Powered By Blogger

Sunday, May 3, 2015

ကိုယ် (သွယ်ဝိုက်) တွေ့ ကြုံခဲ့ ရတဲ့ မိသားစု ရဲ့  နာကျည်းမှု့ လောကဓံ ''..




ကိုယ် (သွယ်ဝိုက်) တွေ့ ကြုံခဲ့ ရတဲ့ မိသားစု ရဲ့  နာကျည်းမှု့ လောကဓံ ''..
=================================
ပြန်မတွေးမိအောင်အမြဲစိတ်ထဲက ကြိုးစား  မေ့ပစ်ထားခဲ့ တာပါ....ဒါပေမယ့်  ဘ၀တစ်ကွေ့ မှာ ကြုံလာရတဲ့ အခါ အပေါ် ရောက်နေသူက  အောက် ရောက်နေသူ ရဲ့ အနေအထား ကို မသုံးသပ်ဘဲ လွှတ်ကနဲ ပြောလိုက်တဲ့ စကားတွေ ဟာ အပြော ခံလိုက်ရသူအဖို  ဘ၀ တစ်သက်တာ မှာ  ဆူးကြီးကြီး နစ်မြုတ်ဝင်သွားသလိုခိုင်ခိုင်မြဲမြဲကြီး  မေ့ မရအောင် ခံစားလိုက်ရတဲ သဘောရှိတတ်ကြောင်း  ဆင်ခြင်နိုင်လို့ ရနိုင်အောင်...................။


ကျနော်တို မောင်နှစ်မ အုပ်စုတွေ မှာ မအေ မရှိတော့ တဲ့  နောက် ဖအေ ကြီးနဲ့  ဘ၀ခရီးဆက်ခဲ့ ပါတယ်..ဖအေကြီးဟာလည်း အသက်ရတော့  ကျောက်ကပ်ပျက်စီး သွားလို့  စက်နဲ့ မှန်မှန်ဆေးမှ အသက်ရှင်နေရတဲ့ အနေအထားကို ရောက်သွားခဲ့ ပါပြီ၊ ဒီတော့  မောင်နှစ်မတွေ  အကုန်လုံးဟာ ရှိသမျှ ခွန်အားတွေ  အကုန်သုံးပြီး ဖခင်ကြီး အသက်တစ်ရက်   ရှည်လည်း ကိုယ့် ဖအေပဲဆိုတဲ့စိတ်နဲ့  ကြိုးစားအလုပ်လုပ်ရင်း အလွန်ဈေးကြီးလှတဲ့  ဆေးကုသစားရိတ်ကိုရှာဖွေရင်း  ဆေးကုသပေးနေကြပါတယ်...


ဘယ်လောက်အထိ ငွေရှာယူရသလဲ ဆိုရင် တစ်သက်လုံး က ဥပဒေ နဲ့ မငြိအောင် နေခဲ့ သူတွေဖြစ်လျက်နဲ့  ဖအေကြီးအတွက် ဆေးကုသစားရိပ် ခုမိအောင်  ကြောက်ကြောက်နဲ့  မင်္ဂလာဈေးက တစ် ဆင့်  ယူပြီး နေ့ လုံးပေါက်ညလုံးပေါက် မောင်နှစ်မတွေ အလှည်ကျ ၀င် ထိုင်ပြီး ခိုးကူးခွေ တွေ ထောင်နဲ့ သောင်းနဲ့ ချီ ပြီး ထိုင်ကူးပေးခဲ ရ့ တဲ့ အထိ ရာဇ၀တ်မကင်းတဲ့  အလုပ် တွေ လုပ်ခဲ့ ရပါတယ်...အိမ်ရှေ့ က ရဲ ၀တ်စုံနဲ့  လူတစ်ယောက် သူ့ လမ်းသူဖြတ်လျှောက် သွားတာတောင်မှ ကိုယ့် မှာ လိပ်ပြာလွင့် မတတ် အကြောက် ပိုနေခဲ့ ရတဲ့ စိတ္တဇတောင် စွဲလုလုပေါ့ ...ဖအေကြီး အပေါ်ထားတဲ့  မေတ္တာ ကြောင့်  ဘေးမသီ ရန်မခ ခဲ့ ပါဘူး...။



