ရာဟု ကိုလင်မယား၂ယောက် ပြိုင်တူဖြတ်တဲ့ အခါ..(အိမ်ထောင်းရေးဆိုတာ...)
---------------------------------------------------------------------------------
၁။ လင်က..၈၀ဖွား ၅ကြွင်းကြာသာပတေးသား ဘင်္ဂ ဖွား သဘောင်္သားပါ။ ခုတော့  ၃၄နှစ် ရာဟုသက်ရောက်ပါ..သဘောင်္လိုက်တာ သဘာရင့် ဖြစ်ပြီး ခုတော့ ကုန်းပေါ်မှာ၆လလောက် ဖရီးရိုက်နေပါတယ်..။(သူဟာသူ့ အသက် ၂၂ လောက်ထဲက စလိုက်လာသူပါ ၅ကြွင်းဖြစ်လို့  အိုတဲ့ အထိလိုက်ရမယ့် သူပါ)။
၂။မယားလုပ်သူကတော့  ၈၄ခုဖွား၁ကြွင်းဗုဒ္ဓဟူး မရဏဖွား ဆပ်ဆပ်ကျဲ ယောက်ျားလုပ်စာစားနေ၊လင်ရဲ့ မိဘတွေနဲ့ သမီးအရင်းလောက်နီးနီအကျွမ်းဝင်သွားပြီး ချစ်ခင်မှု့ တောင်ရနေပါပြီ။ အခုအသက် ၂၈မှာ ရာဟုသက်ရောက် ဖြစ်နေပါပြီ။
၃။ ၂၀၁၀ ခုနှစ် က မိဘတွေ သဘောတူကြပြီး တင့် တောင်းတင့် တယ် ယူလိုက်ကြသူတွေပါ ရီးစားသက်တန်းကတော့ ကြာခဲ့တယ်လို့ ဆိုပါတယ်။ အိမ်ထောင်သက်၃နှစ်ရပြီပေါ့ လေ ၊ပူတူတူးလေး ကတော့  မရသေးပါတဲ့ ..။
၎။ ဗေဒင်ဆရာဆီကိုရောက်လာရတာကတော့  လင်မယားကွဲမလိုလို ဖြစ်နေလို့ ပါ ။ လာတာကတော့  လင် ဖက်က မိဘ၂ပါးနဲ့  လင် ကိုယ်တိုင်ပါ...မယားက စိတ်တွေကောက်ကွေး သွားပြီးမိဘ အိမ်ဆင်းပြန်သွားတယ်လို့ ဆိုပါတယ်..၊ အကြောင်းအစကတော့ ထုံးစံအတိုင်း လင်သဘောင်္သား ကုန်းပေါ်မှာနားနေတုန်း အီစီကလီတွေလျှောက်လုပ်နေတာ မယားကနောက်ကလိုက်ချောင်းလို့ မြင်သွား ပြီး မယ်ကုဝဏ် လိုပေါက်ကွဲပြီး မိဘအိမ်ပြန်တော်မူသွားပြီး ကွဲမယ်ကွာမယ် လို့  လင် ကို ရာဇသံပို့ နေတယ်လို့ ဆိုပြီး လင်ကိုယ်တိုင် နဲ့  လင့် မိဘ ၂ပါးက သူတို့  ၂ ယောက်ကို မကွဲစေချင်ဘူးလို့  ဆိုလာပါတယ်။
ဤသို့ စ လမ်းကြောင်းပြလိုက်၏။------------------------------------
