Powered By Blogger

Sunday, May 3, 2015

''..အိမ်ရှင်း ယတြာ''(၁)+(၂)



''..အိမ်ရှင်း ယတြာ''(၁)+(၂)

 ''..အိမ်ရှင်း ယတြာ''(၁)

ပထမဆုံး  အခါ ရွေးပါတယ်......ပြက္ခဒိန်က ရက်ရာဇာ၊ ပြဿဒါး၊အမြိတ္တစုတ်ရက်၊သမားညိုဖြူ ဘယ်လိုတွေပါပါ........ကျနော်တို့ အဓိကရွေးမှာက.....အိမ်ရှင်၊ အခန်းရှင်၊ ရဲ့  နေ့ သား....။   ပြီးရင်  အဲဒိ့ နေ့ သား ရဲ့   နေ့   မနက် ၉နာ၇ီကနေ   ၁၀နာရီခွဲ ကြားကို ရွေးပါမယ်....(ဒါကို  နေ့ သား န၀င်းရောက်ချိန်လို့ ခေါ်ပါတယ်)...ဥပမာ....တနင်္ဂနွေ အိမ်ထောင်ဦးစီးဆိုရင်   တနင်္ဂနွေနေ့   မနက်၉နာရီကနေ ၁၀နာရီခွဲကြား ..ဖြစ်ရပါ မယ်...တနင်္လာ.အင်္ဂါ...အကုန်ဒီအချိန်ပါ..................။
(န၀င်းချိန်ဆိုတာ မင်္ဂလာ ရှိတဲ့  အလုပ်တွေ လုပ်ရင် အကောင်းဆုံးအောင်မြင်တဲ့  အချိန်ကို ဆိုလိုပါတယ်.....ဒါပေမယ့်  မတရားမှု့ တွေသွားလုပ်ရင် အကြီးအကျယ်ဆိုးကျိုးပြန်ပေးပါတယ်)..။


၁။။(အိမ်ရှင်းဖို့  အိမ်ထောင်ဦးစီး ခေါင်သူကြီး ရွေး နံကောက်နည်း.....။)

ခေါင်သူကြီးရွေးရာမှာ စီးပွားအဓိက ရှာပေးသူကို ရွေးတာမဟုတ်ဘဲ....ဒီမိသားစုမှာ လူ့ အဖွဲ့ အစည်း  စည်းမျဉ်းအရ  စီနေရာ ပါဝါ အကြီးဆုံး လူ နေ့ သားနဲ့ ရွေးပါတယ်....ဥပမာ  မိဘ ၂ ပါးမှာ..အဖေ့ နံဦးစားပေး..၊  မိဘအို လို့ ဒီအိမ်မှာ သားသမီးစီးပွားဦးဆောင် လုပ်နေထိုင်ရင်လည်း မိဘနဲ့ ဘဲ အဖေရှိအဖေ အဖေမရှိရင်မအေ..ပါ၊မိဘ ၂ ပါးလုံးမရှိလို့  သားသမီးတွေ စုပေါင်းနေရင် သက်ဦး သားသမီးနံနဲ့ ပါ(သူ့ ဟာသူအရက်မူးမူးနေနေပါ)လင်မယား အခန်းသစ်ပြောင်းရင် လင် နေ့ နံနဲ့ ပါ..(လေဘဲဖြတ်နေနေ သူက ဦးစီးပါဘဲ)..၊လင်မရှိရင် မယားနံပါ.၊နောက်အိမ်ထောင်ပြုရင်နောက်ယောက်ျား က ဦး စီးဖြစ်သွားလို့ သူ့ နံကောက်ရပါမယ်....တစ်ဦးတည်းဆိုရင်ကိုယ့် နံပေါ့ လေ....။....(ရ လောက်ပါပြီနော်).................။

 ၂။။။အသုံးပြုရန်  အရွက်အညွန့်   ပစ္စည်းများ ရွေး ချယ်ပုံ..................၇ နေ့  သား သမီး  အရွက် ၇ မျိုးပါ...................
တနင်္ဂနွေ..(မရမ်း၉ရွက်၊ ဒါမှမဟုတ် သစ္စာအရွက် ၉ ရွက်ပါ)။
  တနင်္လာ.......(သပြေ ၁၁ ညွန့် (သို့ )  သြဇာ ၄ ညွန့် )။
အင်္ဂါ...............(ခရေ ၆ညွန့်    (သို့ )  အုန်းပန်း ၁ခက်)။
ဗုဒ္ဓဟူး............(စပ္ပါယ် ၈ ညွန့်  (သို့ ) ကသစ် ၈ ညွန့်  )။
 ကြာသာပတေး...( စွယ်တော် ၁၀ရွက်  (သို့ ) ကျီးအာ ၃ ညွန့် )။
 သောကြာ............(ပိတောက် ၁၂ ညွန့်  (သို့ ) ဇော်ကြား ၅ ညွန့် )။
 စနေ...................(မာလကာ  ၇ ညွန့်   (သို့ ) သင်အူ ၆ ညွန် )