တစ်ချို့ လတွေမှာ ဆေးကု စားရိပ် အလျင် မမှီလို့  မအေ စုပေးထားခဲ့  အတွင်းပစ္စည်းတွေ အမတွေ ညီမတွေရဲ့  ကိုယ်ပေါ်က ပစ္စည်းတွေ ကျနော့်ကိုဆင်ထားထားတဲ့ ပစ္စည်းတွေလည်း  ကြားဖြတ် ထုခွဲရောင်းချပစ်ပြီး ဆေးကု  စားရိပ် ဖန်တီးရပါသေးတယ်.  သူများအကူအညီကို တစ်သက် မယူဘူး သလောက် နေခဲ့ လို့  ဘယ်အမျိုးဆီမှ အပူမကပ်ဖြစ်ခဲ့ ဘဲ မောင်နှစ်မတွေ ကိုယ့် နည်းကိုယ့် ဟန်နဲ့  လှုပ်ရှားနေခဲ့ ကြတာပါပဲ။ 


ဒီလိုနဲ့ ကျောက်ကပ်ဆေးလာတာ အကြိမ် ရာကျော်ခဲ့ ပြီး ၄ နှစ်တာ ကာလကိုလည်း ကျော်လာခဲ့ ပါပြီ  ၊ ပါရဂူတွေကတောင် ဒီလို အသက်၇၀ကျော်ကြီးကို ဒီလောက်ကြာအောင် ကျောက်ကပ်ဆေးပေး နေနိုင်တာကို အံ့ သြကုန်ပါပြီ..သူတို့ ကသာ အံ့ သြနေ..ကျနော်တို့ မှာလည်း  ငါတို့  စုထားသမျှ ပစ္စည်းတွေ ကုန်သွားလို့  ဖအေကြီးက အသက်ဆက်ရှင်နေသေးရင်....ဆိုတဲ့ သောက စိတ်က အလွန်ကို တွေးပူနေရတဲ့    အနေအထားကိုရောက်လာနေခဲ့ ပါပြီ....ပိုက်ဆံ  မတတ်နိုင်တော့ လို့  ကျောက်ကပ်  ဆက်မဆေးပေးနိုင်တော့ လို့  ဖအေ သေသွားရတယ် ဆိုတာမျိုး ကို ဖြစ်လာ မှာ တွေးမိလိုက်ယုံနဲ့ တင်  အလွန်  စိုးရိမ်မိနေတဲ့ သောက ဟာ .....


ဒီအချိန်မှာ ဆေးကုသ စားရိတ် အဖြစ် ပိုက်ဆံရပေါက်လမ်း မျှော်လင့် ချက် တစ်ခု ဗြုံးစားကြီး ရောက်လာပါတော့ တယ်...ကျနော့် ညီမတစ်ယောက်ဟာ ပညာချွန်သူဖြစ်ပြီး ပြည်ပက ME ယူလာပြီး YIT မှာပဲ လက်ထောက်ကထိက ပြန်ဝင်လုပ်နေသူပါ...ဒေါက်ထရိတ်အတွက် စကော်လာရှစ်ကို ဂျပန် လှမ်းလျှောက်တော့  ရလာပါတယ်...ဂျပန်က ပေးမယ့် စကော်လားရှစ် ယန်းငွေ ပမာဏ တစ်လစာ ဟာ သူ့ တစ်ကိုယ်ရေ ကျောင်းစား ရိပ် အသုံး ပိုတဲ့ အပြင် ဖအေကြီး ကျောက်ကပ် လစဉ် ဆေးနိုင်တဲ့  ဆေးကုစားရိပ်ကို လည်း အလျင်မှီစေနိုင်တဲ့ အထိ ပေးမယ့်  ငွေပမာဏ  များပြားလှပါတယ်....


