ကုန်သလောက်ရှိမှ ယတြာခြေမလို့ တဲ့ .................
ဒါဟာ ဘောစိတစ်ယောင်အကြောင်းပါ သူ နဲ့  က အရင် ၃ နှစ်လောက် က လမ်းကြုံအဖေါ်ကောင်းလို့  တစ်ခါ ဆုံခဲ့ ဘူးပါတယ်...အဲတုန်းက သူဟာ အသက် ၅၀ တနင်္လာသက်ရောက်နေတဲ့ ကာလပါ...တနင်္ဂနွေသားပေါ့ ....သူ့ အသက် ၄၆ နှစ် ကြာသာပတေးသက်ရောက်ကနေပြီး..စ စီးပွားဖြစ်လာတာ ၅၀မှာ...သိန်းပေါင်း သောင်းဂဏန်း လောက် ချမ်းသာနေပါပြီ...ပိုက်ဆံရမယ့် ဟာ အကုန်လုပ်ရင်းက ကားမှာ တအား ရလိုက်ပါတယ်...ဂျင်လည်း ထောသွားပါတယ်...ကျနော်နဲ့ တွေ့ တဲ့ အချိန်မှာ ဘယ်သူ့ မှ လူမထင်တော့ ဘူးပေါ့ ..ဒါနဲ့  သူက အပျင်းပြေ လေး ဗေဒင်ကြည့် ပါတယ်..တကယ်က ဗေဒင်မပြောနဲ့  ဘာသာရေးတောင် သိပ် ယုံတာမျိုး မဟုတ်ပါဘူး ငါ လုပ်ရင်ဖြစ်တယ် ဆိုတဲ့  စတိုင်ပေါ့ ......
ကျနော်ကတော့  ထုံးစံအတိုင်း တနင်္လာ ပြီးလို့  ရှေ့  လာမယ့်  ၅၁၊၅၂၊ ၅၃၊ ၃ နှစ်ဟာ ဂြိုလ်မကောင်းလို့ စီးပွားထိမ်းနှစ်သာအဓိက ဖြစ်တယ်...တိုးဖို့ အဓိကမဟုတ်ဘူး....၅၁ ဟာ စီးပွား တက်မယ် ထင်လို့  စွတ်တွန်းတဲ့  တနင်္ဂနွေတွေဟာ ပြာနှမ်းလောက်အောင် ငွေ တွေ ဆုံးရှုံးတတ်တဲ့ အကြောင်း...၅၂ မှာ..ငွေတင်မက ကျမ္မာရေးရော အိမ်ထောင်ရေးပါ ပတ်ထိပြီး ၅၃ မှာအဆင်မသင့် ရင် အမှု့ ပါစောင့် နေမှာ ဖြစ်တဲ့ အကြောင်းပြောတော့  တစ်ခုမှလည်း မကောင်းပါလားတဲ့ ....မဖြစ်နိင်ဘူး ထင်ပါတယ်တဲ့ ကျနော်က ..ဒါဟာ ဂြိုလ်သဘာဝသာဖြစ်ပြီး အဲဒီ ဂြိုလ်တွေ မဖြတ်ခင်ယုံနိင်စရာ ရှိမှာမဟုတ်တာကို နားလည်နိင်ပါတယ်...ကျနော်တို့ က၅၁ကနေ ၅၃ နှစ်ကြား ဖြတ်သွားဘူးတဲ့ တနင်္ဂနွေတွေအများကြီးကြုံခဲ့ ဘူးတာပါလို့  ပြန်ပြောရင်း သူလည်း လှောင်ပြုံးလေးနဲ့  လစ်သွားပါတော့ တယ်.၊( သူ့ ကိုမကောင်းမှု့ တွေပိုသတိပေးမိတာဟာ သူဟာ လောင်းကစားဝါသနာပါပုံရသလို ကိုယ့် ဟာကိုယ် ဥာဏ်ကြီးသူ စီးပွားရေးကိုကောင်းကောင်း တွက်ချက်တတ်သူ လို့ အထင်ရောက်နေပုံရတယ်လို့  ထင်မိတာလည်းပါပါတယ်..