.၃။။။.စတင်ခြင်း............။အိမ်ထောင်ဦးစီး ဖြစ်တဲ့ နေ့ သားဟာ  အပေါ်က ဆိုင်ရာ အရွက် ၁ မျိုး စီနဲ့  စပ်ထားတဲ့ ရွှေရည်ငွေရည်အမွှေးနံ့ သာရည်တွေနဲ့ စိမ်ပြီးအိမ် တစ်ခုလုံးကို  အဲဒိနေ့ သားရဲ့  န၀င်းချိန်မှာ ပက်ဖြန်း ပေးရပါတယ်.  (အရမ်းရွှဲ နေစရာမလိုပါ..)ဥပမာ...တနင်္ဂနွေသား အိမ်ထောင်ဦးစီး အိမ်အတွက်...သစ္စာပန်းအရွက် ၉ ရွက် နဲ့   ဖြန်းပေးရမဲ့ သဘောပါ..။ဖြန်းတဲ့   အခါမှာ အရွက် နဲ့ ပက်ပုံမှာ တံမျက်စီး ခပ်သလို မပက်ရဘဲ  လက်ပြန်ရိုက်သလို လက်ခုံ ပင့်  ပင့် ပြီး ဖြန်းပါ။

 ၄။။။ ရွှေရည်ငွေရည် စပ်ပုံ..................

.ပထမ  ဖလားတစ်ခုထဲ  ရေ  အနေတော် ဖလား၏၃ပုံ၂ပုံထဲ့ ပါ....ပြီးရင်  ဘုရား က ရွှေဆိုင်း ၉ ချပ် ဖျော်ထဲ့ ပါ....ပြီးရင် ငွေအကြွေစေ့  တစ်မျိုးမျိုး၉စေ့ ...(ရွှေလက်စွပ်ဆွဲ ကြိုးနဲ့  ကျပ်စေ့ မတ်စေ့  စသဖြင့် ၁ စေ့ လဲအစားထိုး သုံးလို့ ရပါတယ်).......ထဲ့ ပြီးလျင်......ရေမွှေးရေ ညှစ်ထဲ့ လိုက်ပါ...ပြီးလျင်  ကိုယ် နဲ့ ဆိုင်ရာ အရွက် ထဲ့ လိုက်ပါ..............၊  ပြီးလျင်...ပစ္စည်းစုံပြီ ဖြစ်၏......စုံပြီဆိုလျင်  ၎င်း..ဖလားကိုကိုင် သရဏဂုံ၃ ပါးကို ဥုံခံ၍...၃  ခေါက်မန်းလိုက်ပါ........ပြီးလျင်......အိမ်ရှင်း လို့ ရပါပြီ...။

 ၅။။။အိမ်ရှင်းရာတွင်....စောစောက ရွှေရည်ငွေရည် အရွက်များနဲ့ ...ပထမ  အိမ်ဘုရားစင်တစ်ဝိုက် ပက်ဖြန်း ရပါမည်....ပြီးလျင်...အိမ် နောက်ဖေးမှ.အိမ်ရှေ့  အ၀  အထိ ဖြန်း ရပါမည်...(အပေါ်ထပ် ရှိရင် အပေါ်ကစပါတယ်)..(ပြီးမှအောက်ထပ်ဆင်းပါတယ်)။

 ဖြန်းရာမှာ...ကိုယ်ရရာ ဘုရားစာ တစ်ခုခု  စိတ်က ရွတ်၍ ဖြန်းနိုင်သည်.....ဖြန်းသူသည် ကာယကံရှင် မှ သာ ဖြန်လို့ ရတာမဟုတ်သွေးသား အရင်းအခြာ မိသားစုဝင်ဘယ်သူမဆိုက ဖြန်းပေး၍ ရပါသည်။(တစိမ်း အိမ်အကူကိုမခိုင်းရ)။