-၅။..လင်က မကွဲချင်ရင် လင် ကိုယ်တိုင် လက်မှတ် ထိုးမပေးမချင်း မကွဲပါဘူုးလို့  အရင်စပြောလိုက်ပါတယ်..၊ ဒါက ဥပဒေအကြောင်း တီးခေါက် ထား ရင်နားလည်နိုင်ပါတယ်။ မြန်မာဥပဒေမှာ လင်ဟာ နောက်မိန်းမတစ်ယောက်ကို စာချုပ်နဲ့ ထပ်ယူလိုက်ရင် မယားပြိုင် ဖြစ်သွားပါတယ်..၊မယားက လင်ကို ကွာချင်လို့ ရုံးတက်ရင် ၆လ တစ်နှစ် လောက် ဖေါက်ပြန်နေပြီး မထောက်ပံ့ ကြောင်း ၊ညှင်းပမ်းနှိပ်စက်ကြောင်း ခိုင်လုံတဲ့ အထောက်အထား၊ဆေးစာ၊ ရပ်ကွက်ရုံးသက်သေ ၊ လူသက်သေ ဘာညာတွေ လိုပါတယ်. လင်က မကွာမပေးချင်း မယားဟာ မယားသာဖြစ်နေပြီးနောက်လင်လည်းယူမရပါဘူး၊ မယားရဲ့  ဆွေမျိုးသူငယ်ချင်း မိဘတွေ ကလည်းလင့် အိမ်ကဆင်းလာတာကို ကြာကြာခေါ်ထားခွင့် မရှိပါဘူး ၊လင်က မယားပြန်ခေါ်လိုရင်ဥပဒေအရ ခေါ်လို့ ရပါတယ်...။ဒါက ယေဘူယျ မြန်မာပြည်က လင်နဲ့ မယား ဥပဒေသဘော။..
၆။ ဗေဒင်အကြောင်းအရ ကတော့ ... သူတို့ အိမ်ထောင် သက်ဟာ ၃ နှစ်ရှိပြီလို့ ဆိုတယ်...ဒီတော့  သူတို့ စယူလိုက်တဲ့ အသက်ကြည့် ရင်လင်ကြာသာပတေးဟာ ၃၁ နှစ် ဗုဒ္ဓဟူးသက်ရောက် သက်ရောက်ဆိုး ၊ မယား ဗုဒ္ဓဟူးဟာ အသက်၂၅ နှစ် အင်္ဂါသက်ရောက် သက်ရောက်ဆိုးတွေချည်းပါ..။ ကျနော်တို့ သီအိုရီထုတ်ထားသလို လူ၂ ယောက် အိမ်ထောင် ပြုရင် အနဲဆုံးတစ်ယောက် သက်ရောက်ကောင်းနေသင့် တယ်လို့  ပြောထားဖူးပါတယ်။ ၂ ယောက်စလုံး သက်ရောက်ဆိုးနေရင် အိမ်ကနေ ခွဲနေရတဲ့  အချိန်များတဲ့ အလုပ် လုပ်နေမှသာ အိမ်ထောင် သက်တန်းရှည်ဖို့  ကျိမ်းကျေသလိုဖြစ်နေပြီ ပူးနေတာကြာသွားရင်ခွဲရဖို့ အကြောင်းတွေ ဖြစ်လာတတ်တာ၊ ခေါင်းစဉ်မျိုးစုံနဲ့ ခဏခဏ ရန်ပွဲတွေဖြစ်လာတာ၊ မခဲနိုင်မခွာရက် အချစ်တွေပိုပြီး တည့် လွန်အားကြီးရင် ရောဂါသည် တွေဖြစ်လာတာမျိုးဖြစ်လာတတ်ပါတယ်၊
၇။ နောက်တစ်ချက်က ကြာသပတေးသားဟာ ၈၀ဖွား ၅ကြွင်းဖြစ်ပါတယ်..၅ကြွင်းပီပီ လူမှု့ ရေးက အကောင်းလွန်တတ်တယ်..အိမ်ထောင်မကျခင်သာ မယားနားကပ် တတ်ပြီးအိမ်ထောင် ကျသွားရင်ရွာရိုးပတ်တတ်ပါတယ်။ရာဟုသက်ရောက်ဟာ ပျိုပျိုအိုအို စန်းထပါတယ် ၊လူလွတ်တွေဆို ရီးစားရလွယ်တာ၊ အိုဗာဖြစ်ရင် အိမ်ထောင်ကျလွယ်တာဖြစ်ပြီး၊ အိမ်ထောင်သည်ဆို အနှိပ်ခန်းပါသွားတာ၊ ကဲ ချင်စိတ်ကြွလာတာအိုဗာဖြစ်ရင် စမော်ဆွဲတာတွေအထိဖြစ်တတ်လွယ်ပါတယ်။ဒီတော့  ၅ကြွင်းကြာသာပတေး လင် ဟာ အသက်၃၄ ဖြတ်တော့  အသက်က အရွယ်ကောင်း၊ သင်္ဘောမတက် ကလပ် တက် ။ ရုပ်ကလည်းရှိ၊ ပိုက်ဆံကလည်း ရွှင်၊သားသမီးကလည်းမရသေးတော့ ..