Powered By Blogger

Sunday, May 3, 2015

ပုဏ္ဏမီသူ



ပုဏ္ဏမီသူ
--------
သူလေးက တောင်ဥက္ကလာပ ပုဏ္ဏမီအရပ်က သူလေးပါ..အရပ်အမည်လေးက လှသလို ပုဏ္ဏမီသူလေးတွေကလည်း ရန်ကင်းသူလေးတွေလို ချောမော လှပသူလေးတွေ ထွက်လာတာ များတယ်လို့  နာမည်ကြီးပါတယ်...သူနဲ့ ကျနော်ဆုံဆည်းခဲ့ တာက `RC 2 လို့ အခေါ်များကြတဲ့ လှိုင်နယ်မြေ တက္ကသိုလ်မှာပါပဲ..သူလေးတို့ က သူတို့ မြို့ နယ်နေ သဘောကြောင့်  ရောက်လာတာဖြစ်ပြီး ကျနော်ကတော့  `RC 2 ကိုသာ သွားတက်ချင်နေတုန်း နဲ့  ကိုယ်ဝါသနာပါတဲ့ မေဂျာကလည်း `RC 2 မှာသာရှိလို့  အတော်ပဲဖြစ်သွားပြီးရောက်သွားရင်းက ဆုံမိကြတာပါပဲ...

သူနဲ့ ကျနော် သိပ်ချစ်ကြတဲ့ ရီးစားတွေဖြစ်လာတဲ့ အခါ  ရီးစားတို့ ရဲ့ ထုံးစံအတိုင်းသူလာမယ့် လမ်းက ကားဂိတ်မှာ  ကြိုသွားစောင့် ပေးတာ သူပြန်မယ့် လမ်းက ကားဂိတ်ကို လိုက်ပို့ ပေးရတာဟာ ကျနော့် ရဲ့  အရေးအကြီးဆုံး အလုပ်တွေ ဖြစ်လာပါတယ်...။ စာသင်နှစ်ဝက်ကျော်မှ ခဲရာခက်ဆစ် နဲ့  ရခဲ့ တဲ့  ရီးစားဖြစ်လို့  နှုတ်အဖြေမှာတင် သိန်းထီဆုကြီးပေါက်သလို ၀မ်းသာနေတာရယ် မသာမာသူ ယှဉ်ဘက်ကြားလူတွေကြောင့်  အထင်လွဲပြီး လမ်းခွဲသွားမှာ အကြီးအကျယ်စိုးရိမ်
နေမိရာက သူ့ လက်ဖျားလေးကို တောင် မကိုင်ဝံ့ ဝံ ကိုင်ဝံ့ ဝံ့  နဲ့ မထိတထိလိုလို အမှတ်တမဲ့ ထိတိတိလိုလို ဘ၀ကတော့  ဖြစ်နေဆဲပါပဲ...



ကားပေါ်ကဆင်းလာတာနဲ့  သူ့ မျက်နှာလေး ညှိုးနေသလား လန်းနေသလား ဘာများဖြစ်လာပါလိမ့် လို့  အရေးတကြီး အရင်အကဲခတ်လိုက်ရတာက ချစ်ခြင်းတရားရဲ့ သောကသဘောဆိုတာ အဲ့ တုန်းက မသိခဲ့ သေးပါဘူး...ကိုယ့် ဟာကိုယ်သာ ချစ်သူ့ မျက်နှာညှိုးရင် သေလုမတတ် သောက ရောက်မိနေတာ မျိုးသာဖြစ်ပြီး သူလေးကတော့  တကယ့် ကို ဖြူစင်သူလေးသက်သက်ပါပဲ...

မနက်ကစပြီးနေ့လည်ပိုင်းအထိ စည်ကားနေလေ့ ရှိတဲ့  လှိုင်နယ်မြေရဲ့ ညနေပိုင်း အိမ်အပြန်ကျောင်းဆင်းချိန်တွေမှာတော့  လူခြေပါးလျားနေလေ့ ရှိပါတယ် အဲ့ ဒီလိုကျောင်းဆင်းချိန်တွေမှာ ကျနော်တို့ ၂ ယောက်ဟာ လှိုင်နယ်မြေကနေ မိန်း လို့ ခေါ်တဲ့  ၀/သ တက္ကသီလာကြီးဘက်ကို အေးအေဆေးဆေး လမ်းလျှောက်ပြန်လေ့ ရှိပါတယ် လှည်းတန်းလမ်းဆုံကြမှ လမ်းခွဲကြဖို့ ပေါ့ ။ လမ်းတစ်လျှောက်မှာ အင်းလျားကန်ဘောင်ရိုးပေါ်ကနေ ၂ယောက်သား တက်လျှောက်လေ့ ရှိပါတယ်..တစ်ခါတရံ အင်းလျား ကန်ဘောင် မှာ ဆည်းဆာလုဘက်သွားနေလို့ အပြာဖျော့ ဘက်ကျလာတဲ့ ရေပြင်ဘက်ကို ၂ယောက်သား ခဏထိုင်ငေးချင်ငေးလိုက်တတ်ကြပြီး တစ်ခါတစ်ရံမှာတော  တံတားဖြူ လှေခါးထစ်လေးတွေမှာ ဆင်း ထိုင်ချင် ထိုင်နေတတ် ပါသေးတယ်..အနာဂတ် အကြောင်းတွေ အိပ်မက်ကျရင်းပေါ့ .....အဲ့ အချိန်အထိ သူလေးရဲ့ လက်ဖျားလေးကို ရဲရဲတင်းတင်း မဆုပ်ကိုင်ရဲခဲ့ သေးပါဘူး..သူလေး စိတ်ခုသွားမှာကို အသေအလဲ စိုးရိမ်နေမိတဲ့  ဘ၀ပေါ့ လေ...

