
အဲ့ အတွက် သေခြင်းကို ကျေးဇူးတင်တယ်...
--------
မတူညီတဲ့ ခေါင်းစဉ်ကွဲတွေရဲ့  ယုံကြည်ရာဘက်တွေ မတူလို့ ဆိုပြီး ပြဿနာတွေ ထထ တက်ယုံတင်မကသေး.....
တူညီတဲ့ ခေါင်းစဉ်တစ်ခုကို အတူတူ ယုံကြည်တာတောင် ယုံကြည်တဲ့ ပုံစံခြင်း မတူလို့ ဆိုပြီး . ခေါင်းစဉ်တူပြီး စတိုင်မတူတဲ့ သူအချင်းချင်းတောင် ရန်ဘက် အသွင်ရှု့ မြင်ပြီး ပြဿနာတက်တဲ့ လောက...ဘာလွမ်းလောက်စရာရှိလဲ...
ကံကောင်းထောက်မလို့  ဘ၀ဖြစ်တည်မှု့ တစ်ခုရဲ့ လမ်းကြောင်းမှာ တစ်ချိန်ချိန်မှာ တစ်စုံတရာကြောင့်  မလွဲမသွေ သေဆုံးပေးရလိမ့် မယ်ဆိုတဲ့  သေခြင်းတရား ဆိုတဲ့ ခေါင်းစဉ်တစ်ခု အောက်မှာတော့  ရှင်နေတယ်ဆိုတဲ့ သူတွေ ယုံယုံ မယုံယုံ ငြင်းဆန်ခွင့် မရှိ ကျရောက်သွားတာကတော့  လောကကြီးကို ကျေးဇူးတင်တယ်..
တော်သေးတယ် အားလုံး အကျုံးဝင် ခေါင်းစဉ်တစ်ခုဖြစ်တဲ့ သေခြင်း ရှိနေလို့ ........အဲ့ အတွက် သေခြင်းကို ကျေးဇူးတင်တယ်...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..