Powered By Blogger

Sunday, May 3, 2015

နေကမ္ဘာ+လူ+လူ့ အဖွဲ့ အစည်း မိသားစု နိုင်ငံတော်....




နေကမ္ဘာ+လူ+လူ့ အဖွဲ့ အစည်း မိသားစု နိုင်ငံတော်....
------------------------------------------------------------
အခုရေးပြတဲ့  အတွေးအခေါ်သဘောဟာ ဟောဖို့  ယတြာခြေဖို့ မဟုတ်ပါဘူး..ဆြာတော်ခင်ကြီးဖျော်ရဲ့ အံ့ မခန်း ဥာဏ်ပညာကို ထင်ဟတ်ပြယုံနဲ့  တွေးနိုင်လေ နက်နဲလေသဘော၊ သာမန်ဗေဒင်သဘော အတွက်တင်မကဘူး ကမ္ဘာတစ်ခုလုံး နိုင်ငံတော်တစ်ခုလုံး ကိုယ့် မိသားစု ကိုယ့် ဘ၀ ဘာတွေ ဖြစ်နေသလဲ ကိုပါ ကျော်မြင်လာနိုင်ပါတယ်ဆိုတာ ကို တို့ထိပြတာပါပဲဗျာ...ဆြာသခင်က စတိပြောပြ အစထောင်ခဲ့ တာကို ကျနော်တို့ က ပြန်ချဲ့ တွေးပြတာပဲဖြစ်ပါတယ်...အနဲဆုံးတော့  ဖတ်ရတာ စိတ်ဝင်စားစရာ ကောင်းတဲ့  ဗဟုသုတသဘောပေါ့ ....အပျင်းတော့ ပြေလောက်ပါရဲ့ ဗျာ....ဟဲဟဲ...

''ဗုဒ္ဓတိုင်'' ကို '' လူတိုင်'' အဖြစ်နဲ့ ပုံစဖေါ်ကြည့် လိုက်ပါစို့ ဗျာ....''

လူတစ်ဦးချင်း (သို့ ) လူ့ အဖွဲ့ အစည်းတစ်ခုအတွင်း လူတွေဟာ....

''နာ''နေရာမှာ ရှိတဲ့  စနေ ဂုဏ်မာန ခံတတ်တဲ့ သဘော ခေါင်းမော့ နေလိုတဲ့ သဘော ၊ သူများဂုဏ်ကို ဖျက်လိုဖျက်စီးလုပ်လိုတဲ့ သဘော ၊ အတင်းအဖျင်းလုပ်လိုတဲ့ သဘော..မတော်လောဘသဘော ဖြတ်လမ်းကြံသဘော ၀မရှိပဲဝိလုပ်လိုတဲ့ သဘော



''ခိုက်''နေရာမှာ ရှိတဲ့  အင်္ဂါနံ မခံချင်စိတ်ဒေါသစိတ် တဘို့ ကြံစိတ် ဣသာမစ္စရိယစိတ်များတံ့ သဘော ရန်လိုစိတ်တွေ မကောင်းမြင်သဘောတွေ အညှိုးအတေးစိတ်တွေ သဘော....မရိုးသားတဲ့ စိတ်သဘော ယှဉ်စိတ်ပြိုင်စိတ်အနိုင်သာရလိုစိတ်တွေသဘော

''ပျက်''နေရာမှာ ရှိတဲ့ သောကြာ ခရီးလှုပ်ရှားမှု့ သူများတက်လမ်းပိတ်ဆို့ ချင်တယ်.ဖြတ်လမ်းလျှောက်တက်လိုတဲ့ သဘော နင်းတက်လိုတဲ့ သဘောခုတုံးနင်း တက်လိုတဲ့ သဘော သိမ်ဖျင်းသောစကား တွေ အနိဌာရုံစကား တွေ အာမနာပစကားတွေ ပြောတဲ့ သဘော .ကတိမတည်တဲ့ သဘော မုသားစကားတွေဆိုတဲ့ သဘော .မှန်သောစကားကိုမဆိုကြတဲ့ ..သဘော....

''ဆပွတ်'' စုတ်နေရာ အထောက်အပံ့  နေရာ မှာ ရှိတဲ့  တနင်္လာ ငွေကြေးစီးပွားသဘောကို အချောင်လမ်း မတရားလမ်းတွေ ဖြတ်လမ်းစီးပွား မသမာစီးပွားသဘောတွေ ရှာဖွေလာတဲ့ သဘော တကိုယ်တော် သို့ ) ကိုယ့် မိသားစုဆွေမျိုးလောက်ချမ်းသာပြီးရော သဘော ငွေရရင်ဘာမဆိုသဘော..အပေါ်ယံရွှေမှုံကြဲ အကြွားသဘော ဟန်ဆောင်သဘော....

