Powered By Blogger

Tuesday, December 15, 2015

ထူးထွေတည့်  အံ့ ရာသော်


ထူးထွေတည့်  အံ့ ရာသော်တွေနဲ့  ဒီရက်ပိုင်းတိုးနေတယ်ဗျ  အဲ့ ဘဲက ၃ကြွင်း တနင်္ဂနွေသား အသက်ကရပြီ မိန်းမယူဖို့ ကျွတ်နေသတဲ့   ဘာလို့  ကျွတ်နေရတာလဲ လို့ မေးလိုက်တော့   သူ့ မဟာဘုတ်မှာ သောကြာက မယားဂြိုလ်က မရဏအိမ်မှာ ရှိနေလို့ အကျိုးမပေးဘူးလို့ ဆိုလို့ တဲ့  အဲ့ တော့ ကျနော်က  ရယ်စိစိ လုပ်ပြီး မင်း ဥစ္စာက ဘ၀လက်တွဲအဖေါ်အဖြစ် အိမ်ထောင်ပြုတာကို အလျှော်အစားတွေ ဈေးတွက်တွေ တွက်နေတာကိုး အဲ့ လိုသာ
တွက်နေလို့ ကတော့  ဘာ မဟာဘုတ်နဲ့ မွေးမွေး ဘယ်တော့ မှ အိမ်ထောင်ကောင်းတစ်ခု ရလာမှာ မှုတ်ဖူးဟ...လို့  မယားဂြိုလ် ကောင်းကင်ရောရာက် လင်ဂြိုလ် တိုင်ထိနေနေ  မျှတအောင်မတွေးတတ် မရင့် ကျက်တတ်သူတွေရဲ့  ဘယ်အိမ်ထောင်ရေးမှ မစွံဘူး မယားဂြိုလ် လင်ဂြိုလ် မဟာဘုတ် ၂ ခုစလုံးမှာ မြေကြီးကပ်နေလဲ စိတ်ထားတွေ ဂွတ်နေ မျှတစိတ်ရှိနေရင် အဲံ့  အိမ်ထောင်ရေးတွေ ဂွတ်ရှယ်နေတာများတာချည်းပဲ  ပတ်ဝန်းကျင်ကို လိုက်ကြည့် ကြည့်  စာထဲချည်း ခေါင်းမြုတ်မနေနဲ့ လို့  ပြောလိုက်တာပေါ့ ဗျာ

ကျနော်က သူ့ ကိုပြောလိုက်တဲ့ စတိုင်က ပုံသေ မဟုတ်ဖူး  ကျမ်းကို လုံးဝ အမှား လို့  ဆိုလိုနေတာမဟုတ်ဖူး ကွယ်ဝှက်အနက်တွေ ရှိတယ် အဲ့ ဒါကို လက်တွေ့ ဘ၀နဲ့  ညှိယူလို့ ပြောလိုက်တာ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..