Powered By Blogger

Sunday, May 3, 2015

အင်္ဂါသား၂ ယောက် နဲ့ ....ဂြိုလ် အင်အား.....ကျိမ်းကျေတာနဲ့ ကျိမ်းချေ ထားရတာ.။......

အင်္ဂါသား၂ ယောက် နဲ့ ....ဂြိုလ် အင်အား.....ကျိမ်းကျေတာနဲ့ ကျိမ်းချေ ထားရတာ.။......
----------------------------------------------------------------
...စပြီး ဗေဒင်ကိုတွက်တုန်းက  ကံ တွေရဲ့ သဘာဝကို အသေအခြာ နားမလည်တတ် သေးလို့ ကျိမ်းကျေတာနဲ့  ကျိမ်းချေ တာလည်း ကွဲကွဲပြားပြားမသိပါဘူးတစ်ခါမှာတော့ .....

 ပထမ အင်္ဂါသားတစ်ယောက် အထွန်းဖွားပါ...သူ့ အသက် ၂၇  ဟာ  စနေ ဂြိုလ်မှာ ဂြိုလ်အိပ်၁၀ နှစ်ရော  ၊ ၈ နဲ့ စားတဲ့  သက်ရောက်ပါထပ်နေတဲ့ အပြင်  အထွန်းဖွားဖြစ်ပြီး မဟာဘုတ် အရ စနေမရဏမို့  သူများ အင်္ဂါထက် ချွန်ပြီး  စနေ ၃ လုံး အညံ့  ဆင့် နေလို့  သတိထားဖို့ ပြင်းထန်တဲ့ သွေးထွက်သံယိုတွေလာဖို့ က သေခြာသလောက် ဖြစ်တယ်ပေါ့ လေ.......ပြီးတော့ အကာအကွယ် ဘာညာတွေကို ပြောပြလိုက်တာပေါ့ ၊ဒါနဲ့ ...သူနဲ့   ၂၈  နှစ်မှာ  တစ်နှစ် စာ ကံ ချိန် ရင်းပြန်တွက်တော့  သူ့ ၂၇  ဖြတ်သန်းမှု့ ကို ပြန်မှတ်တမ်းယူ တဲ့ သဘော မေးတဲ့ အခါသူဟာ ၂၇ ထဲမှာ ဘာမှ မှဲ့ တစ်ပေါက်မစွန်းဘဲ  ပိုက်ဆံပါဝင်ပါသေးတယ်တဲ့ ....ဗေဒင်က ပြောသလို အန္တရယ်မကျရောက်ပါဘူးတဲ့ ...

ကိုယ်လည်းဇဝေဇ၀ါနဲနဲ ဖြစ်သွားလို့  အဲတော့ မှ ထမေးမိပါတယ် ....အိမ်ထောင်နဲ့ လား လူပျိုလားလို့ လေ.....ဒီတော့ မှ သူက  သူမိန်းမရ တာ ၂၃ မှာပါတဲ့ ခု ထိတော့  ကလေးမရနိင်သေးပါဘူးတဲ့ ....မနှစ်က သူ့ မိန်းမ က ကိုယ်ဝန်ရှိ လာလို့ ဝမ်းသာမလိုရှိတုန်း အိမ်ရှေ့ လမ်းမ ထွက် ၂ ယောက်သား အသုတ်စားနေကြတာ...ကားက ၀င်ပွတ်လို့ ...သူ့ မိန်းမ ကိုယ်ဝန် နုနုလေး ပျက်ကျသွားတာ မှာ နေရာတင်သွေးကိုရဲ ပြီး  ကျလာတော့  ဆေးရုံပြေးခဲ့ ရပါသတဲ့ ...သူ့ တကိုယ်လုံးလည်း ကားပေါ်မှာ မိန်းမ ကို ပွေ့ ထားရလို့  မိန်းမရဲ့ သွေးတွေ ကိုရွှဲနေပါရော့ တဲ့ ......ဒါနဲ့  မင့် မိန်းမက အသက်ဘယ်လောက်   ဘာနေ့ သမီးလည်း လို့ ဆက်စပ်စုတော့ ...ကျနော်နဲ့  တစ်နှစ်ထဲမွေး လလည်းတူတူ တစ်ပါတ်ပဲကွာပါတယ် တဲ့...သူလည်းအင်္ဂါသမီးပါတဲ့ ဗျား.



