
''အင်္ဂါ့ဝိဇ္ဇာအင်းသဘော ''
-----------------------------------
သုံးစရာမလိုသေးလို့ ရယ် ၊ သုံးဖို့ စိတ်မလာလို့ ကြောင့် ရယ် ကြောင့် ကျယ်ကျယ်ပြန့် ပြန့်  မသုံးသေးပါဗျာ..ပုံမှာ ပြထားတာကို အညွန့် အင်းလို့ ခေါ်ပြီး တနင်္ဂနွေသား ကို နမူနာ ပြပေးပါတယ်..၊
တနင်္ဂနွေရဲ့ အညွန့် က တနင်္လာနံဖြစ်လို့  ၂ ဂဏန်း ဖြစ်ပြီး ကံ့ ကော်သား ကျွန်းသားတွေပေါ်မှာ ဆောင်ပန်းအညွန့်  အင်းအဖြစ် ကိုယ်မှာဆောင်ဖို့ သုံးတယ်၊ အညွန့် အင်းကို စီးပွားသဘော ကံပွင့် အဖြစ်ဆောင်ပါတယ်၊ ဂဏန်းရေးပုံက ဒါက ခေတ်ရေးနည်းပါ၊ အင်းဂဏန်းရေးပုံကရှေးပုံစံသတ်သတ်ရှိပါတယ်..ထောင့် ချိုးတွေရေးတာပါ။
မူတည် ဂဏန်းက တနင်္ဂနွေနံရဲ့  အပေါ် အညွန့် သုံးလုံးဖြစ်တဲ့  ၆+၂+၅= ၁၃၊ က ဆောင်ပန်း မူတည် ဖြစ်ပြီး ၊ နင်းကြမ်းက ၄+၇+၃=၁၄ ပေါ့ ၊ ၉ကွက်အင်း ကို မြင်းခုန်ကွက် သွားပုံနဲ့  သွားပါတယ်..အညွန့် အင်းဖြစ်လို့  ၂ တိုးသွားလို့  ၁၃၊၁၅၊၁၇ တွေဖြစ်ကုန်ပြီး ၊ နင်ကြမ်း အင်း ကတော့  စနေနံအသားထိန်သားထန်းသာ ပေါ်ဆွဲပြီး ၁၄။၂၁။၂၈ တွေဖြစ်ကုန်ပါတယ်..။ ၉ကွက်မြောက်အလယ်က အကွက်လွတ်မှာတော့  ပေးလိုသူရဲ့  နံ ကိုထည့် ပါတယ် တနင်္ဂနွေဆို ၁ ပေါ့ ။
ဆောင်ပန်းအင်း သက်သက်လည်း ဆောင်နိုင်သလို ဥာဏ်လွှာသုံးပြီး နင်းကြမ်း နဲ့  တွဲသုံးရင် အထက်ဆောင်ပန်း အောက်နင်းကြမ်း သဘော န၀င်းပညာအင်း သဘောရပါတယ်..အညွန့် အင်းသက်သက် လူမှာဆောင်တာ ဟာ စန်းလာဘ်သဘောသက်သက်အတွက်ဆောင်တာပါပဲ...၊ ဒီကနဲ ခွဲချဲ့ လိုက်ရင် တြိစတုအင်းမတွန့် စေရအင်း ပဉ္စပွတ်အင်း ဆပွတ်အင်းတွေ စသဖြင့်  အများကြီး ကျယ်ဝန်းသွားပါတယ်...အရွက်အညွန့် ပညာခန်းလို အသုံးကျပါတယ်..အရွက်မရှိ ဘာမှမရှိတဲ့ နေရာတွေမှာ သုံးလို့ လည်း အတော် ကောင်းပါတယ်...
အင်းဆွဲရာမှာ နေရာလည်းသန့်  အလင်းရောင်လည်း လုံလောက်ပြီး မျဉ်းမစောင်း အကွက်ညီ အနားစွန်းမထွက် ဂဏန်းပီသ ဘောင်မထောက် အကျအပေါက် ဖျက်ရာလည်း အလွန်နဲပြီး ထိုင်ရာမထ သမာဓိကောင်းကောင်း စိတ်ငြိမ်ငြိမ် နဲ့  စေတနာပါပါ အာရုံတစ်ပါးစိတ်မသွားပဲ တိတ်ဆိပ်ငြိမ်သက်ချိန်မှာ ဆွဲနိုင်လေလေ အင်းမှာ ဆွဲနေသူရဲ့ လမိုင်းစိတ်န်ခိုးသတ္တိကူးသွားပြီး အစွမ်းရှိလာလေလေပါပဲ...