''စီးပွားအညွန့် '' နေရာက ကြာသာပတေး နံ ဥာဏ်ပညာအတွေး ဆင်ခြင်တုံသဘောတွေ ဟာ မကောင်းတဲ့ အကြံအတွေးတွေ တွေးလုပ်တဲ့ သဘော ..မကောင်းမှု့ အပျော်အပါးတွေလိုက်စားကြတဲ့ သဘော သူများတကာကို ဘယ်လို ဖျံကျရမလဲ နင်းခြေဖျက်ဆီးရမလဲ ဆိုတဲ့ အကြံအစီတွေသဘော လူသတ်လက်နက်တွေ အပြိုင်အဆိုင်တီထွင်လာနိုတဲ့ ပညာတွေသဘော..

'' န၀င်းနေရာတိုင်ထိပ် '' က တနင်္ဂနွေနံ အုပ်စု မိသားစု လုပ်ဖေါ်ကိုင်ဘက်တွေ အချင်းချင်းတွေ တစ်မြေထဲနေ တကမ္ဘာထဲ အတူတူ နေတွေကို အပေါ် ဗိုလ်ကျချယ်လှည်တဲ့ သဘော နယ်ချဲ့ တဲ့ သဘော ..အသာစီးယူတယ်အနိုင်ကျင့် တယ် ဖိနှိပ်ချုပ်ချယ်လာတဲ့ သဘော တပည့် မွေးဆရာမွေးဂိုဏ်းဂဏစိတ်တွေသဘော လူဆိုးဂိုဏ်တွေ သဘော အုပ်စုကွဲ တွေသဘော အစွန်းရောက်အဖွဲ့ အစည်းတွေသဘော ကိုယ့် အဖွဲ့ အစည်းသာကောင်းစားရေးသဘော ကိုယ့် မိသားစုအဖွဲ့ အစည်းသာကောင်းစားရေးသဘော တကိုယ်တော်ဝါဒတွေသဘော အာဏာရှင်ဝါဒဖက်ဆဟ်ဝါဒတွေသဘော...

ဒီတော့  ''မူလ အလယ်အခြာ လူ ဗုဒ္ဓဟူးနံ ''တည်ငြိမ်နေတဲ့  လူသားအခြေအနေ လူ့ အဖွဲ့ အစည်း အခြေအနေ မိသားစုအဖွဲ့ အစည်းအခြေအနေ အသင်းဖွဲ့ စည်းမှု့ အခြေအနေ ပျက်တယ်...ဒီတော့  ဒါဟာ '' လူပျက် လူခိုက် ''သဘောဖြစ်လာတယ်....ဒီတော့  လူခိုက်ဆိုတာ ကြာသာပတေး တိုင်ခိုက်သဘော ထဲရောက်သွားပါတယ်....

ကြာသာပတေးတိုင်ထဲရောက် ခိုက်လူသဘော....
-----------------------------------------

ဒီတော့  ကြာသာပတေးတိုင် ''ခိုက်'' လူ သဘောဝင်သွားတဲ့ အခါ...လူတွေ ဟာ အမြဲ လိုလို အကျပ်အတည်းတစ်ခုကြား ရောက်နေသလိုဖြစ်လာတယ်...ရောဂါတွေ ထူပြောလာသလို ရောဂါ အသစ်အသစ်တွေ ပေါ်လာတဲ့ သဘော..ကပ်ဘေးအမျိုးမျိုးတွေ ကျရောက်လွယ်လာတဲ့ သဘော....ဘာကိုမှ အလွယ်တူမရတော့ တဲ့ သဘော ရုန်းကန်နေရတဲ့ သဘောတွေ ဖြစ်လာတယ်.....

.'' နာ''နေရာက တနင်္ဂနွေ နံ အဖွဲ့ အစည်းအလုပ်သဘောဟာ ခဏခဏ နာတယ် နာတယ်ဆိုတာ မကြာခဏ မတည်ငြိမ်တော့ တာ လူ့ အဖွဲ့ အစည်းတွေပြိုပြိုကွဲလွယ်တာ မသင့် မြတ်မှု့ တွေ စည်းလုံးညီညွတ်တဲ့ အဖွဲ့ အစည်းတွေမဖြစ်တော့ တာ မယုံသင်္ကာစိတ်တွေနဲ့  တည်ငြိမ်မှု့ ကင်းမဲ့ သွားတဲ့  လူ့ အဖွဲ့ အစည်း ဖြစ်လာတာ... ဒါကို နိုင်ငံတော် အသင်းအဖွဲ့ သဘောကစပြီး မိသားစု အမျိုးတွေအထိ မြင်နိုင်တယ်....