ဒါပေမယ့်  ကြားမှာခံသွားတဲ့ အခက်အခဲက ပတ်စပို့ ပါ...အရင်ဘွဲ့ လွန် အတွက်ထွက်သွားတဲ့ ပတ်စပို့ က အော်ဖစ်ရှယ် ပတ်စပို့ အစိမ်း ဖြစ်လို့  ပြန်လာတော့ အစိုးရဆီ ပြန် အပ်လိုက်ရပါတယ်..ဒီတစ်ခါ ဒေါက်ထရိပ်က အစိုးရ လက်အောက်က လျှောက်တာ မဟုတ်ဘဲ ပါစင်နယ် သဘောဖြစ်လို့ ပတ်စပို့ အနီ ပြန်လျှောက်ပြီး ထွက်ရမှာပါ..ကျောင်းက မသိအောင် ထွက်သွားပြီး ( ပြန်မလာတဲ့ သူတွေများလာလို့  နောက်လူတွေကို  ၀န်ကြီးဌာနက ပြည်ပကို ပညာတော်သင် ပေးမထွက်တော့ ဘူး )  ဟိုရောက်မှ နှုတ်ထွက်စာ  လျော်ကြေးပေးတင်မယ်ပေါ့ လေ..၊ဒ်ါပေမယ့်  ဂျပန်ကို အရောက်သွားရမှာက ကြားမှ တစ်လဘဲ အချိန်ရပါတယ်. ခေတ်က ပတ်စပို့  လျှောက်ရင် ကြားပွဲစား အမှန်နဲ့ တောင် အနဲဆုံ ၂လကြာမှာ ဖြစ်လို့  ပတ်စပို့ ကို တစ်လ  အတွင်းရဖို့  က  မဟာ အခက်အခဲ ကြီး ဖြစ်လာပါတော့ တယ်....


ဒီ လို သမီးလုပ်သူ ဂျပန်ကိစ္စကို လူမမာ ဖအေကြီးက သိသွားတော့  ဖအေကြီးက သူ  အရင်က သူ့ ကျေးဇူးရှိခဲ့ ဖူးသူ ၊ သူကိုလည်း ရိုသေ လေးစား ရက်စပက်ပေးလွန်းသူ ဆီကို အကူအညီ သွားတောင်းဖို့   ကျနော်တို့  အမ နဲ့ ညီမတွေကို လွှတ်ပါတယ်...အဲဒီလူ ကိုလည်း  ကျနော်တို့ တွေရင်းနှီး ပြီးဖက်လှဲတကင်းရှိခဲ့ ကြပါတယ်.. အဲဒီလူ လင်မယားတွေ တင် မက သူတို့ မိဘတွေပါ ကျနော်တို့ မိဘတွေရဲ့  ကျေးဇူးမကင်းခဲ့ ကြဖူးပေါ့ လေ..ဒီအချိန်မှာတော့  အဲဒီလူဟာ အစိုးရအဖွဲ့ ထဲ က ဥပဒေဘက်မှ  ရာထူးကြီးကြီး မားမား ကြီးတောင် ရနေခဲ့  တဲ့ အချိန်ဆိုတော့  ကျောက်ကပ်သမား ဖအေကြီးက  သူ့ သမီးကိစ္စအတွက်  မျှော်လင့် တကြီးထားမိမှာပေါ့ လေ..


အမတွေ ညီမတွေကလည်း ရိုးစင်းတဲ့ မိန်းမတွေ ပီပီ  မျှော်လင့် တကြီးဖြစ်နေပါတယ်...ကျနော်ကတော့  နဂိုကထဲက ဒီလူကြီးရဲ့ အတွင်းသရုပ်ကို အလိုလိုနေရင်း မကြိုက်တဲ့ စိတ်အခံက ရှိနေလို့  သူ့ ဆီအကူအညီ သွားတောင်းတာမျိုး သိပ်တော့ မကြိုက်လှပေမယ့်  ကိုယ်လည်း  မလူးသာမလှုပ်သာ ချောင်ပိတ်နေ သလို ဖြစ်နေတာရယ် နဲနဲပါးပါး မျှော်လင့် မိနေတာရယ်ကြောင့်  သူတို့ သွားမှာကို မတားမြစ်ခဲ့ ပါဘူး.....