၊ အီစီကလီ ဇာတ်ကားတွေစရိုက်လာတော့ တာပါဘဲ၊ (ဘယ်အဆင့် အထိ လည်းတော့  သူ့ မိဘကမပြောပါဘူးခွက်ကပ်အနံ့ ရှူယုံလား ၊ရေဆင်းကူးမိသလားကတော့  မေးမနေတော့ ပါဘူး)။သားသမီးမရသေးတာကတော့  ၂ ယောက်စလုံးကြောင့် ပါဘဲ ဗုဒ္ဓဟူးသမီးကလည်း၂၅ နှစ် အင်္ဂါသက်ရောက် မှာ စခဲ့ လို့ ၊ ကြာသာပတေး ၃၁ကလည်း လူမမာနှစ် ဗုဒ္ဓဟူးသက်ရောက်မှာစခဲ့ လို့  ဖေါင်ဒေးရှင်း မကောင်းတဲ့ တိုက်ဆောက်မိသလို ဖြစ်နေလို့ ပါဘဲ။တစ်ခုပြည့် စုံ တစ်ခုက လိုနေတာမျိုးသဘောပေါ့ ၊လောကဆိုတာဒီလိုပါဘဲ..၊ လိုတရပြည့် စုံအခြေအနေမျိုးကို မပေးတတ်ပါဘူး၊ တစ်ခုခုဖက်မှာ အလိုမပြည့် အောင် ဟ ထားတတ်ပါတယ်။
၈။ ဗုဒ္ဓဟူးသမီးကံအရ အသက်၂၈ ဟာ ရာဟုဖြစ်လို သူပါတကယ်တော့  စန်းပွင့် နေပါတယ်..။ ဒါပေမယ့်  ယောက္ခမတွေနဲ့  သမီးအရင်းလို ဗိုင်းကောင်းကျောက်ဖိ နေခဲ့ တဲ့  ၁ကြွင်းမရဏဖွားဖြစ်နေတာရယ်၊ သူ ရာဟုက ၁ကြွင်းမရဏဖွားဖြစ်နေလို့  ဒီရာဟု ဟာ ရာဟု အစုတ်ပလုပ် စန်းအစုတ် ပလုပ်ကြီးဖြစ်နေတာကြောင့်  ရာဟု ဟာ ရာဟု အလုပ် လုပ်ပြီး ဗုဒ္ဓဟူးသမီးကို စန်းပွင့်  လို့ မရ လို့  ရတဲ့ လူသွားပွင့် လိုက်တာ သူနဲ့ အတူတူရာဟုဖြတ်လာတဲ့  လင်၅ကြွင်းကြာသာပတေးသားကို စန်းသွားပွင့် စေလိုက်တာဘဲဖြစ်ပါတယ်..အခြေအနေပေးပုံက လင် ကြာသာပတေးဟာ မယား ဗုဒ္ဓဟူးကို မိဘတွေမျက်စိအောက်မှာစိတ်ချထားပြီးကိုယ်တိုင်က ရွားရိုးပတ်ခွင့် ရနေခဲ့ လို့ ပါဘဲဗျာ...။
ဆွေးနွေးခန်း-----------------
၉။ ကိန်းခန်းအရတော့  အိမ်ထောင်ပျက်ကိန်းမရှိဘူး လို့ ပြန်ပြောလိုက်ပြီး ပျက်လိုတာ မပျက်လိုတာက ကိုယ့်  ၂ ယောက်သဘော အတိုင်းသာဖြစ်ကြောင်း၊လင်က မပျက်လိုရင် ဥပဒေကြောင်းအရ လက်မှတ်မထိုး လိုက်ရင် မယားလေးဟာ ဘယ်လောက်ကွဲချင် ချင် ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲကွဲမရပါကြောင်းပြောလိုက်တော့ ...
