Powered By Blogger

Tuesday, December 15, 2015

စေတနာကောင်းရင် ကံကောင်းမယ်


ကံဆိုတာ အလုပ်လို့ ဆိုတယ် အလုပ်မှာ ရုပ်အဓိက သဘောဆောင်တဲ့ အလုပ် စိတ်အဓိက သဘောဆောင်တဲ့ အလုပ် သဘော ယေဘူယျခွဲနိုင်မယ် စိတ်အဓိက သဘောဆောင်တယ်ဆိုတာ ထိုင်ပြီးမေတ္တာပို့ တာမျိုး ရုပ်အဓိကသဘောက စာသင်ပေးတာမျိုး တတ်စေချင်ယုံ စိတ်နဲ့ တင် မပြီးသဘောပေါ့  ဘာဘဲ ဖြစ်စေ စိတ်က အရင်ဦးဆောင် စေ့ ဆော် ဆန္ဒ ဖြစ်လာတာမျိုး. တရားသိချင်တာက စိတ် လက်တွေ့ ထကျင့် တာက သိချင်တာကို လက်တွေ့ နဲ့  ပေါင်းတာမျိုး...သိချင်ယုံနဲ့ ပြီးနေရင် ဘာတရားမှ မရနိုင်သလို သိချင်စိတ် ဖြစ်မလာသေးရင်လဲ ဘာတရားမှ ရဖို့ မနီးစပ်နိုင်သေးဘူး...

စေတနာ ကောင်းရင် ကောင်းတဲ့ ကံ အကျိုးပြန်လာတယ် စေတနာဆိုး နဲ့ ဆို ဆိုးတဲ့  အကျိုးပြန်လာမယ် ။ အဲ့  မှာ အကြောင်းတစ်ခုခု ပြုတိုင်း အကျိုးပြန်လာတာမှာ လာချိန် စတိုင်တွေ မတူတော့ ဘူး ခု လုပ် ခုအကျိုးပေးတာ ခုလုပ် သေလွန်ပြီး နောက်တစ်ဘ၀ကျမှ အကျိုးပေးတာ ( နောက်ဘ၀ရှိကြောင်းတွေ သံသရာရှိကြောင်းတွေ ကို ငြင်းထားရင် အဲ့  အချက်က ငြင်းထားသူတွေကို ဘယ်လိုမှ မဆွဲဆောင်နိုင်တော့ ဘူး) သေလွန်ပြီး သံသရာ ဘ၀တစ်ကွေ့ ကွေ့ ကျမှ အကျိုးပြန်လာတာ မျိုးဆိုတဲ့ 
အကျိုးပြန်လာချိန်တွေ ကွဲကုန်တယ်...ခုလုပ်တိုင်း ခုအကျိုး သဘော လို့   အချိန်ကို ပုံသေ တွေးထားလို့ ရဘုးသဘော

အဲ့ မှာ ရုပ်အကျိုး နာမ်အကျိုးသဘောလဲ ကွဲနိုင်သေးတယ် ရုပ်အကျိုးသာ အချိန် သဘော ကွာချင်ကွာနိုင်တယ် ခု မေတ္တာပွားလို့  ခု ပြန်အကျိုးရတာမျိုးက စိတ်ပါလက်ပါ မေတ္တာ ပွားနေရင် ပွားသူကိုယ်တိုင်ရဲ့  စိတ်မှာ ကြည်နူးပီတိ ငြိမ်းချမ်းရေ ရသတွေ ချက်ချင်း ပြန်ရနေတယ်ဆိုတာ မေတ္တာကို သန့် ရှင်းတဲ့ စိတ်နဲ့  စိတ်ပါလက်ါ ပွားနေကျလူတွေက သိလိမ့် မယ်  စိတ်က မေတ္တာပွားနေတုန်းမှာ အဲ့ စိတ် မှီတွယ်ထားတဲ့  ရုပ်ဘော်ဒီဟာ အကြည်ဓါတ်တွေ ဖြစ်နေတာ ဘေးလူက မြင်သာ သိသာနေတယ်...ဒါက လက်ငင်းအကျိုးသဘောမှာ တစ်ချို့ အကျိုးတွေဟာ စိတ်ကြောင့်  ရုပ်မှာ အကျိုးရနေတယ်ဆိုတဲ့ သဘော မေတ္တာပွားနေလို့  ရုပ်ပစ္စည်းပိုက်ဆံ အများကြီးရလာလိမ့် မယ်လို့  ပုံသေတွေးရင် သေပြီဆြာပဲ မေတ္တာဝေးလို ဆဲယုတ်နေတဲ့  သူတွေ ထောနေတာ တွေ့ လိုက်ရင်  အကျိုးပေးပုံစံ နက်နဲ ဆန်းကျယ်လျို့ ဝှက်တတ်တဲ့  ကံသတ္တိ သဘောကို သံသယတွေ ဖြစ်ကုန်လိမ့် မယ်

ချုပ်လိုက်တော့  စေတနာကောင်းရင် ကံကောင်းမယ် ကံကောင်းရင် အလုပ်ကောင်းမယ်လို့ ဆိုတာကို လွယ်လွယ်လေး မပြောပါဘူးလို့ ဆိုလိုတာ....စေတနာကောင်းပါလျက်နဲ့  ဘာလို့ ခုထိ ဘာညာ ဆိုတဲ့  ရုပ်ပိုင်ဆိုင်မှု့  အနဲအများ ကဏ္ဍကနေ တွေးမိပြီး  စောဒက တက်သံတွေ ဘာကြောင့် မကြာခဏ ကြားဖူးနေရတာလဲကို ပြန်တွေးရင် ကံသတ္တိ သဘောတွေကို အပေါ်ယံရှပ်ပြောလို့  ရှပ်တွေးလို့သဘော....တစ်ခါသား ကြားဖူးသေးတယ် ဘုရားဖြစ်ပြီး ဘာလို့  ဒေ၀ဒတ်ရဲ့ လုပ်ကြံတာ ခံရတာလဲတောင် အမေးခံရဖူးတယ်
အဲ့ လိုအမေးကို ဖြေရဖို့ ဆိုတာ ယုံကြည်မှု့ နဲ့  သဘောတရားရေးတွေအရ လက်ပေါက် အတော်ကပ်တဲ့ သဘောရှိတယ်...သံသရာကြောင်းသဘောတွေကို ကျမ်းကိုင်ပြော ပစ္စက္ခတ်သဘောတွေကို  ဥပမာပေးပြောလဲ မယုံဘူး ဘာမှ မဆိုင်ဘူးလို့  ဇွတ်ငြင်း ဆိုလာလဲ သဘောပဲ လို့ ဆိုလိုက်ယုံသာရှိတော့ တယ် .

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..