
ငွေလည်ပတ်မှု့ အတွက် တြင်းန၀င်း အညွန့် လှုနည်းစတိုင်
--------------
ရည်ရွယ်ချက်က တနင်္လာနံဆိုတဲ့ ငွေကြေး လည်ပတ်မှု့  ပိုအားကောင်းအောင် တြင်းန၀င်းစတိုင်နဲ့  အင်္ဂါနံ ဇီး(သို့ )ဇော်စိမ်း၈ရွက် အညွန့် လှုတာပါ..။ အခါတိုင်နဲ့ ချိန်လှုရင် တနင်္လာနေ့ မနက် ၉နာရီကနေ ၁၀နာရီခွဲကြား (သို့ ) အခါတိုင်မှာ တနလာံနံ န၀င်းရောက်ချိန် ဂုရုတိုင် (သို့ ) စိတ်ကူးပေါက်တဲ့ အချိန် ထ လှုတာပါ.
ငွေ အတွက်ရည်ရွယ်တာဖြစ်လို့  ကိုယ့် မွေးနံတွေ ကိုယ့် မဟာဘုတ်တွေ ဘာမှထည့် စဉ်းစားနေစရာမလိုပါဘူး၊ ဒီလှုနည်းဟာ နည်းပညာပိုင်းရှုတ်ထွေးတဲ့  ငွေန၀င်းပွဲနည်းပညာကနေပိုပြီး လူတကာလုပ်ရလွယ်အောင် နဲ့  အလုပ်ဖြစ်အောင်ချုံ့ ပြီး စဉ်းစားလုပ်ထားတဲ့ နည်းပါ။ လုပ်ခဲ့ တာ ၁၀စုနှစ်တွေတောင်ကျော်ခဲ့ ပါပြီ
မူလက ငွေထုထည်ကြီးတွေနဲ့ လည်ပတ်နေတဲ့ သူတွေ အတွက် တပွဲတိုးအဖြစ် ငွေဂျမ်းဖြစ်တဲ့ အခါ ပြောပြလိုက်တတ်ပေမယ့်  နောက်တော့  ကြုံရင်လိုရင်ပြောပြလိုက်ပါတယ်။
တြင်းန၀င်းဆိုတာ (အညွန့် နံ+တြိရန်း+စတုရန်း)= န၀င်းအင်အားရအောင် နံသုံးနံပေါင်းဓါတ်ဆင်တာပါ။ ဒွေးန၀င်းက အမြစ်အညွန်တို့ ပန်းယ တို့ လို ၂နံပေါင်းတဲ့ န၀င်းတို့ ပေါ့။ ။
ငွေကြေးဆိုတာ တနင်္လာနံဖြစ်ပါတယ်၊ တနင်္လာနံ ၂ ဂဏန်းကို မူလ အလယ်မှာထားရင် တနင်္လာနံရဲ့ ( တြိ+စတု)က (လက်+ဖက်= လက်ဖက်)ပါ။ အညွန့် က အင်္ဂါနံ ဇော်စိမ်းပါ။ ဒီတော့  ပန်းကန်ပြားတစ်ချပ် ရဲ့ နှုတ်ခန်းသား ပတ်လည်မှာ လက်ဖက်အသားလေးတွေ ၉ ပုံ ပုံလိုက်ပါတယ်၊ လက်ဖက် ၉ပုံရဲ့  အလည်မှာ
ငွေဆိုတဲ့ ပိုက်ဆံတစ်ရွက်ကို ခင်းထည့် လိုက်ပါတယ်။ ပြီးတော့ မှ အဲ့ ငွေစက္ကူပေါ်ကနေ တနင်္လာနံရဲ့ အညွန့် ဇော်စိမ်း ၈ ရွက်ဖန်ခွက်ကိုတင်ပြီး ငွေဝင်ကောင်းပါစေလို့ အာရုံပြု ဘုရားကပ်ထားလိုက်ပါတယ်။ တစ်ပတ်လောက်ထားလေ့ ရှိပြီး နောက်အပတ် မှာ တစ်ခါ အရွက်တွေ လက်ဖက်တွေ အသစ်လဲတာ ၃ ပတ်လောက် လုပ်တယ်ပေါ့ လေ။....ဒီလက်ဖက်က န၀င်းပွဲလှုတုန်းက ပွဲကကျန်တဲ့ လက်ဖက်ကို သုံးတယ်။ အလယ်ကငွေက မီးထွန်းပိုက်ဆံကို သုံးလိုက်တာပါ၊ ရိုးရိုးလက်ဖက် ရိုးရိုးပိုက်ဆံသုံးလည်း ရတာပါပဲဗျာ...တြင်းန၀င်း ဆိုတာ အလယ်မူလက နံကို အဖွင့် အင်အားကြီးဖြစ်လာစေတဲ့ သတ္တိရှိပါတယ်..ဒီတော့  အလယ်အခြာမူလက ငွေ (သို့ ) တနင်္လာနံ ကို ပိုအားကောင်းစေလိုလို့ လှုတဲ့ သဘောပါ။ဘယ်သူမဆိုလှူလို့ ရပြီး လွယ်ကူတဲ့  အညွန့် လှုနည်းပါပဲဗျာ...
အဲ ငွေဝင်ချင်လို့ ဓါတ်ဆင်တာကို '' အခု ချက် ကောက်ရေး အဲ့ ချက်လက်မှတ်နဲ့ ဘဏ်ကနေ ပိုက်ဆံ ချက်ချင်းသွားထုတ်သလိုမျိုး ''' ငွေချက်ချင်းဝင်မှာလားငင်..?့ .....ဆိုရင်တော့  အဲ့ လိုတော့ လည်း မပြောတတ်ပါလို့  တစ်ယောက်နဲ့ တစ်ယောက် အစစ အတိတ်ကံမတူ အခုကံလည်းမတူ သီလမတူ အကျင့် မတူ စိတ်ထားမတူ အသက်မွေးစတိုင်မတူ ဟိုဟာမတူ ဒီဟာမတူ မတူတာတွေကများလို့  ငွေအ၀င် အနှေးအမြန် အနဲအများတော့  ကွာသွားတတ်ပြီး ကိုယ်လုပ်ခဲ့ သမျှတော့  '''မဆိုးဘူး အရက်ကိစ္စလည်း မပြော အသားလည်းမရှောင်ရ ရွတ်တာ ဖတ်တာတွေလည်းမပါ ပုတီးလည်းမကိုင်ရ တာလီလည်းနှိပ်စရာမလို စရိပ်ကျဉ်းလေးနဲ့  အပန်းတော့ မကြီး အလုပ်တော့ ဖြစ်သား '''....လို့ ပဲ ပြောနိုင်ပါကြောင်းဗျား
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..