ်ရင် ကွိုင်တစ်ခုခုကြုံတော့ မယ်ဆိုတာမျိုး ညာ(သို့ ) ဘယ်လက်ဝါးယားရင် ပိုက်ဆံတော့ အနဲနဲ့ အများထူးပြီးရတော့ မယ်လို့  ကိုယ့် အတွေ့ အကြုံနဲ့ ကိုယ် သိလိုက်ကြတာမျိုးပေါ့ ဒါတွေဟာ လူ ဖြစ်နေတဲ့  ကံ ကြောင့်  ဖြစ်လာတာလို့ ယူတယ်..
တစ်ချို့ နမိတ်တွေကတော့ ကိုယ့် အတွက်ကိုယ် သီးခြားဖြစ်ပေးတာမျိုးဖြစ်ပြီး သူတကာနဲ့ တူချင်မှ တူမှာဖြစ်သလို တစ်ခါမှ မကြားဖူးမဖတ်ဖူးမကြုံဘူးတာမျိုးတွေလည်း ဖြစ်တတ်တယ် ဒါမျိုးကြတော့  ကောက်ရတာ ခက်တယ်..နမိတ်က အသစ်လိုဖြစ်နေလို့ ပဲ ပြီးတော့  အဲ့ လိုနမိတ်တွေကလည်း ပုံစံမျိုးစုံဖြစ်နေတတ်တယ် ပြင်ပ အပြုအမူတစ်ခုခု ဖြစ်ချင်ဖြစ်နေတာ အိမ်မက်ထင်ရှားမက်တာ မျက်လုံးထဲ ကိုယ့် တစ်ယောက်ထဲ ဖြတ်ကနဲ မြင်လိုက်ရတာ ကိုယ့် တစ်ယောက်ထဲသာထူးခြားအသံမျိုးကြားလိုက်ရတာ ကိုယ့် တစ်ယောက်ထဲသာ အနံတစ်မျိုးမျိုး ဖြတ်ကနဲရလိုက်သလိုလိုဖြစ်ပြီး တကယ်လိုက်ရှုတော့ မရတော့ တာစသဖြင့် အစုံပါပဲ...
ဒါပေမယ့်  အားလုံးကိုစုလိုက်တော့  ဘ၀တစ်လျှောက် အိပ်မက်အပါအ၀င် နမိတ်ပေါင်းစုံ ရခဲ့ သမျှတွေရဲ့ ရလာဒ်တွေအများစုဟာ ကိုယ့် ဘ၀ကြီးတစ်ခုလုံးကို တစ်ဆစ်ချိုးကွေ့  ဖြစ်သွားလောက်တဲ့ ရလာဒ်နမိတ်မျိုး ကြီးမားတဲ့  အဖြေတစ်ခုခု ထွက်လာတဲ့ နမိတ်မျိုးတွေက သိပ်နဲတာကို တွေ့ ရတယ် အများအားဖြင့်  ဘ၀ကြီးတစ်ခုလုံးနဲ့ ဆို မပြောပလောက်ပါဘူးဆိုတဲ့ ရလာဒ်မျိုးဖြစ်နေတဲ့  နမိတ်မျိုးတွေသာ အများကြီး ကြုံခဲ့ ရတာမျိုးဖြစ်နေတာတွေ့ ရတယ်...
ဆိုပါတော့  တစ်သက်တာမှာ မျက်ခမ်းလှုပ်ပြီးတဲ့ နောက် တစ်ခုခုအကြောင်းခံပြီး စကားတွေများ ရန်တွေဖြစ်ခဲ့ ရတာမျိုး အကြိမ်ပေါင်းကို မနဲဘူး..ဒါပေမယ့်  ကိုယ့် ဘ၀ကြီးတစ်ခုလုံးကိုတော့ အပြောင်းအလဲဖြစ်မသွားခဲ့ ဘူး..ဒါမျိုးကိုဆိုလိုတာပါ...