နောက် ၃ နှစ်လောက်အကြာမှာတော့  သူဟာ ကျနော်ဆီပြန်ဝင်လာပါတယ်....ဒီတစ်ခါဝင်လာတာတော့  လမ်းကြုံမဟုတ်တော့ ပါဘူးသက်သက်ကို လာခဲ့ တာပါတဲ့ ......သူပြန်လာတော့  ၅၃ နှစ် ပြည့် ခါနီးပါ ပြီ...ကျနော် ဘာမှမပြောရသေးခင်သူကဘဲစပြီး...လွန်ခဲ့ တဲ့ ၂ နှစ်ကျော် လောက် သူအသက် ၅၀ တုန်းက ဒီကိုတစ်ခေါက်ရောက်တုန်းက ဟောလိုက်တာတွေဟာ အဲတုန်းက လုံးဝ လက်မခံနိင်ခဲ့ ပါဘူးတဲ့ ..ဒီလောက်သူ့ မှာ ချမ်းသာနေတာ အဲဒီလို ဖြစ်သွားမယ်လို့  မထင်ခဲ့ ဘူး သူ ဟာ ခု ကားမှာလည်းအကြီးအကျယ် ရှုံးသွားတယ်၊မိန်းမလဲ အိမ်ကဆင်းတယ်...ကားစာချုပ်အတုနဲ့ မိလို့  အမှု့ ဖြစ်ခဲ့ တယ်..တဲ့ ...ခုတော့ သူ့ မှာ အခြေ အတော်ပျက်သွားလို့  ယတြာခြေလို့  မရဘူးလားတဲ့ ....ဆိုလာပါတယ်........ဒီတော့ ကျနော်က အရင်လို ပြန်ဖြစ်အောင် ယတြာတော့  မလုပ်တတ်ပါဘူး..ဒါပေမယ့် ..ရှေ့ လာမယ့်  ဂြိုလ်တွေကပြန်အဆင်ပြေနိင်ခြေရှိလို့  ယတြာနဲ့  နဲနဲ ပံ့ ပိုးလိုက်ရင်..အကွက်အကွင်း ကောင်းလေးတွေပြန်ရနိင်လို့  အသက်ရှု တော့ ချောင်မှာပါလို့ ပြန်အားပေးရင်း....လုပ်စရာရှိတာလေးတွေလုပ်ပေးခဲ့ ရပါတယ်.....................
ဒီဇာတ်လမ်းမှာ ဆိုလိုတာက..စီးပွားရှာစားရတာ မကောင်းတတ်ဘူးလို့  ဆိုတဲ့  ဂြိုလ်တွေအကြောင်းကို ကြိုသတိပေးရင် အဲဒီဂြိုလ်ကိုမရောက်သေးတော့ လက်ခံနိင်စရာယုံနိင်စရာမရှိပါဘူး .....သူတို့ မှ မရောက်ဘူးသေးလို့ ဆိုတဲ့ သဘောကြောင့် ပါ ..ကျနော်တို့ က သူတို့ လို လူတွေတစ်ပုံကြီး သူ့ ရှေ့ မှာတွေ့  ခဲ့ ပြီးမှ မဖြစ်သင့် တာ မဖြစ်ထိုက်တာ၊၊မကုန်သင့် တာ မကုန်ရအောင် သတိပေး တဲ့ အခါလက်မခံနိင်ခဲ့ ပဲ၊ ဒီလို ပစ္စည်းဥစ္စာ ကုန်ခန်းပြီးမှာ ပြန်တွေ့ လို့  ဗေဒင်မှန်ကြောင်းပြောတော့ ....ဒါဟာ ဗေဒင် မှန်တာမဟုတ်ဘူး...ဗေဒင်မှန်အောင် လူက လုပ်ခဲ့ တာ...ကံမကောင်းရင် ဒီလိုဖြစ်တတ်တယ်ဆိုတာ ကိုယ်ကြိုသိခွင့် ရခဲ့ သားနဲ့ ...ကိုယ့် ရဲ့  ဇွတ်ကြီး ကိုယ့်  ကိုယ် ကို ဥာဏ်ကြီးသူ အတွက်အချက်တော်သူ ဖြစ်လို့  ဘယ်တော့ မှ ကံမဆိုးနိုင် ဆိုပြီး အစွန်းရောက်ယုံကြည်နေ မှု့ က ကိုယ့် စီးပွား ပျက်စီးစေတာသာဖြစ်ကြောင်း ရှင်းပြလိုက်ရပါတယ်နော်..
တနင်္ဂနွေသားသမီး အသက် ၅၁ ဟာ အင်္ဂါသက်ရောက်၊ ၅၂ဟာ ဗုဒ္ဓဟူးဂြိုလ်သက်ရောက် ၅၃ဟာ စနေဂြိုလ်သက်ရောက်ပါ...သုံးနှစ်ဆက်တိုက် လောကဓံအညံ့  ကြုံတဲ့ သဘောပါ...စီးပွားတက်ရင် အသက်ကိုရန်ရှာတဲံ့ ရောဂါမျိုးတွေ မိသားစုကို ပြဿနာပေါင်းစုံ ဖြစ်စေတဲ့  သဘောပိုရှိလာတတ်ပါတယ် တစ်ခါတစ်လေ တနင်္ဂနွေသားကို တိုက်ရိုက်မထိပဲ သူ့ မိသားစုထဲက ကံမကောင်းသူတွေကို လှည့် ပတ်ထိခိုက်သွားတာမျိုးလည်းဖြစ်တတ်ပါတယ် ဒါမျိုးကိုတော့  သွယ်ဝိုက်ရစ်တာလို့ ဆိုကြပါတယ်
သဘောက လောကဓံ အကောင်းတွေအညံ့ တွေသဘောကြုံရတာမှာ တိုက်ရိုက်လာခြင်းသဘောနဲ့ သွယ်ဝိုက်လာခြင်းသဘောတွေ ရှိတတ်တယ်ပေါ့ လေ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..