Powered By Blogger

Sunday, May 3, 2015

''သုံးတန်ပေါ်နိစ္စပညာမှ နိစ္စ+ပြ ဆိုးကျိုး အတွဲ စတိ...''




''သုံးတန်ပေါ်နိစ္စပညာမှ နိစ္စ+ပြ ဆိုးကျိုး အတွဲ စတိ...''
------------------------------------------------------------
သုံးတန်ပေါ်နိစ္စပညာ တီးခေါက်မိထားသူတွေ အတွက် ရည်ရွယ်ပြီး သဘောတရား လေး ရေးလိုက်ပါသဗျာ...တွက်ထုတ်ပုံတော့  ရေးမပြတော့ ပါဘူး အဆင်သင့် တိုင်ထောင်ထားပြီးသား ကို သာ စတိ ရေးတာပါ...ကျနော်တို့  လိုင်း နဲ့ မတူပေမယ် လက်မလွှတ်ပါဘူး ဒီပညာကြီးကလည်း ကျယ်ပြန့် ပါတယ်..လိုအပ်တာလေး ဖဲ့ ဖဲ့  ယူသုံးတာပါ..အဟောမထုတ်ပါဘူး သတိထားစရာ တစ်ချက်အနေနဲ့ သာ ယူယူ သုံးတာမျိုးပါ.....အနဲဆုံးတော့  အပျင်းပြေပေါ့ လေ...ဟဲဟဲ...

ပထမ သတိထားရမှာက ဒီ နိစ္စပြကြိုးသဘောဟာ ဘာနေ့ သားသမီးကို အဓိက မဆိုလိုဘူးဆိုတာပါဘဲ...

အခု ပုံဆွဲပြထားတဲ့  တိုင်က စနေသက်ရောက် ဖြတ်တဲ့  သူတွေ အတွက် သုံးတန် ပေါ်နိစ္စပညာက လာတဲ့ တိုင်ထူထားတာပါ...အင်္ဂါဝိဇ္ဇာ တိုင်မဟုတ်ပါဘူး....စာမှာ နေရာ တွေကို အပေါ်ဆုံးကနေ အောက်ဆုံးကို ဒေါင်လိုက် ..ကျနော်တို့ အလွယ်မှတ်ပုံက အပေါ်ဆုံးကနေ အောက်ဆုံးကို ၀င်၊ ထွက်၊ ၀င်၊ ( မူလ) ၊၊ထွက်၊ နာ သေ ပျက် လို့ ပါ.....ဒါတွေမှတ်ရတာ ရှုတ်တော့  အဓိက အရေးပါတဲ့  နေရာလေးတွေ ကွက်ကျားမှတ် ယူထုတ်သုံး သာလုပ်ပါတော့ တယ်...ဒီအထဲက အရေးပါတဲ့  နိစ္စ ပြ ကြိုးတွဲ သဘောလေးအကြောင်းတီးခေါက်ပြပါမယ်....

ပုံမှာ ပြထားတဲ့ အတိုင်ဆို အပေါ်က စနေနံ (ပြ) နဲ့  အောက် နားက အင်္ဂါနံ (နိစ္စကြီး (၀ါ) နိစ္စ ကို မျဉ်းကြောင်းဆွဲလိုက်တော့  နိစ္စပြ ကြိုးတွဲဆိုပြီးရလာပါတယ်...ဒီကြိုးတွဲ
ပညတ်တွေဟာ စနေသက်ရောက် သမား နေ့ သားမှန်သမျှ တွေအတွက် အဖျက်သဘော အနှောက်အယှက်သဘော စိတ်ရှုတ်စေတဲ့ သဘောကို ဖြစ်တတ်စေတယ်လို့ ဆိုပါတယ်.......