အဲဒီနေ့ က အစ်မတွေ ညီမတွေ အိမ်ပြန်လာတော့  အကုန်လုံးဟာ မျက်ခွံတွေမို့  မျက်လုံးတွေရဲလို့ ပေါ့ ....ဘာများဖြစ်လာကုန်ပါလိမ့် ပေါ့ ....အဲဒီမှာ ညီမလုပ်သူ ဆရာမဟာ ဖအေ မသိအောင် အသာလေး နောက်ဖေးလမ်းကြားသွားပြီး ရှိုက်ကြီးတငင်ငိုနေပါတော့ တယ်....ဒီတော့ ကျနော်လည်း အလန့် တကြားတွေဖြစ်ကုန်တာပေါ့ လေ ကျန်တဲ့ အမ လုပ်သူနဲ့ ညီမက အိမ်ရှေ့ ခန်းမှာ မျက်ရည်  တောက်တောက်ကျလို့ ပေါ့ .....ဒီတော့  ကျနော် က  သူတို့  ငိုနေကြတာကို သာ ခဏ စိတ်ရှည်ရှည်နဲ့  စောင့် ပေးနေလိုက်ရင်းအတော်လေးကြာတော့  သူတို့ တွေ နဲနဲ သွေးအေးသွားတော့ မှ  ဘာတွေဖြစ်လာကြသလဲကိုမေးစမ်းကြည့် တဲ့ အခါ..............


ညီမလုပ်သူပြန်ပြောပြတာက...'' သူတို့ တွေ အဲဒီလူကြီးဆီ ရုံးပိတ်ရက် မို့  အိမ်ကိုရောက်သွားတဲ့ အခါ  လင်မယား နှစ်ယောက်စလုံးက လှုက်လှုက်လှဲလှဲပဲ ကြိုဆိုပါတယ်တဲ့ ..ဖအေကြီး သတို့ အပေါ်ကျေးဇူးကြီးတဲ့ အကြောင်းလဲ အဲဒီလူကြီးက ရွှန်းရွှန်းဝေအောင် ပြောပါတယ်တဲ့ ..နောက် ဖအေကြီး ကျောက်ကပ်ဆေး နေတဲ့  ရောဂါအကြောင်းလည်း သာကြောင်း မာကြောင်းတွေ မေးပါတယ်တဲ့ ....ပြီးတော့ မှ  ''ဘာ အကူအညီ  လိုချင်လို့ လည်း '' လို့  အဲဒီလူကြီးက မေးလာပါတယ်တဲ့ ....ဒီလို စ အမေးခံလိုက်ရတော့  အမလုပ်သူ  နဲ့ ညီမ တွေက ရုတ်တရက် စိတ်ထဲ တစ်မျိုးကြီးဖြစ်သွားကြပေမယ့်  ပတ်စပို့ အမြန်ရဖို့ က အရေးကြီးနေလို့  လာရင်းကိစ္စအကြောင်း က ပတ်စပို့ ကိစ္စ အတွက်  အဆက်အသွယ် လေးများ အကူအညီ  ပေးနိုင်မလားလို့ မေးလိုက်တဲ့ အခါ......


အဲဒီလူကြီက ရုတ်တရက် တ၀ါးဝါး တဟားဟား ရယ်မောလိုက်ပြီး ''' ဒါလောက်လေးများ ငွေလိုသလား ဘယ်လောက်လိုသလဲ  သမီးတို့ေ၇ာ့  လောလောဆယ် ဦးဆီက ငွေ ၂ သိန်းယူသွား..နောက် လိုလည်း  လာယူချီ .''  .လို့ ဆိုလိုက်ပြီး သူ့ အိမ်က စားပွဲက အံဆွဲထဲက ငွေထုတ်ကို  ဘုံး ဆို ဧည့် ခံစားပွဲပေါ် ပစ် ချပေးလိုက်ပါတော့ တယ်...(ဘီယာလည်း နဲနဲ ထွေ တွေတွေဖြစ်နေပုံပါတဲ့ ဗျာ) 