 အိမ်ဝ မှာနောက်ဆုံး အဆုံးသတ်ပြီး ပိုတဲ့ အရည်ကိုသွန် အရွက်တွေကို  အိမ်ဝမှာ ပရိပ်ရွတ်ပြီးချည်သလို ခေါင်းရင်းမှာ ချည်ထားလိုက်ယုံပါ..။

ဖလားမှ အကြွေစေ့ များနောက်အပါတ်ဆက်သုံးရန်သိမ်းပါ  (ဒီအတိုင်းဖြန်းခြင်းကို ၃ ပါတ် လုပ်လျင်  အိမ်ကံကြမ္မာ သန့် စင်သွားပါပြီ)

 အထက်ပါနည်းဟာ  မူလ  ရည်ရွယ်ချက်သာ မက...ဘယ်အိမ်ဖြစ်ဖြစ် ၁လ တစ်ခါ...၃လ တစ်ခါ  လုပ်ပေးနိုင်ရင် အိမ်အမြဲ သန့် နေ တဲ့ သဘောပါ ရှိပြီး  သိပ်ကံဆိုးစရာတွေ မဖြစ်တော့ တဲ့ အပြင်   ဘာတိုက်ညာတိုက်တွေပါ ကာကွယ်ပြီး...ဖယ်ရှားပြီးဖြစ်  သွားပါတယ်..။

ပြီးတော့  ၀င်ဒါမီယာ အိမ်ကအစ လှိုင်သယာ အိမ်အဆုံး လုပ်လို့ ရတဲ့ နည်းပါ........

ဘာပွဲ ဘာ အိုက်ချလောင်းမှ မလိုပါဘူး.....အချိန်အခါ....အရွက်မှန်ရင် အောင်မြင်ပါပြီနော်.....။

အိမ်ရှင်းယတြာ'' (၂)
==================

ဒီယတြာက တော့  ၊..နေရပ်၊နေရာ၊ အချိန် အခါ အဆောက်အဦး ဒီဇိုင်း ဘာမှ ရွေးစရာမလို ..၊ ရုပ်ပွားတော် တစ်ဆူ  (သို့  ) ပလပ်စတစ်လောင်းထားတဲ့  ဘုရားဓါတ်ပုံ တစ်ခုရှိယုံနဲ့ တင်း အလွယ်ဆောင်ရွက်နိုင်ပါတယ်...၊

ပထမ  ရုပ်ပွားတော် (သို့ ) ဓါတ်ပုံကို ဖလားထဲ ထောင်ထည့် သီတင်းသုံးစေပါတယ် ၊ ပြီးတော့ မှ ဂုဏ်တော် ဖြစ်စေ  မိမိ တစ်သက်စွဲမြဲနေတဲ့ ဘုရားစာ တစ်ခုခု ဖြစ်စေ စိတ်က ရွတ်ဆိုပြီး  ဖြည်းဖြည်း ချင်း ရေ သပ္ပါယ် ပါ   ခွက်သေးသေးနဲ့  ၉ ခွက်ပေါ့ .....ချိုးရေတော်တွေဟာဖလားထဲကျသွားပါမယ်........ပြီးရင် ဘုရားကို သူ့ မူလ နေရာ မှာ  ပြန်ပူဇော်လိုက်ပါ  ၊

ဒီအခါမှာ ဖလားထဲမှာ ကျန်ခဲ့  တဲ့ ချိုးရေတော် များထဲ  ရေမွှေးရေ ညှစ်ထဲ့ ပြီး  မိမိ လက်နဲ့  အခန်းအနှံ့  စိတ်ထဲက ဘုရားစာရွတ် လိုက်တောက်ပေးရင် ရပါပြီ...........ဒီနည်းဟာ...အိမ်ရှင်းတင်မက   တရားထိုင် ရာအဓိဌာန်ဝင်ရာ  အဆောင်ခန်း မှာ  မိမိကုတင်မှာ စသဖြင့်  ၁ပါတ်၁ခါလောက် လုပ်လုပ်ပေးတဲ့ အခါ  စီးပွားသာမက  အတိုက် ရန် မနာလို ကျမ္မာရေးအတွက်ပါ  အကျိုးရှိထိရောက်လို့ ငွေမကုန်ဘဲ အဆင်ပြေပါတယ် ..နောက်ဆုံးသင်္ဘော သားတွေပါ ကိုယ့်  အိပ်ယာစင်မှာ လုပ်လို့  အလွယ်ဆုံးပါဘဲနော်။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..