၁၀။ လူသိရပ်ကြားတော့  သတင်းတွေကျယ်ကျယ်ပျံ့ ပျံ့  မဖြစ်လိုပါဘူး သမီးလေးလည်း စိတ်ပြေပြီး အရှက်မရစေချင်ပါဘူး၊ အိမ်တွင်းမီး အိမ်တွင်းမှာဘဲ ငြိမ်းသွားစေချင်တာပါဘဲ .သားလုပ်သူ ကလည်း အမှားကို နောင်တရနေပါပြီ ခုတောင် စာမပျော် အိပ်မ၀င်ပါ..၊ .ဘယ်နှယ့် ညာ့ နှယ်နဲ့  လင်နဲ့  လင့် မိဘ ၂ ပါးက မကွဲစေချင်ဘူး ပြန်ပေါင်းထုတ်ယတြာလေးလုပ်ပါရစေ ၊ သူတို့ ပြန်အဆင်ပြေရင်သင်္ဘော ပြန်တက်မှာပါ ၊ ဘာညာ ပေါ့ လေ...။
ယတြာကူသောအခါ-------------------------
၁၁။ လင်မယား ပြန်ပေါင်းထုတ်အောင်ဆိုပြီး ကောက်ညှင်ပြန်ပေါင်းတော့  တစ်ခါမှ ဘုရားမလှုခိုင်းဘူးပါဘူး..။ ကျနော်တို့  ပေးညွှန်လေ့ ရှိတဲ့  နှစ်နံတွဲ ယတြာတွေသာပေးလိုက်ပါတယ်..။
၁၂။ အရွက်အနေနဲ့  ရာဟုထောင့် မှာ လင်ကြာသာပတေးကိုသွားပြီး ကြာသာပတေး+ဗုဒ္ဓဟူး ၂ နံတွဲ အရွက်တွေ ဖြစ်တဲ့  မရမ်း+လက်ပံ(သို့ )လဲမှို့ ရွက်၊နဲ့ နံတူအရွက် ရွက်လှ +ပျဉ်းမ (သို့ )မေမြို့ ပန်းတွေကို လှုခိုင်းလိုက်တယ်၊ လင်ဟာ မိဘ အိမ်နေလို့  အိမ်မှာပါလှုခိုင်းလိုက်တယ်၊ အစားအသောက်လှုခိုင်းတာက ၂ နံတွဲ အဖြစ် (လင်ဗန်း)အရွယ်တော် ထဲမှာ(လဘက်)သားအကြော်မပါ ၂ဇွန်းခန့် နယ်ပြီးသားနဲ့  ၊ (ဖယုံ)ယိုလေးနဲနဲအတူတူထည့်  မင်္ဂလာဦးက ၂ယောက်တွဲဓါတ်ပုံကလေးကို လင်ဗန်းအောက်ခံပြီး မနက်တိုင်းဘုရားကပ် ခိုင်းလိုက်ပါတယ် ၁ပတ်လောက်ဆက်တိုက်ပါ...။၁ပတ် ကျော်ရင် နေ့ စဉ်မလို သူ့ မွေးနေ့ ကိုယ့် မွေးနေ့  ၂ရက်သာလှုပါပေါ့ ..။
