လက်ဝှေ့ ထိုးခြင်းအနုပညာ...( လူ၂ယောက် သတ်ကြတာကို အနုပညာတဲ့  ကြံကြံဖန်ဖန် အဟိ..ခိခိ)
---------------------
အမှန်က အမှတ်ပေးပွဲဆိုတာ အဆိုပြိုင်ပွဲလို သဘောတရားပါပဲ...အဆိုပြိုင်ပွဲမှာ ကိုယ်ကသာ သူ့ အသံကို နားထောင်ကောင်းလိုက်တာ ဆိုပြီး ကြိုက်နေတာ ဒိုင်လုပ်တဲ့  သူတွေကတော့  အဆိုရှင်အသံဟာ နားထောင်ကောင်းယုံလောက်နဲ့ တင်မလုံလောက်ပဲ အဖြတ်အတောက် အပီအသ အနိမ့် အမြင့် အ၀င်အထွက် အဆွဲအငင်တွေ နရီစည်းဝါးတွေနဲ့  ကိုက်မကိုက်ပါကြည့် တော့  ကိုယ်ကြိုက်တဲ့ သူက ပြိုင်ပွဲက ပြုတ်သွားသလိုမျိုးနဲ့ တူပါရဲ့ နော်
အဲ ပရိပ်သတ်အကြိုက်ဆု ဆိုရင်တော့  ဟို ပုတက်ဗလကြီး ရလောက်မှာပေါ့ ..ခွိခွိ..
အဲ့ မှာ ပြဿနာတရပ်က ဒိုင်က အနိုင်ပေးတဲ့ သူကို ပရိပ်သတ်က မကြိုက်ဘူးဆိုရင် ပညာရှင်က စည်းမျဉ်းနဲ့ အညီ အမှတ်ပေးတာမို့  မကြိုက်တဲ့ ပရိပ်သတ်က ပညာမတတ်တဲ့ စည်းမဲ့ ကမ်းမဲ့  နတုံးတွေလိုလို....ပရိပ်သတ်က အကြိုက်ဆု ရတဲ့ သူက နပိန်းကြိုက်လောက်ပဲ အဆင့် ရှိသလိုလို...ခိခိ.သြော် ပရိပ်သတ်ကြီးခမျာ....ကိုယ်လည်း မခိုင်းရပါပဲနဲ့  ကိုယ်လည်း တပြားမှမရတဲ့ အပြင် ယားမိရင် ပိုက်ဆံတောင်ကိုယ့် ဟာကိုယ် အိပ်စိုက်ကုန်ရဖို့ ရှိတဲ့  သူတို့ ဟာ သူတို့ ပြိုင်ပွဲ လုပ်တာကို ကြည့် မိတဲ့  ပရိပ်သတ်က အိမ်မှာနေရင်းထိုင်းရင်းကနေ နတုံးဖြစ်ရမယ့် ပုံ.....အဟီးးးးး...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..