'''နင့် ဟယ်...ငါမွေးထားတုန်းက........''
---------------
မငယ့် တငယ် အိမ်နားက လမ်းထိပ်က မီးပွိုင့် နားမှာ ကားတိုက်ခံရဘူးတယ် ပွတ်ယုံလေးပါ..ဒါပေမယ့်  ကိုယ့် ဟာကိုယ်ဖင်ထိုင်လျက်သားလေးကနေ ထုံကျင်နေတဲ့ ခြေထောက်ကို လျှောက်စမ်းကြီးတော့  ခြေညှိုးလေးက အတွေ့ အထိ မသိတော့ ဘူး ( နောက်တော့ သိရတာ အက်သွားတယ်.)
ကတ္တရာလမ်းမပေါ်မှာ ဖင်ထိုင်လျက်သားလေးကနေလည်း ချက်ချင်းမထနိုင်ဘူး..နာတာရယ် သွေးလန့် သွားတာရယ် လူတွေဝိုင်းလာကြည့် လို့  ရှက်နေတာရယ် နဲ့  ခေါင်းထဲလည်း ဘာမှ မသိတော့ ဘူး ကြောင်စီစီကြီးဖြစ်နေတယ် .အရပ်အသံကတော့  '''ဟာ...ကားတိုက်သွားပြီ '' လို့  ၀ိုင်းအော်လိုက်တော့  လူတွေ ၀ိုင်းလာတယ် နောက်တော့  ဒီလမ်းထဲက ဘယ်အိမ်က ဘယ်သူ့ သားလေး ဆိုတာ သတင်းပျံ့ သွားပြီး အဲ့ သတင်းက အိမ်ရောက်သွားတယ်...
'
''အမေ '''....ဆံပင်ဖါးလျားကြီးနဲ့  ပြေးချလာပြီး လူတွေကြားထဲကနေ အတင်းဝင်ဖက်တယ်....
''' ဟယ်....သား..သားး..ဘယ်နေရာ ကျိုးသွားလဲ..နင့် ဟယ်...မသေကောင်းမပျောက်ကောင်း.'' နဲ့  ....ပါးစပ်က စကားတွေ တတွတ်တွတ်ရွတ် မျက်ရေတွေ ဒလဟောနဲ့  တစ်ကိုယ်လုံးကို လျောက်စမ်းတော့ တယ်...
အဲ့ ဒီ တတွတ်တွတ် စကားတွေထဲမှာ မှတ်မှတ်ရရ စကားလုံးလေး...''နင့် ဟယ်...ငါမွေးထားတုန်းက ခြေစုံလက်စုံ အင်္ဂါစုံလေးပါဟယ်.ကျိုးပဲ့ ကန်းလို့ ကတော့  ငါရင်ကျိုးပါပြီဟယ်.....''' တဲ့ ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..