
ဝေဖန်ရေးသမားတွေချည်းသာများလား...
----------
''ဗျို့ ဆြာ ဟိုစာစောင်မယူဘူးနော်..သပိတ်မှောက်ထားတယ်..ဟဲဟဲ '''လို့  စာစောင်လိုက်ပို့ တဲ့ ဂျာနယ်ဆြာကို လှမ်းနောက်လိုက်တော့ ..စာစောင်ဆြာ ပြောလိုက်တဲ့ စကားကြောင့် စိတ်ဓါတ်တောင် ဖုတ်ကနဲ လွတ်ကျသွားလို့  ပြန်ကောက်ပြီး ရေဆေးထားလိုက်ရတယ်...ခိခိ
.အမှန်က ကြာပါပြီ ပိုက်ဆံဝိတ်လျှော့ တဲ့ အနေနဲ့ ရော အမြင်ကပ်နေတာက ကြာလှပြီ ဖြစ်လို့  လှန်လှော်တောင် အဆစ်ကလေးမကြည့် တာကြာလှပြီ...
စာစောင်ဆြာပြောတာပဲ ကြည့် လေ...''''အမလေး ဆြာသမားရယ်..ခုမှ ပိုတောင်မှာနေတဲ့ သူတွေ ရှိသေး..ဘာများ မဟုတ်တာတွေ ပါဦးမလဲလို့ သိချင်နေကြတာဆြာသမားရ..''' တဲ့ ...အဟီးးးအာ့ ကြောင့်  ဖေါင်ပြင်လေးတွေ ပါတားနီ ဆိုးမပျက်တာကိုး..ခ်ခ်
အဲ့ လို လူ့ သဘာဝကို ရိပ်မိတာကြာလှပြီ...ကောင်းတာစွန်းစွန်း မကောင်းတာ စွန်းစွန်း ကိုယ်မစွန်းရဲတာ သူများစွန်းရင် အားကြီး စိတ်ဝင်စားသွားတတ်တာချည်းများတယ်..'''' ဘာများဝေဖန်ရဦးမလဲဆိုပြီးတော့ ပေါ့ ..''' လူ့ သဘာဝများ မွေးကတည်းက ဝေဖန်ရေးသမားတွေဖြစ်လာပုံရပါတယ်ဗျာ..ပြီတော့  .ဝေဖန်ရတာက ပိုက်ဆံ မပေးရတာလည်း ပါချင်ပါနေမှာပေါ့ .အဟီးး.
အဲ ..မုန့် ဟင်းခါးတောင် ငံတယ်ရယ် ပေါ့ တယ်ရယ် ကောင်းလိုက်ထှာဆိုရယ် သိပ်မစွံဘူးဆိုတာရယ် ပျစ်တယ် ကြဲတယ် စပ်တယ် စပါးလင်များသလားလို့ ငရုပ်ကောင်းများတယ်တို့  ငှက်ပျောအူဖတ်က ပျော်နေပြီတို့ .ဘဲဥကကြေမွနေပြီတို့  ပဲတူးစော်နံသလားလို့ တို့  .စသဖြင့် ပေါ့ .. ပေါ်တင်ပြောရမှာ အားနာရင်တောင် သူများမသိအောင် စိတ်ထဲက ဖြစ်ဖြစ် မှတ်ချက်ကလေးပေးပြီး အလိုလို ဝေဖန်ပစ်လိုက်တော့ တာမျိုးပဲ...ပြီးမှ သုံးပွဲဆင့် အုပ်တာ..အဟီးးး..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..