.နောက် အင်္ဂါသားက....ရုံးဝန်ထမ်းပါ...သူကတော့ ...၃၅  နှစ်ထဲရောက်မဲ့  အင်္ဂါသားပါ...သူ့ အင်္ဂါသားက စနေမရဏလွတ်တဲ့  ရိုးရိုးစနေ၂ ထပ်ပါဘဲ...ပြီးတော့  ပုတီးသမား လူလွတ်ပါဘဲ. ...သက်သက်လွတ်ကလည်းစားသေး....အဘဂိုဏ်းဆရာကလည်း လုပ်သေး ဆိုတော့ ...ဒါတင်မက မဟာဘုတ်ဗေဒင်များ ကျမ်းအာဂုံဆောင်လောက်အောင်ရနေတော့  ကိုယ်က ဘာမှပြောမရ၊ သတိပေးမရလောက်အောင်ပါဘဲ....ဒါ့ အပြင် အဘထွက်ပွဲ မသွားခင်မှာ ရဟန်းဘောင်က တက်အုန်းမှာတဲ့ ...ကဲ...ဂ လောက် ကုသိုလ်ရေစက် လက်နဲ့ မကွာ မှ ဒီစနေက အီး တောင်လာပေါက်ရဲမှာ မဟုတ်လောက်ပါဘူးပေါ့ လေ....ဒါနဲ့ ဘဲ...လျှော့ လျှော့ ပေါ့ ပေါ့  ပဲ တွက်ချက်ပေးလိုက်ပါတယ်....သူ့ ဟာသူ တွက်တတ်ရဲ့ သားနဲ့ ဘာလို့ ဗေဒင်လျှောက်တွက်နေရသလဲ လို့ မေးတော့  ကွမ်းလေးတစ်ဖတ်ဖတ်နဲ့ ဘာရယ်ဟုတ်ပါဘူး သူများတွက်ပေးလို့ ကြားရတာပျော်လို့ ပါတဲ့ ဗျားကဲ.....

.အဲဒါနဲ့ ...တစ်နှစ်လောက် ကြာတော့  အဘထွက်ပွဲကလူတွေက မေးမြန်းပြီးရောက်လာကြပါတယ် .....ဒီတော့ မှသူတို့ က ပြန်ပြောပြတာ...အဲဒိ အင်္ဂါသားက  ထွက်ပွဲမတိုင်ခင်..စိတ်လေးလို့  ဗေဒင်တွေလျှောက်မေးရင်း ကျနော့် ဆီရောက်တဲ့ အကြောင်း.သတိပေးတဲ့ အကြောင်းပြန်ပြောနေခဲ့ သတဲ့ ...ဒါပေမယ့်  သူတို ဂိုဏ်းထဲမှာ ထက်မြက်တဲ့  အဲဒိအင်္ဂါသား ဘာမှမဖြစ်နိင်ဘူး ပညာထက်တယ်ပေါ့ လေ..သူတို့ ဒီလိုဘဲ ယူဆထားတာတဲ့ ....ဒါနဲ့ ....သူဘုန်းကြီးဝတ် ကနေ ထွက်ပြီး  နောက်တစ်ရက်မှာ  တဲ့ ကုန်ဈေးတန်းလမ်း ဘတ်စကားမှတ်တိုင်မှာ  စီးလာတဲ့   လိုင်းကား ပေါ်ကဆင်း  အဲ...အဲဒိ ကား နောက်ကနေ လမ်းအကူးမှာ  မှတ်တိုင်ကိုထိုးဝင်လာတဲ့ နောက်လိုင်းကားတစ်စီးက အရှိန်မသတ်နိင်ဘဲ သူ့ ကိုရော ရပ်ထားတဲ့ ကားပါ ၀င်တိုက်တော့   သူက ကား၂ စီးကြားညပ်ပြီး နေရာတင်ပွဲပြီးသွားပါရောတဲ့ ဗျား......................

ဒီအဖြစ်အပျက် ၂ခုမှာ  လူတွေဟာ   စနေဖြတ်တာချင်းအတူတူ  ဘ၀နေနည်းဘယ်လိုရှိရှိ  သံသရာက ကံဟာ  မမှန်းနိင်လောက်အောင်ပုံစံအမျိုးမျိုးနဲ့ နှိပ်ကွပ်တတ်တာကို  တွေ့ ခဲ့ ရပါတယ်....လူတစ်ယောက်ရဲ့ ပစ္စုတ် ပန်ကံ နေထိုင်ပုံကြည့် ပြီး ဂြိုလ် အင်အားကိုလျှော့ တွက်၊ပိုတွက်မိရင်  မှားတတ်တယ်ဆိုတဲ့ သဘောကို သင်ပေးခဲ့ ကြသလိုပါဘဲနော်..................။

ပထမ အင်္ဂါသားဟာ ခေတ်လူပြီပြီ..နေချင်သလိုနေပေမယ့်  ကံ ကြီးတော့  သူကိုယ်တိုင် တဲ့ မခံရပဲ သူ့ မိန်းမသာထိခိုက်မှု့ ဖြစ်ပြီးသူကတော့  သူများသွေးပေကျံယုံနဲ့   လွတ်သွားခဲ့ ပါတယ်...ဒါကို ကျိမ်းကျေသွားတယ်လို့ ဆိုတာပါ..........

..ဒုတိယ အင်္ဂါက  ဒီဘ၀မှာ..သီလကောင်ကောင်းနဲ့ နေပေမယ့် ...သူ့ ဆောင်ရွက်ချက်တွေဟာ  ကျိမ်းမကျေ နိင်ဘဲ သံသရာ ကံ ကနဲတော့ ကိုယ်တိုင်အသက်ပါသွားပါတော့ တယ်.............ယတြာတွေ လုပ်ချင်းဟာ..သံသရာက ကံ အတိမ်အနက်ကို  အတိအကျ မခန့် မှန်းနိင်တော့   ဥပမာပြောရရင်  ကျိမ်းကျေမှာလား မကျေလား မသိလို့ ကြိုကာနိင်သလောက်ကာထားတာကို   ကျိမ်းကျေသွားအောင်  ကျိမ်းချေ  ထားတာလို့  ပြောဆိုလေ့ ရှိပါတယ်နော်........။


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..