တစ်သက်လုံးမှာ သူများဆီက ငွေချေး မသုံးဖူးခဲ့ တဲ့  အမနဲ့ ညီမတွေဟာ ရုတ်တရက် အံ့ အားသင့် ပြီး ဆွံ့ အ သလို ဖြစ်သွားပြီး မျက်နှာတွေပျက်လို့  ကြက်သေသေ သေကုန်ကြပါရောတဲ့ ဗျာ...သူတို့  ရည်ရွယ်သွားတာက အဲဒီလူကြီးဟာ ရာထူးကြီးသူဖြစ်လို့   ပတ်စပို့  လုပ်ပေးတဲ့ အသိ တစ်ယောက်ယောက် နဲ့ ဆက်သွယ်ပေးဖို့ သာဖြစ်ပြီး ငွေကြေး လိုအပ်ချက်ကြောင့် သွားတာ မဟုတ်ခဲ့ လို့  အံ့ အားသင့် ပြီး အရှက်ကြီး ရှက်သွားကြတဲ့ စိတ်ခံစားချက် ကြောင့်  ရုတ်တရက် စကားပြန်မပြောနိုင်တော့ တာပါဘဲ ...ပြီးတော့  ဒီလိုမျိုး သူများဆီက အကူအညီတောင်းမလို့ တစ်သက်မှာ တစ်ခါဆိုသလိုကြံမိတာဟာ ကိုယ်ရေး ကိုယ်တာကြောင့် ထက် ဖအေကြီးအတွက် မျှော်လင့် ချက် တစ်ခုအနေ နဲ့ သာ သွားမိတာဖြစ်လို့ ပါဘဲ  ။  


.ဒီလို ရုတ်တရက် သူတို့ တွေ ကြက်သေသေ သွားတာကို အဲဒီလူကြီး ရဲ့  မယားက မိန်းမသားပီပီ ချက်ချင်းရိပ်မိသွားပြီး ကြားကနေ ၀င်ပြီးစကားဖာထေးပေးပါတယ်  သူတို့ ညီအမတွေလာတာ ဟာ ငွေလိုလို့ မဟုတ်ဖူး...ပတ်စပို့ လျှောက်ဖို့   ပြောပေးဖို့ ဖြစ်ကြောင်း ၀င်ပြောလိုက်လို့  အဲဒီလူကြီးဟာ သူ့ နှုတ်ကျွံသွားပြီး ဆိုတာကို ချက်ချင်းပြန်ရိပ်မိလိုက် လို့    သူရယ်နေတာကို ရပ်ပြီး သူ  အဲဒီဌာနက ဘယ်သူ့ ကို ဖုံးဆက်ကြည့် လိုက်မယ် ပြီးရင်ပြန်ဖုံးဆက်လိုက်မယ်ဘာညာနဲ့ စကားလျှောချသွားပါတယ်တဲ့


 ဒါနဲ့  အသက်မဲ့ သွားသလို ဖြစ်သွားတဲ့ ဧည့် ခန်းကနေ ညီအမ တစ်သိုက်ချက်ချင်း ထပြီး ပြန်လာခဲ့ ပါတော့ တယ်...ငွေထုပ် ကိုလည်း လှည့် တောင်မကြည့် ကြတော့ ပါဘူး..အဲဒီ လူကြီးရဲ့  မယားဟာ အိမ်ပေါက်ဝ အထိလိုက်ပို့ ရင်း သူ့ ယောက်ျားကြီး ထွေနေလို့ ပါ ဘာညာ နဲ့ လိုက်ပြီး  ဖာဖာ ထေးထေးပြောရှာပါသေးတယ်...ဒါပေမယ့်  ပွဲကပြီးသွားခဲ့ ပါပြီ....ညီအမတွေဟာ စိတ်ဒဏ်ရာ  ကိုယ်စီနဲ့ အပြန်လမ်း ကားပေါ်မှာတင် လမ်းတစ်လျှောက်လုံးမျက်ရည် တွေတွေကျကုန်တော့ တာပေါ့ ဗျာ.......


ညီမလုပ်သူဟာ နောက် ၂ရက်လောက်ကြာတော့  စိတ်တင်းပြီး စိတ်ဒုံးဒုံး ချပြီး အဲဒီလူကြီး မိန်းမဆီဖုံး ပြန်ကြိုဆက်လိုက်ပါတော့ တယ် ဂျပန်ကို မသွားတော့ ပါကြောင်း ပါတ်စပို့ လည်း မလုပ်တော့ ပါကြောင်း ကူညီတာကိုကျေးဇူးတင်ပါကြောင်း.....


ကံကောက်ထောက်မစွာပါဘဲ ဒီလို ကြုံတွေ့ ခဲ့ ရတာကို ဖအေကြီး သေတဲ့ အထိ မသိသွားရအောင် မောင်နှစ်မတွေ အကုန်လုံးက နှုတ်လုံစွာနဲ့ မြိုချထားနိုင်ခဲ့ သလို  ဖအေကြီးဟာ လည်း မောင်နှစ်မ တွေ ပိုက်ဆံတက်တက် မပြောင်ခင် ကွယ်လွန်ပေးသွားလို့  သောကတစ်ဖက် ကျိတ်ပြီး သက်ပြင်း ချလိုက် ရတာတစ်ဖက်နဲ့ ပေါ့ ဗျာ.....


