Powered By Blogger

Sunday, May 3, 2015

ဘာကြောင့် ယတြာ အရေးပါလာ..

ဘာကြောင့် ယတြာ အရေးပါလာ..
----------
ဆိုတော့  လူတစ်ယောက် ဘ၀တစ်ခုရဲ့ အတက်အကျတွေ အပျော်တွေ ကြေကွဲစရာတွေ ဟာ ဘာကြောင့် ဆိုတာကို ဒီလို မဟာဘုတ်တွေ မတွန့် စေရကြိုးတွဲတွေ နေ့နံခိုက်တွေ န၀င်းစိတ်ဓါတ်တွေ စသဖြင့် ပေါ့ လေ..လမ်းမျိုးစုံက ချဉ်းကထောက်ပြလို့  အရင်ထက် မသိရခင်ကထက် ရိပ်စားမိလာပြီဆိုပါတော့  ပြင်နိုင်သလားဆိုတော့ ..?...ကိုယ်တိုင်ကအစ မလွယ်လှပါပေါ့ ...ဒီတော့  တတ်နိုင်ဘူး တတ်နိုင်သမျှ ကာစရာရှိတာ ကြိုကာမှပဲ ဆိုပြီး ယတြာ အကူယူရတဲ့  သဘောဖြစ်လာတယ်ပေါ့ ..

သဘောက..သွေးတိုးရှိတယ် ဒံပေါက်လည်းတီးချင်တယ် ဒံပေါက်တီးရင် သွေးတိုးမယ်မှန်းလည်းသိတယ် ဒါပေမယ့်  အာသာကလည်းမစွန့် နိုင်သေးဘူး...ဒီတော့  သွေးကျဆေးအားကိုးပြီး ဒံပေါက်ကို အလွန်အကျွံမဟုတ်တောင် အာသာပြေတော့  ကောက်တီးလိုက်တော့ တဲ့ သဘောပေါ့ ဆေးသောက်ဖို့ မေ့ သွားရင် ဒါမှမဟုတ် ဆေးစွမ်းလစ်မစ်ထက် အိုဗာဖြစ်အောင် စားလိုက်ရင်တော့  သွေးတိုးတဲ့ ဒဏ်ခံရမှာပဲပေါ့ ...

ဒီလိုလောကီနည်းတွေ မသိရင်တော့  ( ဗေဒင်နည်း လောကီနည်း စုံတကာစိတွေ အတွင်းသဘောအထိ မသိတဲ့ ရာခိုင်နှုန်းက တကယ်ဆို ကျနော်ထင်ပါတယ် ဒီမှာ ၇၀ရာခိုင်နှုံး အထက်တော့  ရှိလောက် မယ်ထင်တယ်...) ကုသိုလ်ရေးသာ နင်းလုပ် များများသာလုပ်ထား အကျွတ်အလွတ် အပြီးမဖြစ်တောင် ပစ္စုတ်ပန်ဘ၀မှာ သံသရာဘ၀မှာ လောကဓံတရားဆိုးတွေကြုံလာရင် ခုသာခံသာရှိတာ ဂိတ်ဆုံးအဆိုးထိမဖြစ်တော့ တာတွေကလည်း လက်တွေ့ တွေပါပဲဗျာ( ဒါလည်း နိုးဗေဒင် နိုးယတြာ ရက်စ် ဘာသာရေး ရက်စ် ကုသိုလ်ရေး လုပ်နေတဲ့  လူတွေ အများကြီးကို ကြည့် ပြီး ကောင်းမှု့ လုပ်ရင် ကောင်းတယ် လို့  ဆိုတာပါပဲဗျာ)

အင်္ဂါသားအများစုဟာ တနင်္လာနံ ခိုက် တယ် ဒီတော့ ငွေစီးပွားလာဘ်နဲ့  ပတ်သက်လာရင် ပေသီး ဖြစ်ရင်ဖြစ် မဖြစ်ရင် နဂိုထက်ပိုရှိသယောင် ဟန်အကြွား ငရွှီးဘက်ရောက်ရောက်သွားလေ့ ရှိတယ်ပေသီးဖြစ်ရင် သူ့ ဗိုက်တောင် မသထာချင်တတ်သလို ဟန်အကြွားဘက်သွားရင် အတုံးက ကြီးပြချင်လို့ အမြင်ကပ်စရာဖြစ်လာတတ်တယ်...အမြဲ ပေသီးအမြဲ အကြွားတော့ လည်း မဟုတ်ပြန်ဘူး ဟိုဘက်ကူးလိုက် ဒီဘက်ကူးလိုက်ပဲ..လူလည် အင်္ဂါကတော့  တွက်ချက်ပေါင်းတယ် ပေးတတ်တယ်..ဆုတ်တတ်တက်တတ်တယ် ပူးတတ်ခွာတတ်တယ် အခြေအနေကြည့်  ဖေါလိုက်တတ်တယ်.ဒီလို အင်္ဂါတွေက ချမ်းသာလွယ်တယ် .အလည်လွန် အင်္ဂါကတော့  ချမ်းသာချင်ဇောကြောင့်  ခွင်အရိုက်လွန်ရင်း နောက်တော့  ငဘတ် ဆိုပြီး မြောင်းထဲရောက်သွားတတ်လို့  ဒါကိုတော့  အကြွားအလိမ်အရှူတ် အင်္ဂါလို့ ခေါ်တယ်...ဒီလိုတွေ သိလည်း အများသဘောကတော့  အကျင့် ကို မပြင်နိုင်လွယ်ပါဘူး..ဒီတော့  လာ န၀င်းထိုင်..ရော့  ခရေ ရွက်ထိုးထား..အဲ့ သက်ရောက် အဲ့ လစိတ်တွေဆို ငြိမ်ငြိမ်နေဟ. သိပ်ဇောင်းမထနဲ့  မြွေဖမ်းသွားမယ်...စသဖြင့် ပေါ့  ယတြာ တွေအမြဲ ကူနေရတော့ တယ်...

သဘောက နေ့ သားတစ်ယောက်ရဲ့  တိုင်စဉ်မှာ ခိုက် နေရာက စရုက်ဟာ အမြင်သားဆုံးပဲ ဒါကို ချက်လိုက်ရင် ဘယ်လိုပေါင်းရမလဲ အတော်မှန်းလို့ ရပြီသဘော.....

နောက်ဆုံးတော့  ရှောက်ထိမ်းနေရတာ မလွပ်လပ်ဖူး..စိတ်ကျဉ်းကျပ်တယ် ..သက်ရောက်လေး လစိတ်လေး ချက်ကင်လိုက်ပြီး လိုအပ်ရင် ယတြာလေဘာလေး ကောင်းမှု့ ကုသိုလ်လေး ကူထားတာပဲအေးပါတယ်လေ ဖြစ်သွားပါရောဗျာ.....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..