ဥပမာ...ဘယ်နေ့ သားဖြစ်စေ စနေသက်ရောက်ဖြတ်ရင် အရင်ကတည်းက မိတ်ဆွေပဲ ဖြစ်ဖြစ် အခုမှ သိတဲ့ မိတ်ဆွေပဲ ဖြစ်ပစေ စနေနဲ့  အင်္ဂါ တွဲမှည့် ထားတဲ့ သူတွေနဲ့  စနေ သက်ရောက်တနှစ်တာမှာ ပေါင်းသင်း ဆက်ဆံရေး မဖြစ်မနေလုပ်ရရင် အရင်နှစ်တွေထက် ပိုသတိထားဆက်ဆံရပါတယ်...အနဲဆုံး စိတ်အနှောက်အယှက်တွေ ဖြစ်လာစေတတ်ပါတယ်လို့ ဆိုပါတယ်.....

ဥပမာ ကိုယ်ဟာ ဘာနေ့ သားဖြစ်ပါစေ...ထွန်းစိန်..ဇော်ထွန်း..နွယ်နီစိုး စန်းစန်းတင့်  ဆိုသူတွေနဲ့  လူမှု့ ဆက်ဆံရေးတွေလုပ်ရတဲ့ အခါ လူကျွံ နှုတ်ကျွံတွေ မဖြစ်အောင်သတိထားလိုက်ရတဲ့ သဘောပါ...အဆင်မသင့် ရင်သူတို့ ကိုအကြောင်းပြုပြီး စိတ်ရှုတ်စရာ ဘေးကျပ် နံကျပ်တွေကြုံတတ်ပါတယ်...

ဒိထက် အာရုံနောက် ဘေးကျပ်နံကျပ်တွေကြုံတတ်သူကတော့  ဘာနေ့ သား ဖြစ်ပါစေ စနေသက်ရောက် ဖြတ်နေသူရဲ့ အမည် ကိုယ်တိုင်က ဇော်ထွန်းဖြစ်နေရင်၊ ထွန်းစိန်ဖြစ်နေရင် ဒီစနေသက်ရောက်ဟာ တစ်ခြား သူတွေထက် ကျမ္မာရေးကို ပိုညံ့ စေမယ်လို့ ကြိုသိထားနိုင်ပါပြီ....

လူတင်မက မြို့ ရွာ အရပ်တွေပါ စနေ+ အင်္ဂါ အရပ်ဆိုရင် ကံမကောင်းမှု့ တွေ ပိုတိုက်ဆိုင်စေပါတယ်..ဥပမာ စနေသက်ရောက်ထဲရောက်မှ နှစ်ချုပ်အခန်း ငှားပြောင်းနေရတဲ့ လမ်း အမည်က စွယ်တော် လမ်း ဆိုရင်ပြောင်းနေတာနဲ့ အနဲဆုံး ကျမ္မာရေး ခြူခြာလာဖို့ သေခြာပါပြီဆိုတဲ့ သဘောပါ.....

တစ်ချို့ က တော့  ဘယ်လောက်အထိ နိစ္စပြကြိုးတွဲကို ရှောင်စေကြသလဲဆိုရင် စနေသက်ရောက်ဆိုရင် နှင်းဆီပန်း ကို ဘုရား မလှုပါနဲ့ လို့ ပါ မှာတတ်ပါတယ်...(ဒီနေရာမှာ တော့ ကျနော် ကတော့  ဒီသဘောကို မယူပါဘူး..မယူတဲ့  အခြေခံ က သဒ္ဒါသဘောစိတ်နဲ့ ယတြာသဘော စိတ်ကို ခွဲပစ်လိုက်လို့ ပါပဲ))

နောက်တစ်ချက် နိစ္စပြကြိုးတွဲကို ယတြာ အဖြစ်သုံးတဲ့ အခါမှာ အဖျက် နည်းသဘောတွေသုံးလေ့ ရှိပါတယ်..ဥပမာ နှင်းဆီပန်းကို ဖျက်ဆီးပစ်တာ...ထန်းလျက်၁၀လုံးကို နို့ ဆီဆန်း မြေဖုတ်ဘီလူးကို ဖက်ခင်းကျွေးတာမျိုးတွေသဘောပါပဲ.....

