--------
ဗေဒင်နဲ့ စပတ်သက်ကတည်းက လူတွေရဲ့  ကံ လှည့် စားပုံသဘောတွေကို တစ်ထောင့် တစ်ညပုံပြင်တွေလို ကြားနာခဲ့ နေရတာ ခုထိပဲဆိုပါတော့  ၊ အဲ့ အထဲမှာ ဗေဒင်ဆရာက ခိုင်းလိုက်လို့  ယတြာခြေဖို့ အသွား လမ်းတင် ဒုက္ခတွေရောက်ခဲ့ ရပုံတွေကိုလည်း ကျော်မကောင်းကြားမကောင်းတွေ ကြားခဲ့ ရတာမျိုးတွေပါတယ်
ကဲ့ ရဲ့ စရာဖြစ်တာပေါ့ ..ဒီတော့  တော်ယုံနဲ့  တောင်သွားမြောက်လွှတ်တွေ လွယ်လွယ်နဲ့ မပြောတော့ ပဲ အိမ်တွင်းပြီးနိုင်သမျှပြီးတဲ့ ယတြာမျိးတွေကို အရင်စဉ်းစား
တဲ့ သဘောဖြစ်လာတယ်..ပြီးတော့  ကိုယ်တိုင်ကိုက ဘုရားတက်ယတြာခြေဖို့  ပျင်းရိတတ်သူဖြစ်နေတော့  သူများကိုလည်း ကိုယ်ချင်းတွေစာပြီး ပေါ့ ပါးလွယ်ကူထိရောက်နိုင်တဲ့ အိမ်တွင်းပြီး ယတြာမျိုးတွေကို ပိုစဉ်းစားဖြစ်သွားတယ်...။။
နောက်တစ်ခါ ဓမ္မသဘောအရ သံသရာကိုလည်တာ ကိုယ့် စေတနာကောင်း/ဆိုး က ပြဌာန်းလိုက်တဲ့  ကုသိုလ် အကုသိုလ် နဲ့ လည်တယ်လို့ နားလည်လိုက်တယ် သဘောက ကံအလုပ်တွေရဲ့  ပြန်လာမယ့်  ရလာဒ်က စလုပ်ကတည်းက စေတနာကောင်းတွေ ဘယ်လောက် ထည့် ပြီးလုပ်ပေးလိုက်သလဲက အချုပ်ပဲလို့  ယူထားတယ်။အဲ့ ဒီကနေ ကိုယ်နဲ့ ဆုံတဲ့  လူတွေ အပေါ် အလုပ်မှာ စိတ်ညွှတ်ပုံပြောင်းပစ်တယ်...ကိုယ်မှန်ဖို့  ကိုယ်အောင်မြင်ဖို့  ကိုယ်နာမည်ကြီးဖို့ ထက် သူတို့ တွေ စိတ်ချမ်းသာနိုင်သမျှသာသွားဖို့  အဆင်ပြေနိုင်သမျှ ပြေသွားဖို့ ကို အာရုံ ညွှတ်ထားလိုက်တယ် ကိုယ့် ကဏ္ဍ ဖျောက်လိုက်တယ်ပေါ့  အဲ့ ကနေ အသက်သာဆုံးနဲ့  ထိရောက်နိုင်သမျှ ထိရောက်နိုင်မယ့်  ယတြာသဘောတွေကို အခြေခံစဉ်းစားတယ်...အဲ့ လို ကိုယ့် ကဏ္ဍကိုဖယ် စဉ်းစားလိုက်တာဟာ စိတ်ကို သန့် သွားစေတယ် တွေးရခေါ်ရတာ ကောင်းလာတယ် စိတ်လည်းပေါ့ ပါးတယ်...