'' ပျက်နေရာ''က စနေနံ ဂုဏ်သိက္ခာပျက်ဆိုတာ လူ့ အဖွဲ့ အစည်းဟာ ဟီရိနဲ့ သြတ္တပ အရှက်အကြောက်တရား လျော့ ပါးဆိပ်သုဉ်းလာတယ်ပေါ့  ချမ်းသာပြီးရပြီးရော ဘယ်နည်းနဲ့  စပျစ်သီးဖြစ်ရဖြစ်ရသဘော...နာမည်ဆိုးတွေဖြစ်လာတဲ့ သဘော...သီလ သမာဓိသက္ခာသုံးပါး မယုံရတော့ တဲ့  လူ့ အဖွဲ့ အစည်းသဘော ဖြစ်လာတာ....

ဒီတော့  ''မူလအလယ်အခြာက ကြာသာပတေး နံ '' ဆင်တုံတရားပညာဥာဏ် လူ့ အကျိုးပြု အတွေးအခေါ် တွေအကောင်းသဘောအစား အပျော်အပါးသဘောတွေ အဓမ္မ၀ါဒီတွေ မကောင်းမှု့ ကို သာ ဖြစ်စေတဲ့ ပညာတွေ ပေါ်ထွက်လာတဲ့ သဘော ရေပေါ်ဆီသဘော မကောင်းမှု့ ကြံတဲ့  ဥာဏ်တွေ ပညာကိုလွဲမှားအသုံးချသဘောတွေ အဖြစ်ကို ပျက်ဆီးသွားသလို မကောင်းမှု့ လုပ်ဖို့ ဝန်မလေးသဘော တွေ ပေါ မှောင်ခိုစီးပွားတွေပေါ်လာတဲ့ သဘော.....

ဒီတော့  '' န၀င်းနေရာ'' တိုင်ထိပ်က တနင်္လာနံ ငွေကြေး သဘောဟာ အလွယ်တကူ အသက်မွေးလို့ ရရမယ့် အစား ခက်ခက်ခဲခဲ ရှာလာရတယ်...မတရားနည်း လောင်းကစားနည်း ဖြတ်လမ်းနည်း ဖျံကျနည်း တွေ နဲ့ စီးပွားရှာလာရတယ်...မကြာခဏ ငွေကြေး အကျပ်အတည်းတွေဖြစ်လာတယ် စီးပွားပျက်ကပ်တွေ ဆိုက်ဆိုက်လာတယ် ဘဏ်တွေပြိုလဲတယ် မသန့် ရှင်းတဲ့  ငွေတွေဖြစ်လာတယ် ဝေမရှိဘဲဝိလုပ်လာတာ ဟန်ဆောင်လောက အကြွားလောက သဘောတွေဖြစ်လာတယ်..

''အညွန့် စီးပွား''နေရာက သောကြာနံ ခရီးစကားသဘောတွေဟာ ကတိသစ္စာတွေ မယုံရတော့ ဘူး သစ္စာတွေ မရှိတော့ ဘူး ကတိပေးလွယ်ပျက်လွယ်သဘောတွေ စကားတစ်ခွန်း နဲ့ ပြီးရမယ့် အစား ၅ခွန်းမက ညှိလို့ မပြီးတာတွေသဘော ခရီးသွားလာမှု့ တွေဟာ ဘေးတွေကြီးလာတဲ့ သဘော....

''ဆပွတ်နေရာ'' က အင်္ဂါနံ စိတ်သဘောဟာ လိုတရစိတ် အခြေအနေကနေ ဆုတ်ယုတ်သွားတယ်...မကောင်းသောစိတ် အမြဲလိုလိုသောကစိတ်နဲ့ နေရတဲ့ ဘ၀တွေ စိတ်မနှံ့ သူတွေလိုဖြစ်လာတာ တောင့် တခြင်းကြောင့် ကြခြင်းကြား ကြုံနေရတဲ့ စိတ် ညစ်နေရတဲ့ စိတ်ပိုင်ရှင်တွေ ဖြစ်လာတယ်....နောက်ဆုံးမှာ ကမ္ဘာစစ်တွေ ပြည်တွင်းစစ်တွေ ရန်ပွဲတွေ ဖြစ်လာတဲ့ သဘော....

ဒါဟာ ဗုဒ္ဓတိုင် လူတိုင်ကနေ မကောင်းတဲ့ လူသားတွေ ဖြစ်လာရင်...သဘော ကနေ လောကကြီးအမှောင်ကျတာမျိုး ဖြစ်လာတဲ့ သဘော......

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..