နောက်ပိုင်းမှာ အဲဒီ လူကြီး လင်မယားဟာ မကြာခဏ ၀င်လာပြီး ၀င်ဝင်ဖေါရွှေ လုပ်ကြည့် သေးပေမယ့်   ပြတ်သွားတဲ့ ကြိုး ဟာ ပြန်ဆက်ပေမယ့်  မူလ တစ်ဆက်ထဲကြိုးလို မဟုတ်ကြတော့ တာ ၂ ဖက်စလုံး ခံစားလို့ ရနေလို့  အေးဆက်တဲ့ ဆက်ဆံရေးတွေ ဖြစ်ကုန်ပါတော့ တယ်...နောက်တော့  အဲဒီလူကြီး လိုက်မလာတတ်တော့ ပါဘူးဗျာ...


ဒါဟာ တစ်ဖက်သား က ဘာအတွက် လာသလဲကို စေ့စေ့ ငုငု မစုံစမ်း နားမထောင်ဘဲ လာသမျှလူ ငွေ လိုလို့ လာတာဘဲ လို့  အထင်ဖြစ်သွားတဲ့  ရာထူးကြောင့် ငွေ ကြေးလျှံလာသူတွေရဲ့  အတွင်းသဘောက ဓနဂုဏ်ခံလာတဲ့ စိတ်ကနေ ဖြစ်လာတဲ့  မျိုးပြတ်ဆွေပြတ်ဖြစ်သဘော စကားကျွံသွားမိရင်းက အရှက်ကြီး ရှက်တတ်သူတွေနဲ့ တွေ့ တဲ့ အခါ တစ်သက်တာ စိတ်ဒဏ်ရာတွေရကုန်ကြတဲ့  စိတ်မကောင်းစရာ တကယ့် အဖြစ်ပါဘဲ...


ဒီနေ့ အထိ အဲ့ ဒီ ကျနော့်  အမ နဲ့  ညီအမတွေ  အဲဒီလူကြီး အမည် အကြောင်းထည့် စ နောက် လိုက်ရင် ဆတ်ဆတ်ခါ နာကျည်းနေကျတုန်းပါဘဲဗျာ.....စိတ်နာကျည်းခြင်းဒဏ်ရာ  ဆိုတာ  မုန်းတီးခြင်းခံစားချက်ထက်ပိုပါတယ်....သူတို့ က ကိုယ်တိုင်ကြုံတွေ့  အရှက်ရသလိုခံစားခဲ့ ရတာကိုးဗျာ..........


ကျနော်ကတော့  ဒီအဖြစ်အပျက်ကနေ သင်္ခန်းစာရလိုက်တာက စကားတစ်ခွန်းဟာ  စိတ်နာတတ်သူတွေ အတွက် သေရာပါ နာကျည်းမှု့ စိတ်ဒဏ်ရာ ရသွားနိုင်လို့  ဘယ်လောက် စိတ်တိုတို စကားကျွံ နှုတ်ကျွံမဖြစ်အောင် ဂရုစိုက်နေလိုက်ရပါတော့ တယ်....တရားသဘောနဲ့ ဖြေ ဆိုတာ အပြော လွယ်သလောက် ကိုယ်တိုင် ခံစားရသူတွေ အတွက် အလွန် ခက်ခဲနေတတ်ပါတယ်....တကယ့် ကို ထိခိုက်နာကျဉ်ခဲ့ တဲ့   စိတ်ဒဏ်ရာမျိုး တွေဟာလည်း အချိန် က လွယ်လွယ်နဲ့   မတိုက်စား နိုင်တတ်ပါဘူး.....


နောက်ပြီးတော့  စိတ္တဇ ဖြစ်သွားကြတာက သူများ ဆီက အကူအညီ တစ်ခုခုယူရမှာ  တောင်းရမှာ ကို သိပ်ကြောက်သွားကြတဲ့ အဖြစ်ပါဘဲဗျာ....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..