ပုဏ္ဏမီသူ (၂)
----
ဇူလိုင်လရဲ့ မိုးရာသီဟာ တစ်ခါတစ်ရံ ဖွဲဖွဲကလေး ရွာတယ် ဆိုယုံလေးပေါ့  ၊ တစ်ခါတစ်ရံမှာတော့  မရဲတရဲ ရွာတယ်ဆိုယုံ မိုးပြေးလေးကနေ ရုတ်တရက် အညှိုးတကြီ သည်းသည်းမဲမဲ ထရွာချင်ရွာတတ်ပါတယ်...၊ ကျနော်တို့ ရန်ကုန်သူရန်ကုန်သား အများစုဟာ ထီးဆောင်ရမှာ အလွန်ဝန်လေးတတ်တဲ့ သဘောရှိပါတယ်. ..မိုးရွာရင် ဟိုပြေးခို ဒီပြေးခိုနဲ့ ပေါ့  ရန်ကုန်မိုးဆိုတာ ရက်ရှည်မိုးဆွေ နာရီရှည်မိုးစွေ ရွာနေတာထက် မိုးပြေးလေးတွေသာ ရွာတတ်လေ့ရှိလို့ ထီးမယူတာလည်းပါသလို ပါရင်လည်း မေ့ တာ ပျောက်တာက များတတ်လို့  မယူတော့ တာ များတာလည်းပါပါတယ်...၊ ကျနော်လည်း ထီးဆောင် လေ့မရှိတဲ့  အထဲကပေါ့ ..သူလေးကလည်း ထီးဆောင်လေ့ မရှိတဲ့ အပြင် မိုးဖွဲလေးထဲမှာ လမ်း လျှောက် ရတာကိုမှ စွဲစွဲလမ်းလမ်းကြိုက်တတ်သူပါတဲ့ ဗျာ...

ဒါပေမယ့် သူလေးနဲ့ ကျနော် ဖူးစာ ကံဆုံကြလို့ မိုးဦးကိုဝင်စကတည်းက ကိုယ့် အတွက်မဆောင်တဲ့ ထီးကို သူလေးအတွက်ဆိုပြီး လွယ်အိပ်ထဲထည့် ဆောင်မိလာတာကတော့  အချစ်ဟာ အမုအကျင့် တစ်ချို့ ကို ပြောင်းလဲပစ်နိုင်စွမ်းကြောင်း သဘောကို မသိလိုက်သေးလို့ သဘောပါပဲ၊

အချိန်တို့  တရွေ့ ရွေ့ နှင်လာရင်းက ဇူလိုင်လလယ်ရဲ့ မိုးတစ်နေ့ ညနေမှာပေါ့ လေ ..သူလေးနဲ့ ကျနော် ခါတိုင်းလိုပဲ စကားတွေ ဖေါင်ဖွဲ့ အနာဂတ်ကို သင်္ချာတွက် ရင်း `RC 2 ကနေ မိန်းဘက်ကို လမ်လျှောက်ပြန်ကြပါတယ်..ကားမှတ်တိုင် သုံးလေးမှတ်တိုင်အကွာခရီးဟာ အကြောင်းမဲ့ နဲ့  လျှောက်နေ မကျရင်သာ ဝေးတယ်ထင်ရပေမယ့်  လျှောက်နေကျသွားရင်နဲ့  ချစ်သူ အနားမှာ ပါလာလို့ ကတော့  ဤခရီးကနီးလိုက်တာ...ဆိုတာမျိုးသဘောရှိပါတယ်။ ..

လျှောက်လာရင်းက အင်းလျားကန်ဘောင်လမ်းပေါ် လှမ်းအတက်မှာ မိုးဖွဲလေးတွေ စရွာလာပါတယ်. အဲ့ ဒီအထိ ကျနော် ဆောင်လာတဲ့ လွယ်အိပ်ထဲက ခေါက်ထီးတိုလေးကို ဆွဲ မထုတ်မိသေးပါဘူး..မိုးဖွဲလေး နဲနဲကြားမှာ သူလေးရဲ့  အပျော်မျက်နှာဟာ ကိုယ့် ဆီကိုပါ ကူးစက်လာပြီး နှစ်ယောက်သား အတွက် ပျော်စရာ မိုးညနေခင်းကလေးတစ်ခုဖြစ်သွားပါတော့ တယ်..။...ဒါပေမယ့်  ရန်ကုန်မိုးသဘောဟာ အချစ်လိုပဲ မှန်းရခက်တဲ့ အထဲပါပုံရပါတယ်..