ကြာတော့ ဘာနမိတ်တွေလာလာ တော်ယုံနဲ့ အုံးမစားတော့ ဘူးဖြစ်လာတယ် ပေါ့ ပေါ့ ပါးပါးပဲနေလိုက်တော့ တာမျိုးဖြစ်လာတယ်...ဆိုလိုတာက လူ့ ကံကြောင်း အိပ်မက်တွေ အသားလှုပ်တာမျိုးတွေ အပါအ၀င် နမိတ်သဘောပေါင်းစုံကတော့  တစ်သက်တာမှာ ကိုယ့် ဟာကိုယ်သတိပြန်ထားကြည့် ရင်တွေ့ နေမယ် ဖြစ်နေလိမ့် မယ်ပေါ့ ဒါပေမယ့် သိပ် အရေး တကြီးသဘောမျိုးတွေတော့ မဟုတ်တာများတယ်ပေါ့  အရေးကြီးတာဆိုလည်းကိုယ့် ဟာကိုယ် တစ်ခုခုတော့ တစ်ခုခုပဲလို့ သိနေတာများပြီး တကယ်ဖြစ်လာရင် အဲ့ ဒါကိုလည်း ပြင်ရ ခြေရ ခက်တယ်ပေါ့ ...ချုပ်လိုက်တော့ နမိတ်အများစုဟာဘ၀ကြီးတစ်ခုလုံးနဲ့ ချိန်ရင် ပါးပါးလေးတွေများလို့  စိတ်ပူစရာတော့ သိပ်မရှိဘူးသဘောလို့ ...
(အိပ်မက် အတွေ့ အကြုံတစ်ခုပြောပြရရင် ကျနော်ဆယ်တန်းဖြေပြီးတဲ့ နှစ် စာမေးပွဲ အောင်စာရင်းမထွက်ခင် သင်္ကြန်မတိုင်ခင်မှာတင် မအေက သူညကအိပ်မက်
မက်တယ်လို့ ဆိုတယ် အိပ်မက်ထဲမှာ ကျနော်က ရေကန်စပ်မှာ အ၀တ်တွေ အကုန်ချွတ်ပြီး ကိုယ်လုံးတီးလေး နဲ့  ရေထဲဆင်းသွားတယ်လို့  မက်တယ်တဲ့ 
အဲ့ အိပ်မက်က ကျနော်ဟာ ဒီနှစ်တော့ ဆယ်တန်း ကွင်းလုံးကျွတ် အောင်ပြီ လို့  သူ့ ဟာသူမက် သူ့ ဟာသူကောက်သွားရောဗျာ..အဲ့ နှစ်ကအောင်သွားတယ်...အဲ့ လိုအိပ်မက်မျိုးကိုသူ့ တစ်သက် အဲ့ တစ်ကြိမ်ပဲမက်သွားတယ်.....သဘောကတော့  သားအမိ ၂ယောက်ကြားက သီးခြားဖြစ်စဉ်အိပ်မက်သဘောပေါ့ ..)..
ဒီတော့  အိပ်မက် တို့ နမိတ်တို့ ရဲ့ ရလာဒ်အလေးအပေါ့ က ကာယကံရှင်တွေ သက်ဆိုင်သူတွေရဲ့  လက်ရှိဘ၀အခြေအနေပေါ်မှာ တည်ပြီး ဒါကိုလည်း ကိုယ့် ဟာကိုယ် ခံစားမိလေ့ ရှိတယ်ပေါ့ ..
.(သောကတွေ မောဟတွေလောဘတွေ များနေချိန်မှာ ရတဲ့  အိပ်မက်တွေနမိတ်တွေကိုသာ ဘာကောက်ရမှန်းမသိ နမိတ်တစ်ခုခုဟုတ်လား မဟုတ်လားမဝေခွဲနိုင်ဖြစ်ကုန်တာမျိုး ကိုယ့် အတွက် နမိတ် ဖြစ်နေလို့ တောင်ဖြစ်မှန်းမသိဆိုတာမျိုးတွေ ဖြစ်နေတာမျိုးလည်းများတယ်ပေါ့ လေ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..