ဆွဲချိန်က အမြိတ္တစုတ်ရက် သဘောကအစ အများကြီး ရှိပါတယ်..အင်္ဂ၀ိဇ္ဇာ သဘောကတော့  နတ်က္ခတ်သဘောနဲ့  သိပ်လိုင်းမပူးဘဲ အခါတိုင်သဘော နဲ့  အင်းဆွဲလေ့ ရှိပြီး လုပ်ပေးလိုသူရဲ့  န၀င်းပေါ်ချိန်မှာတစ်ထိုင်တည်း အပြီးဆွဲပြီး ပေးလို့ ရှိရင်လည်း န၀င်းပေါ်ချိန်မှာပေးလိုက်ရပါတယ်...(တိုင်အပေါ်ရောက်ချိန်သဘောပေါ့ ) .သောကြာသား န၀င်းပေါ်ချိန်ဟာ စန္ဒရောတိုင် တနင်္လာတိုင် ဖြစ်လို့  တနင်္လာတိုင်မှာ တနင်္ဂနွေ အင်း .က ခိုက်ကြီးဆိုတာနဲ့ အင်းပညာ နဲ့  မဆိုင်ပါဘူး အဓိကလုပ်ပေးနေတာက သောကြာသားအတွက်ဖြစ်လို့ ပါပဲ..
ခဲတံ ဟာ တနင်္လာ+စနေနံ = ၂+၇= ၉ ဖြစ်လို့ အင်းဆွဲရင်ခဲတံကို သုံးတယ်လို့ တစ်ချို့ က ဆိုပြီး တစ်ချို့ ကတော့  ခဲတံဟာ တနင်္ဂနွေနံရဲ့  မတွန့် စေရ အလယ်တွဲ ပြောင်းပြန်မို့ မကြိုက်ဘူးလို့ ဆိုပြန်ပါတယ်...ကျနော်ကတော့  ဘာနဲ့ ဆွဲဆွဲ ဘယ်နေရာဆွဲဆွဲ ဆွဲတဲ့ ဆြာရဲ့  သီလ သမာဓိ စိတ်လမိုင်း တန်ခိုးသတ္တိက အဓိက အခရာပါလို့ သာ ယူပါတယ်
နောက်တစ်ချက်က ၇နေ့ သားသမီးနေ မိသားစု အိမ်တစ်ခုလုံးအတွက်ခြုံငုံ ရည်ရွယ်ဆွဲပေးရင် အင်းဆိုတဲ့ တနင်္ဂနွေနံ န၀င်းပေါ်ချိန် ဗုဒ္ဓတိုင်မှာ အပြီး တစ်ထိုင်ထဲဆွဲပါတယ်...အင်းသုံးပုံကတော့  အမျိုးစုံပါပဲ မီးထွန်းတယ် ရေစိမ်ဖြန်းတယ်ပြာချသောက်တယ် မြေမြုတ်တယ် စသဖြင့် ပေါ့ ....ဂဏန်းအင်းတွေ ဖြစ်လို့  နေရာရှောင်ဆောင်တာမျိုးမရှိပါဘူး...
ဆောင်ပန်းနင်းကြမ်းပုံမှန်အင်းက အပြုသဘောဖြစ်ပြီး ပြောင်းပြန် လုပ်ရင်အဖျက်အင်းတွေဖြစ်ကုန်ပြီး အဖျက်သဘောဘက်သွားရင် သုံးစေလိုက်ရင် စ ထိခိုက်တာက နံ အလယ်အခြာ ဂဏန်းပရိယာယ်က စပျက်ပါတယ်...တနင်္ဂနွေကို အဖျက်အင်းနဲ့  လုပ်ကြံရင် တနင်္ဂနွေနံ အလုပ်ပျက် မိသားစုပြိုကွဲ ပြီး သောကြာကို အဖျက်အင်းနဲ့ လုပ်ကြံရင် မတော်တဆမှု့ ဘေး သွေဝမ်းသွားတာ စသဖြင့် စဖြစ်လာပါတယ်....
