'''ဗေဒင်ဆရာတို့ သည်လည်း ဗေဒင်ယုံကြသူများကို ဗေဒင်ဟော မပျက်ကြသေးခြေ....''
-----------------------------------------
ဗေဒင်ဆရာတွေ အများစုက ဗေဒင်ယုံတဲ့ သူတွေကိုပဲ ဗေဒင်ဟောကြတယ်ဆိုတာ ယုတ္တိရှိနိုင်ပါသည်လား...
ဗေဒင် မယုံတဲ့ သူတွေကို ဗေဒင်ဟောပါရစေ ခင်ဗျာလို့  ဗေဒင်ဆရာဆိုသူတွေက တကူးတက လိုက်ခွင့် တောင်းပြီး ဟောကြတာ ကြားဘူးပါသလား ကြုံဘူးပါသလား.ကြုံဖူးကြားဖူးတယ်ဆိုရင် ဘယ်လိုဗေဒင်ဆရာမျိုးလဲဆိုတာ အကဲခတ်ခဲ့ ဘူးပါသလား...
နောက်.. ဗေဒင် မယုံပါဘူးဆိုတဲ့ သူတွေကို ဗေဒင်ဆရာဆိုသူတွေက ဗေဒင်ကို မယုံရင် မြေမြိုလိမ့် မယ်လို့  ခြိမ်းခြောက်တာကိုရော ကြားဘူးပါသလား ကြုံဘူးပါသလား.....
ဘာတွေ ဘယ်လို ဆိုနေကြစေ .ဗေဒင်ကို ယုံပါတယ်ဆိုတဲ့ သူတွေရော မယုံပါဘူးဆိုသူတွေရော တစ်ချိန်ချိန်မှာ သေဆုံးသွားကြပေမယ့်  ''''ဗေဒင်ပညာနဲ့ ဗေဒင်ဆရာတွေ ''' ဆိုတဲ့ ခေါင်းစဉ်ကြီးကတော့  လူ့ အဖွဲ့ အစည်းထဲမှာ တစ်နေရာမဟုတ် တစ်နေရာ တစ်ဒေသမဟုတ် တစ်ဒေသမှာ ရှင်သန်နေမြဲ ရှိနေသေးတာ မြင်တွေ့ နေရဆဲဖြစ်နေတာနဲ့  ................
ဗေဒင်ပညာတွေလို အပါအ၀င် မကောင်းဘူးဆိုတဲ့  မမှန်ဘူးဆိုတဲ့  စနစ်တွေ အစ်ဇင်တွေ ၀ါဒတွေ မိစ္ဆာအယူ ဆိုတာတွေ အပါအ၀င် မယုံကြည်ထိုက်ဖူးဆိုတဲ အရာတွေ ဟာ ဘာကြာင့် များ ဒီနေ့ အထိ ဆက်လက် ရှင်သန်နေဆဲ ရှိနေသေးလဲဆိုတာက စဉ်းစားစရာ...
.ဤအရာတွေဟာ မယုံကြည်ထိုက်ဖူးလို့  ဆိုသူတွေက မယုံကြည်ထိုက်ဖူးဆိုတဲ့  အရာတွေကို ကမ္ဘာမြေပေါ်က အပြီးတိုင် ပျက်ဆီးပျောက်ကွယ်သွားအောင် ဖျက်နိုင်စွမ်း စွမ်းဆောင်နိုင်စွမ်း မရှိလို့ လား ၊ သဘာဝတ္တတရားကြီးက သူ့ အလုပ် သူလုပ်နေတဲ့ သဘောကြောင့်  ဘေးက ၀င်ခြယ်လှယ်ခွင့်  မရလို့ လား.တွေးစရာ...
မည်သို့ ဆိုစေ..သဘာဝတ္တတရားကြီး နဲ့  လူ့ အဖွဲ့ အစည်းတွေကတော့  ကုသိုလ် အကုသိုလ် ကောင်းမှု့ မကောင်းမှု့ တွေနှင့်  လုံးထွေး ရှုတ်ပွလျက် သူ့ ပုံစံမပျက် ရှေ့ ကို ဆက်သွားနေလေ၏...
ကမ္ဘာကြီးကလည်း နေ့ တစ်လှည့် ညတစ်လှည့်  နေတစ်လှည့်  လတစ်လှည့် ဖြင့် ဆက်လက် လည်ပတ်နေမြဲဖြစ်သကဲ့ သို့ 
ဗေဒင်ဆရာတို့ သည်လည်း ဗေဒင်ယုံကြသူများကို ဗေဒင်ဟော မပျက်ကြသေးခြေ.......
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..