Powered By Blogger

Sunday, May 3, 2015

ခေါင်းဆေးမင်္ဂလာအလွယ်..

ခေါင်းဆေးမင်္ဂလာအလွယ်..
----------
မူလသဘောနဲ့  အသိများသဘောက နှစ်ဆန်းတစ်ရက်ကိုပဲ လုပ်တယ်...လုပ်တဲ့ အခါ တြိစတုကိုနင်းပြီး အညွန့် ကို တရော်ကင်းပွန်းစိမ်ပြီးခေါင်းစတိလျှော်တာ.. ကျက်သရေတိုးအောင်ပေါ့ ..ကျက်သရေမဲ့ တာတွေ ပပျောက်အောင်ပေါ့ ...ဥပမာ တနင်္ဂနွေဆို..ညာရွက်လှ ဘယ်ဇီး ကိုခြေမှာနင်း ကံ့ ကော် ကို တရော်နဲ့ စိမ် ပြီး ခေါင်းလျှော်တာ..နှစ်ဆန်း ၁ရက်နေ့  နေတက်ရေတက်မှာပေါ့ ..ပြီးရင် ကောင်းမှု့ တွေ ဆက်လုပ်ပေါ့ ...

ကျနော်တို့ က ဒါကို ချုပ်ချလိုက်တယ် အထက်ဆောင်ပန်း အောက်နင်းကြမ်းကိုပဲ ယူတော့ တယ်...ဆိုပါတော့  ကြာသာပတေး ဆို စွယ်တော်တွဲ လို့ ထားပါတော့ 
ဇော်စိမ်း ၈ ရွက်ကို တရော်နဲ့ စိမ်ထား ခြေဖ၀ါး ၂ဖက်မှာ ဒန်း (သို့ )ထန်း ၁၀ကို မျှနင်းထားပြီးခေါင်းလျှော်ပေါ့ .. (ဇော်စိမ်းကို တစ်ရွက်ချင်းဆယ်ပြီး သပ်ချတာ)
ပြီးရင် စွန့်  ရေဆက်ချိုး ပြီးရင်ကောင်းမှု့ တွေ ဆက်လုပ်ပေါ့ ...ဒါကို နှစ်ဆန်း ၁ရက်နေတက်ရေတက်မှာ လုပ်တယ်ပေါ့ ....

နောက်တော့  နှစ်ဆန်း ၁ရက်တင်မဟုတ်ဘူး လမရွေးလုပ်တယ် မွေးနေ့ မနက် ၉နာရီကနေ ၁၀နာရီခွဲကြားလုပ်တယ်..

နောက်တော့  ထပ်ချုပ်တယ် တရော်မထည့် တော့ ဘူး...ဆောင်ပန်း အညွန့်  ဇော်စိမ်းကို ရေစိမ်ချိုးတယ် ချိုးနေချိန် ချေဖျားမှာ ဒန်း တို့ ထန်းတို့ နင်းထားပြီးချိုးနေတယ်ပေါ့ ..ဒီနည်းက အညံ့ တွေ ဘူနေတာတွေ လာဘ်ပိတ်နေသလိုဖြစ်နေတာတွေ မိသားစု တိုက်ပွဲ အလုပ်ခွင် တိုက်ပွဲတွေကြားညပ် သလိုဖြစ်နေတာတွေမှာသုံးတယ် ထိရောက်တယ်....ဒါကို န၀င်းတစ်လုံး ကိုယ့် ဟာကိုယ် ရိုက်လိုက်တာလို့  ခေါ်တယ်...လုပ်ပါများရင် ကာဗာသိပ်ကောင်းလာတယ် ပိုသွားတယ်ရယ်လို့ မရိဘူး ဆိုက်အဖက်မရှိဘူး ဘေးကင်းတယ်...သန့် တယ် အရွက်လွယ်ရင် မခက်ခဲဘူး


မဟာဘုတ်မသိရင် နေ့ သားတွေရဲ့  အလယ်တွဲ အမြစ်အညွန့် မတွန့် စေရ အတွဲနဲ့  အမြစ်ခြေနင်း ဆောင်ပန်းရေစိမ်ချိုးတယ် ဥပမာ စနေဆို အုံး လက် ၆ ပိုင်း ရေစိမ် သီဟို ၆ရွက် (သို့ ) သီး ၆ညွန့် ကို နင်းရေချိုးတယ် နေ့သား က အခါတိုင် အပေါ်သုံးနေရာမှာရောက်နေချိန်ပေါ့ ...

ရေချိုးပြီး စွန့် ပစ်အရွက်တွေ ကောက်လွှင့် ပစ်ရင် သူများကို အကူအညီတောင်း ကောက်ခိုင်းတာကတစ်နည်း အဖေါ်မရှိလို့ ကွကိုယ် တစ်ပွေတည်းကျဲရပြီဆိုရင် ကိုယ့် အသားနဲ့ တိုက်ရိုက်မထိတော့ ပဲ ပလပ်စတစ်တို့ စက္ကူတို့ နဲ့ ညှပ်ကိုင်ပြီးအမှိုက်ပုံးထဲထည့် တယ်...
ပြီးတော့  ဒါဟာ အသက်အရွယ်မရွေး နေရာမရွေး လုပ်လို့ ရတဲ့ နည်းပဲ ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..