၁၃။ မြေပဒေသာမှာ ရောင်းတဲ့  (မရမ်း)ပင်ပေါက်ကလေးကို ၀ယ်..၊စိုက်မယ့် မြေအိုးထဲမှာ အပင်ပြောင်းမစိုက်ခင် ၂ ယောက်တွဲဓါတ်ပုံကို ပလပ်စတစ် လောင်းထည့်  ။ ပြီးမှ မရမ်းပင်ပေါက်ကလေးစိုက်ထားခိုင်းပြီးအမ်ရှေ့ မှာထားခိုင်းလိုက်ပါတယ်..ကြာသာပတေး+ ဗုဒ္ဓဟူး၂နံတွဲသဘော ပေါ့  အိမ်ထောင်အလွယ်နဲ့ မကွဲအောင်ပါ..။...ယတြာက ဒါပါဘဲ တစ်ခြားဘာမှမပါ ပါဘူး.။
၁၄။..၁ပတ်မပြည့် ခင်မှာ ပေါက်ကွဲနေတဲ့  ဆင်ဖမ်းမယ်ကျားဖမ်းမယ်ဆိုတဲ့  ဗုဒ္ဓဟူးသမီးလေးဟာ လေသံတွေပြန်ပြောင်းလာပြီး တကယ် မကွဲချင်သေးလို့ ၊ ငယ်ရီးစားမို့ လို့  ၊ ကွဲကံမရောက်သေးလို့ ၊ မိဘ မျက်နှာပျက်မှာစိုးလို့  ၊ တစ်ကြိမ်တစ်ခါမို့ လို့  ၊ ဖြစ်တတ်တဲ့ ကိစ္စမို့ လို့ ၊ ခုခေတ်ဟာလေးတွေကိုကဲလို့  ၊ အရင်ကအေးအေးလေးနေခဲ့ တဲ လင်ပါ အပေါင်းအသင်းတွေကြောင့် ပါ သူဟာ လူရိုးလူကောင်းလေးပါ... ယောက်ျားဆိုတာ တစ်ခါတစ်လေ မှားတတ်ပါတယ် ၊ ဘာလို့ ညာလို့  ...ခေါင်းစဉ်မျိုးစုံ ဆင်ခြေပေါင်းများစွာ ၊အကြောင်းပြချက်ပေါင်း များစွာနဲ့  ၃ပတ် လောက်မှာ ကောက်ညှင်ပြန်ပေါင်း အတူတူပေါင်းစား နေသွားပြန်ပါပြီ။
၁၅။...ဒီ ကြာသာပတေးသင်္ဘောသား ငတိ ကို ထပ်ပြီး ထောက်ပြောပြော ပြောလိုက်ပါသေးတယ်.. ..နောက် ၈ နှစ်အကွာ ဂြိုလ်တစ်ပါတ်လည်လို့  အသက် ၄၂ နှစ်ရောက်ရင် အရွယ်ဓနပိုတောင့် လာ ချိန် နောက်ထပ် ရာဟု ပြန်ကြုံဦးမှာ ဖြစ်ပြီး ဒီလိုဘဲ ရာဟု ဇာတ်ကားတစ်ကားထပ်ရိုက်ဖို့ အခွင့် အရေး လာပါဦးမည်လို့  ။ (သက်ရောက်တွေဟာ အကျင့် ပါတတ်ပြီး ဆင်တူယိုမှား လေးတွေ မတိမ်မယိမ်းလေးတွေပြန်ဖြစ်တတ်ပါတယ်ဗျား..).။(လင် ကြာသာပတေးသားကတော့  ခုတော့  သူ တစ်ခါမှ မကဲ ခဲ့ ဘူး သလို ဖြီးဟီးဟီး လို့  သွားဖြဲပြ သွားပါတယ်ခင်ဗျား.....)။(ခုတော့  သင်္ဘောပြန်တက်လေ၏)။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..