အလွန်ထူးဆန်းတဲ့ အဖြစ်အပျက် တစ်ခု ကြုံဖူးပါတယ်...စနေသက်ရောက်မှာ မင်္ဂလာ ဆောင်မယ့်  အမျိုးသမီးတစ်ဦးဟာ ( ၄ကြွင်း အင်္ဂါသမီး ၃၅ နှစ်) ၊ အလှပြင်ဆိုင်မှာ ဆံထုံး ထုံးရင် ကလစ် ချော်ထိုးမိတာ ခေါင်းပေါက်သွား တာမျိုးဖြစ်ဖူးပါတယ်..(ဆံထုံး) ဆိုတာ စနေသက်ရောက်ရဲ့ နိစ္စပြကြိုးတွဲပေါ့ ....အလွန်မှ ဖြစ်တောင့် ဖြစ်ခဲမို့  ကံ ပါလို့ သာလို့ သဘောထားလိုက်ရပါတယ်.....ကျနော်တို့  မဟာဘုတ်လိုင်းကတော့  ၄ကြွင်းအင်္ဂါသမီး အသက် ၃၅ နှစ် စနေသုံးထပ် ဆိုတာနဲ့ တင် ဘာမဆိုဖြစ်နိုင်တယ်
ဒီလောက်ကလေး တော်သေးလို့ တောင်သဘောထားတာမျိုးပါ....

အခုစတိရေးပြတာ စနေသက်ရောက်မှာ တိုက်တိုက်ဆိုင်ဆိုင်လာပြီး ကြုံတတ်တဲ့ နိစ္စပြကြိုးတွဲ ရဲ့  အာရုံလာနောက်စေတဲ့  သဘောတရားတွေပါပဲဗျာ....

နောက်တစ်ချက် အတွေ့ အကြုံ အရပြောရင် စနေသက်ရောက်ဖြတ်သူတိုင်း ဒီလို စနေ+ အင်္ဂါ အတွဲပညတ်တွေ ကြုံတာမျိုးမဟုတ်ပဲ တစ်ချို့ သာတိုက်ဆိုင်တာမျိုးဖြစ်ပြီး
တိုက်ဆိုင်လာမှ မီးစင်ကြည့် ကရတဲ့ သဘောများတာပါပဲ ပြီးတော့  မတိုက်ဆိုင်ခင် ကြိုတင် ကာကွယ်ရတာလည်းခက်လေ့ ရှိပါတယ်....

ကျနော်တို့  ကြိုမှာနိုင်တာ စနေသက်ရောက်ဖြတ်လို့  မိတ်ဆွေတွေထဲမှာ (သို့ ) အသစ်လာသူတွေထဲမှာ ထွန်းစိန်တို့ ဇော်ထွန်းတို့  နှင်းနှင်းစိုးတို့ ရှိရင် စကားမကျွံစေနဲ့ တို့ ဘာတို့ ပေါ့ ...နို့ စိမ်းခေါက်ဆွဲစားရင် သတိထား ချီးပန်းတတ်တယ်ပေါ့ ..နို့ ဆီဗူးဖေါက်ရင်သတိထား လက်ရှယုံနဲ့ မပြီးပဲ ညှော်မိပြီးကြီးကျယ်သွားတတ်ပေါ့ ...ဒီလိုတွေ ဖြစ်လေ့ရှိတာ ဖြစ်ဖို့ လွယ်တာ ဖြစ် နိုင်တာတွေကို စဉ်းစား ပြောမှာရပါတယ်..

နောက်တစ်ချက် က အခု ထပ်ရေးတဲ့  နိစ္စပြကြိုးတွဲ အဖျက်ဓါတ်သဘောကတော့  ဗေဒင်လုပ်စားသူတွေ အတွက်ကတော့  ဥာဏ်ကစားလို့ အတော်ကောင်းပြီး ပရိပ်သတ်နဲ့  ဗေဒင်ပဌာန်းဆက် နဲသူတွေအတွက်တော့  အာရုံထပ်စားစေတဲ့ သဘောရှိမှာပါဗျားးး..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..