Powered By Blogger

Sunday, May 3, 2015

မဟာဘုတ်တွေ ပြောခဲ့ သမျှ

မဟာဘုတ်တွေ ပြောခဲ့ သမျှ ဆင်းရဲမယ် ချမ်းသာမယ်က ဘယ်လောက်ဆင်းရဲမယ် ဘယ်လောက်ချမ်းသာမယ် မပါပါဘူး..သူပြောနေတာက ဘ၀ကို တည်တည်ငြိမ်ငြိမ်နဲ့  ဘယ်လိုဖြတ်သန်းမလဲ ဆင်းရဲနဲအောင် ဒုက္ခနဲအောင် ဘယ်လိုဖြတ်သန်းမလဲကို ပြောနေတာပါပဲ...ဘာကြောင့်  ဓနချမ်းသာ ဆင်းရဲကို မပြောရသလဲဆိုရင်
ဆင်ရဲချမ်းသာသဘောက ဓမ္မ အတိုင်းပါပဲ ...ဒါန= ဓန သဘောပါပဲ..လူ့ ဘ၀တစ်ခုဖြစ်တည်မှု့ ဟာ .ပစ္စုတ်ပန်ကံ အားထုတ်မှု့  + သံသရာဘ၀ကပါလာတဲ့ ကံ= အနာဂတ်ကံ သဘောပါပဲ။ သံသရာဘ၀က ဒါန အကျိုးပေးချိန် ကျရောက်လာတဲ့ အချိန်ဆိုရင် ပစ္စုတ်ပန်ဘ၀မှာ ဘာမှ လုံ့ လ၀ီရယတွေ အားမထုတ်ရသေးပဲ မွေးကတည်းက စီးတော်မြင်းရော ခိုင်းစရာလူရော ရွှေအိုးကြီးလေးလုံးပါ အတူတူ ပေါ်ပေးလာတာမျိုး သဘောပါပဲ...အကျိုးပေးချိန်မရောက်သေးရင်တော့  ပစ္စုတ်ပန်ဘ၀ရဲ့  ကိုယ်အားထုတ်နေတဲ့ ကံဥာဏ်ဝီရိယကိုသာ အားကိုးနေရမှာပါပဲ ဒီဗေဒင်က ပစ္စုတ်ပန်ဘ၀နေနည်းသဘောတွေကို ဥာဏ်နဲ့ ဖေါ်ထုတ်ချဉ်းကပ်သွားပြတာပါပဲ ဒီသဘောကြောင့်  ဆင်းရဲချမ်းသာကိစ္စတွေ မပြောတာပါပဲဗျာ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..