ဒီ ၂ ချက်ပေါင်းပြီးကြံစီနေတဲ့ အခါ အိမ်မှာတင် ရေသပ္ပါယ်ဖို့ နည်းလမ်းတွေ စစဉ်းစားမိလာတယ်...ကုသိုလ်ကောင်းမှု့ တစ်ခုကို အိမ်မှာတင် အများကြီးလုပ်လို့ ရတယ်ဆိုတာ အရင်ကတည်းက သိပြီးသားပေါ့ ..ဒီတော့  တစ်နှစ်တစ်ခါ သင်္ကြန်နှစ်ကူးမှ အိမ်ကဘုရားတွေ ရေသပ္ပါယ်တာမျိုးတင် မကတော့ ဘူး စိတ်ကူးပေါက်ရင် အချိန်အခါ လတွေမရွေး ထ ထ ရေသပ္ပါယ်တာမျိုးတွေ လုပ်ဖြစ်သွားသလို ကြက်မွှေးတစ်ချောင်း နဲ့  စုတ်တံက အမြဲဆောင်ထားပြီး မကြာခဏ ဘုရားစင်တွေ ပလ္လင်တွေ ဖုံလှဲတာ စုတ်တံနဲ ကနုတ်ချောင်တွေ ရှင်းပေးတာတွေ လုပ်ဖြစ်သွားတယ်.ကြေးဘုရားပူဇော်တယ် ရည်ရွယ်ချက် ကြေးဆိုတာ အရောင်မှန်တာ ကြေးမှိုတက်တာ ဖြစ်တတ်တယ် ဒီအခါ ဘရာဇိုတဲ့  စွပ်ကျယ်အဖြူနဲ့  တိုက်ပြီးရောင်တော်ဖွင့်  ကုသိုလ်စိတ်ယူလို့ ရတယ် ဒီလိုအကြံနဲ့  ကြေးဘုရား ပူဇောဖြစ်သွားတယ်..။.
ကံကောင်းထောက်မလို့  ဘုရားစင် အလျားတွေ ဗျက်တွေ က ကျယ်နေတော့  ရေဖလား၂ ခုကို ဘေးချင်းယှဉ် ထား ပြီးဖလားတစ်လုံးမှာ ကလပ်နဲ့ မြဘုရားပူဇော် နောက်ဖလားမှာ ရေထည့်  မနက်အိပ်ယာထရင် တစ်ခွက်လောက် ဘုရားစာ စိတ်ကရွတ်ရင်း မြဘုရားရုပ်ပွားတော်လေးကို ပန်းကပ် ရေပူဇော်ဖြစ်သွားတယ်...ကုသိုလ်ရစေပေါ့ .ရေပြည့် လာတော့  အိမ်ရှေ့ ကပန်းရုံလေးတွေ ရေသွားလောင်းလိုက်တာပေါ့  .ဒါတွေဟာ အိမ်တွင်းပြီး နေ့ တဓူဝကုသိုလ်တွေလုပ်ဖြစ်နေတဲ့ သဘောပေါ့ ..
ဒီလို နေ့ တဓူဝ ကုသိုလ်တွေက သာမန်အချိန်မှာ ဘာရယ်မဟုတ်ပေမယ့်  အကျပ်အတည်းဖြစ်လာချိန်မှ ထပြီး အစွမ်းပြလာတတ်တယ်..ပုံမှန်လုပ်နေကျ ကုသိုလ်ကောင်းမှု့  သဘောတွေကိုက လောကီပညာတွေက လမ်းညွှန်တဲ့ ယတြာသဘောတွေအများကြီးပါနေပြီးသားဆိုတာလည်း တွေ့ နိုင်တယ်..ဥပမာ အိမ်မွေး တိရိစ္ဆာန်လေးတွေကို နေ့ စဉ် အစာနယ် ကျွေးဖြစ်နေတာကိုက လောကီပညာက လမ်းညွှန်ချက်ယတြာတွေနဲ့ အတူတူသဘောပဲဆိုတာ တွေးလို့ ရတယ်...တစ်ခါတစ်လေ အချီကြီး ကုသိုလ်လည်း ကောင်းသလို နေ့ တဓူဝ ကုသိုလ်တစ်ခုခု လုပ်ဖြစ်နေလည်း ကောင်းတာပါပဲဆိုတဲ့ သဘောရှိတယ်ပေါ့ 
ချုပ်လိုက်ရင် သိပ်ဇာတ်ထှုတ်မရှုတ်ပဲ ပေါ့ ပေါ့ ပါးပါး ပြီးနိုင်တဲ့  ဘာကောင်းမှု့ လုပ်လို့ ရမလဲကို ထိုင်ကြံနေတယ်ပေါ့ လေ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..