.မိုးပြေးမဟုတ်တော့ ပဲ မိုးသည်းည အလွမ်းမိုးရာသီ အဖြစ်ကို ပြောင်းလဲသွားပါတော့ တယ်..ဒီတေ့  ထီးဖွင့် ရပြီပေါ့ ...ဒါနဲ့  ထီးတစ်ချောင်းကို သည်းသည်းမဲမဲ မိုးနဲ့  ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့  လေကြမ်း တွေကြားမှာ နှစ်ယောက်သား ခေါက်ထီးလေး မလုံ့ တလုံ ပုခုံးချင်း မထိတထိ ပေါ့ ..မိုးနတ်မင်းကို ကျေးဇူးတင်ရမယ့် ပုံပါပဲ...ဖြန်းကနဲ ရှိန်းကနဲ နဲ့  မိုးအေး လေအေးတာက သပ်သပ်  သူကလေးရဲ့  ပုခုံးနုနုလေးကို ထိမိလိုက်တိုင်း ရင်ထဲ နွေးကနဲဖြစ်နေတာက ထီး ကိုင်ပေးထားတဲ့ လက်တောင် ကတုန်ကရင်......

ရေက အတော်ပါလို့ တံတားဖြူနဲ့  ခရမ်းပြာတစ်ဝိုက်က ကားလမ်းကလေးကတော ရေဖုံးသွားပါပြီ. .မိုးသည်းလာတာနဲ့  လှည်းတန်းအထိ လမ်းမလျှောက်တော့ ပဲတံတားဖြူ ကားမှတ်တိုင်က  ဘတ်စ်ကားဂိတ် အမိုးအောက်မှာ မိုးသွားခိုကြဖို့  နှစ်ယောက်သား သဘောတူလိုက်ရင်း တံတားဖြူ ကွန်ကရစ် လှေခါးလေးတွေကနေ  ဆင်းလာခဲ့ ကြပါတယ်...၊ ကန်ဘောင်အောက်အရောက်မှာ  ကားမှတ်တိုင်အမိုးအောက်မရောက်ခင်အစပ်မှာ ရှိတဲ့  ရေမြောင်းဟာ ရေစီးအားများခဲ့ ရာက မြောင်းရှိ
မှန်းမသိတော့ လောက်အောင်ရေက ခြေသားလုံးနီးပါး မြုတ်နေခဲ့ ပါပြီ၊ ဒါပေမယ့် အရင်နေ့ တွေက မှတ်ထားလို့  လူ ၂ ယောက်ဖြတ်စာ မကျယ့် တကျယ် ကွန်ကရစ် မြောင်းဖုံးလေးရှိနေတာ သိထားလို့  ရေတောထဲကနေ ခြေစမ်းပြီး မြောင်းကူးကြပါတယ်...သူနဲ့ ကျနော် ထီးတစ်မိုးထဲအောက်မှာ ရွှဲရွဲတွေစိုလို့  ယှဉ်လျက်သားလေးပေါ့ ...

ခြေကို စမ်းစမ်းပြီး တစ်လှမ်းပြီးတစ်လှမ်း  တစ်ရွေ့ ရွေ့ သွားချိန်မှာ ရေစီးအားက တော့ တော့ ကို ပြင်းလာပါတယ်.RC 2 ဘက်က အမြင့် ပိုင်း တံတားဖြူက အနိမ့် လိုဖြစ်နေ တာကြောင့် ပါပဲ..အဲ့ မြောင်းဖုံးအပေါ် နှစ်ယောက်သား ရပ်မိသွားချိန်မှာ သူလေးရဲ့ ခြေတစ်ဖက်ဟာ အဖုံးကို မနင်းမိတော့ ပဲ မြောင်းဖက်ကို နင်းမိလိုက်မလိုဖြစ်ပြီး ဘေးတိုက် ကိုယ်ဟန်ပျက် စောင်းသွားလို့ ...လန့် ပြီး သူ့ လေးရဲ့ နှုတ်ဖျားက '' အမေ့ '' လို့ ယောင်ထွက်လိုက်တဲ့ အသံကြားလိုက်ရတဲ့ အခါ စိုးရိမ်တကြီး နဲ့  ထီးလွတ်နေတဲ့ ကျနော့် ဘယ်လက်ဟာ   ထီးအပြင်ဖက် ကျွံနေလို့  မိုးတွေ တအားရွှဲစိုနေတဲ့  သူလေးရဲ့  ပုခုံးသားကျစ်ကျစ်လေးကို လှမ်းသိုင်းဖက်လိုက်ပြီး အားနဲ့  ကျနော့ ရင်ခွင်ထဲကို စွေ့ ကနဲ......

အဲ့ နေ့ က မိုးက တော်တော်လေးကို သည်းနေတာပါပဲဗျာ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..