သောကြာသားအတွက် အညွန့် အင်းသဘောဆိုရင် မူတည်ဂဏန်းက ၄+ ၇+၃ =၁၄ ဖြစ်ပြီး ဂဏန်းတိုးရင် အညွန့် စနေနံ ၇ ဖြစ်လို့  ၁၄၊ ၂၁ ၊၂၈ပေါ့ ..။ နင်းကြမ်းအင်း မူတည်ဂဏန်းက ၁+၅+၂=၈ ဖြစ်ပြီး ဂဏန်းတိုးတော့  ၅ (အမြစ်ကြာတေး) ဖြစ်လို့  ၈၊ ၁၃၊၁၈ စသဖြင့် ပါ။
၅ကြွင်းနှစ်မွေးတွေအတွကတော့  အင်းပညာသုံးရတာဟာ အတော် သတိထားသုံးရပြီး ရေရှည်တော့  ပေးသုံးလေ့ မရှိပါဘူး တနင်္ဂနွေနံဟာ မရဏနံဖြစ်လို့  အင်္ဂ၀ိဇ္ဇာဂဏန်း အင်းတွေကို တပွဲတိုးသာသုံးပေးတတ်ပြီး သူတို့ အတွက်ကတော့  စမရုပ်အင်းသဘောတွေသာအများဆုံးသုံးလေ့ ရှိပါတယ်...
ဆွဲပေးသူဟာ စိတ်စေတနာ သီလ သမာဓိ ခိုင်ပြီဆိုရင် စက္ကူပေါ် / နံသင့်  ကာလာအရောင်ရွေးထားတဲ့ စက္ကူပေါ် / သစ်ရွက် / သ်မ်ဝင်သပိတ်ကွဲ/သစ်သားတွေ စသဖြင့်  ဘယ်အပေါ် ဘယ်အချိန်ဆွဲဆွဲ တပွဲတိုးအင်းအဖြစ် ဆွဲပေးနိုင်ပြီး အစွမ်းရှိစေပါတယ်..ဒါဟာ စိတ်တန်ခိုးကြီးသူတွေရဲ့ သဘောတရားပါပဲ...
မိတ်အင်းရန်အင်း အတက်အင်း ဆုတ်အင်း လက်ယျာအင်း လက်ဝဲအင်း စသဖြင့် ထွေလီကာလီ အင်္ဂါ့ ဝိဇ္ဇာဂဏန်း ၉ ကွက် ၁၆ကွက် စသဖြင့် တွေလည်းရှိပါသေးတယ်...။ အင်္ဂါ့ ဝိဇ္ဇာ ဂဏန်းအင်းတွေ စလေ့ ကျင့် တဲ့ အခါ မှာ အကွက်တွေ တစ်ခါတည်း နဲ့ သေသပ်ပြီးစီးအောင်အရင်ဆွဲလေ့ ကျင့် ပါတယ်...အင်းဆောင်ချင်လို့ ရေးတော့  ပုံစံတူနမူနာ အလွတ်ရေးထားတဲ့ အင်းကို ကြည့် ပြီး ဂဏန်းရေးတော့  ဂဏန်းပေါင်းမမှားတော့ ပါဘူး...ဂဏန်းတစ်လုံးထည့် တိုင်း အသက်အောင် သရဏဂုံ (သို့  ကိုယ်အာရုံကျရာ ဂါထာတစ်ခုခု) စိတ်ကရွတ်ပြီး ခပ်မှန်မှန် ရေးချလိုက်ပါတယ်...တစ်ချို့ ဆြာကတော့  ကိုယ့် ဖင် စအိုဝကို ဖနောင့် နဲ့ ပါ ပိတ်ထိုင်ပြီ ဆွဲပါတယ်...
အင်္ဂ၀ိဇ္ဇာအင်းကလည်း ကျဉ်းသလိုလိုနဲ့  တကယ် နှိုက်ကြည့် ခဲ့ တုန်းကတော့  မထင်မှတ်လောက်အောင် ကျယ်တော်မူတာပါပဲဗျာ.....။ အင်းဝါသနာပါရင် တော့ အလွယ်ဆုံး စတင်လို့ ရတာ နဲ့ မထင်မှတ်ပဲ ကျယ်ပြန့် တာက အင်္ဂါ့ ဝိဇ္ဇာအင်းတွေဖြစ်ပြီး ပျော်စရာတော့ အတော်ကောင်းပါတယ်....ဘာဘဲဖြစ်ဖြစ် အင်းဆွဲတဲ့ သူရဲ့  သမာဓိ ၊ စိတ်တန်ခိုး စေတနာ က အရင်ပဓာနကျပါသဗျာ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..