Powered By Blogger
Tuesday, December 15, 2015
ကျောင်းပညာရဲ့  အသုံးကျ သွယ်ဝိုက် တန်ဘိုးသဘော
ကျောင်းပညာရဲ့  အသုံးကျ သွယ်ဝိုက် တန်ဘိုးသဘော
--
ကျောင်းက ဒဿနပညာနဲ့ ပြီးခဲ့ တာဗျ။ သင်ယူကြားနာမှတ်သားခဲ့ ရတာတော့  ကျမ်းလိုသာ ပြန်မပြောတတ်တာ အများကြီးပဲ၊ နဂိုကတည်းက ဘွဲ့  ပစ်မှတ်ပဲ ထားခဲ့တာ ဖြစ်လို့  ကျောင်းပြီးရင် ယူခဲ့ တဲ့ ကျောင်းပညာက ဘာအလုပ် ညာအလုပ် သဘောစိတ်ကူးမရှိခဲ့ ဘူး.
ပေါက်ပန်းဆေး တွေးတာ ၀ါသနာကြီးတဲ့  အခြေခံစိတ်နဲ့  သင်္ချာ သိပ်တွက်နေစရာ မလိုတဲ့ ဘာသာရပ် ဖြစ်နေတာမျိုးရယ်  လှိုင်တက္ကသိုလ်မှာ တက်ရမှာ အိမ်နဲ့  အဝေးကြီးပဲ မဆိုးဘူးဟ ဆိုပြီး အဲ့ ဘာသာရပ်တွဲယူလိုက်တာ ၊ ဒိ့ အရင် ဖီလင်ဝင်နေတာ ဆရာနန္ဒာသိန်းဇံ ရဲ့  ဒဿနပညာ သမိုင်းစဉ်သဘော စာအုပ်ကြီး ''အတွေးအခေါ်တို့   လွင့် မျောခြင်းနှင့်  လူ၏ ဆောက်တည်ရာ ''စာအုပ်ကို အပြန်ပြန်အလှန်လှန်ဖတ်မိပြီး ဒဿနပညာ သဘောကို လွှတ်စိတ်ဝင်စားနေတာက အခံရှိနေပြီ ၊
 ဆရာပါရဂူရဲ့  '' သိဒ္ဓတ္ထ''စာအုပ်ကိုလဲ ဖတ်မိရဲ့ သား ဖြစ်နေတော့  အဲ့ ထဲက ဇာတ်ဆောင်  ဗြဟ္မဏ သိဒ္ဓတ္ထကိုလဲ လွှတ်သဘောကျနေပြီ သူက တကယ့်  လွတ်လပ်အတွေး ဖရီးစိတ် ဆန်နေတာကိုးဗျာ...အဲ့ လိုတွေ စုလိုက်တော့  ဒဿနပညာကျောင်းသားဖြစ်လာတယ်...
ကျောင်းပြီးတော့  ထုံးစံအတိုင်း မိဘကူ ရေချိုး ညစာစား အဲ  ရောကုန်ပြီ မိဘ ပွဲရုံမှာ ၀င်ရော နောက် တောင်လုပ်မြောက်လုပ်တွေပေါ့ လေ..၊ ဒိနေ့ အထိ ကျောင်းပညာ ဘွဲ့ လက်မှတ်နဲ့  ဘယ် အစိုးရ၀န်ထမ်းကိုမှ မလုပ်ဖူး မလျှောက်ခဲ့ ဖူး  အစိုးရ၀န်ထမ်းလုပ်ဖို့ လဲ အာရုံကို မလာခဲ့ ဘူးဘူး. ကိုယ့် ဝန်းကျင်ကိုက ၀န်ထမ်း အနံ့ အသက်တွေထက် ဈေးသည်ကုန်သည်တွေများနေတာရော ကိုယ်တိုင်ကိုယ်က စည်းအပြင်ကလူ လို စိတ်က များနေတာရော ကုန်သည် ဈေးသည်ရိုး လောကသားတွေဖြစ်လို့ တိုင်းထွာ သုံးစွဲနေရမှာမျိုးကိုလဲ ဖီလင်က မလာတာက ၀န်ထမ်း မဖြစ်စေခဲ့ တာမျိုးနဲ့  တူပါရဲ့ ပေါ့ 
ဝန်ထမ်းမဖြစ် အပြင် လွတ်လပ်စီးပွား သဘောဖက် ရောက်သွားပေမယ့်  ဒဿနပညာကျောင်းက ရလာတဲ့ ပညာသဘောတွေထဲမှာ အဓိက ရလာတဲ့  ပညာက ''တွေးတောကြည့် ခြင်း '' ဆိုတဲ့  အလေ့ အကျင့် ကို တော်တော်လေးရလာခဲ့ တယ် အဲ့  တွေးတောကြည့် ခြင်း သဘောကိုရလာတာက  တစ်သက်တာ အတွက် ဘ၀လမ်းမှာ ဒုက္ခတွေ အရမ်း မရောက်အောင်အတွက်  တန်ဘိုးကြီးတဲ့  ပညာသဘောလို့  ကိုယ့် ကိုယ်ကိုယ်တော့  တွေးယူလို့ ရတယ်... အဲ့ က တွေးတောကြည့် ခြင်းသဘောကို နမူနာပြောရရင်...
ဒုတိယ နှစ် နွေကျောင်းပိတ်ရက်မှာ အိမ်က ကျနော့် ကို ရဟန်းခံစေတယ်...။ ထုံးစံအတိုင်း မိရိုးဖလားအတိုင်း ရဟန်းခံပါတယ်။....အဲ့ မှာ ၀ိနည်းတွေ ကို ရင်ဆိုင်ရပါတယ်..
.ပထမဆုံးက  ၀ိကာလ သဘော မွန်းလွဲရင် အစာမစား သဘောကို စရင်ဆိုင်ရပါပြီ...ပါးစပ် နဲ့  တွတ်တီးက ဆိတ်ပါးစပ်လို ဖြစ်နေတဲ့  လူအဖို့   ဆာဆာ မဆာဆာ ဆန္ဒ အလိုရမက် သဘောကြောင့်  စားချင်စိတ်ပေါ်လာသမျှ  အစာတွကို   စားလိုတဲ့ ဆန္ဒ ဖြစ်လာတိုင်း စိတ်နောက်ကိုယ်ပါ  အစာ စားလိုခြင်း ဆန္ဒကို   ပထမဆုံး ဆန့် ကျင် ချုပ်တီး သီးခံရခြင်းသဘောကို စ ကြုံရတာမျိုးပေါ့ ...ရည်ရွယ်တာက စိတ်ရှိသမျှ ဖြစ်လာတတ်တဲ့  လောဘ တဏှာ ရမက် ခံစား စံစား စည်းစိမ်ခံ လိုခြင်းသဘောတွေကို စတင် ထိမ်းချုပ်ခြင်းသဘောနဲ့ တူပါရဲ့  ...
အဲ့ တော့  လုပ်ပုံက နေ့   အရင်က ဖာသိဖာသာ နေပေမယ့်  ရဟန်းခံနေချိန်မှာ   မွန်းလွဲ
ည ၁၂ နာရီကျော်အောင် နာရီတကြည့် ကြည့်  နဲ့  တွတ်တီးပေးဖို့ မျှော်နေမိတာကိုလဲ  ပြန်သတိထားမိလာတယ်...အဲ့ သတိထားမိတာရဲ့  နောက်အတွေးက  ငါတော့  မဟုတ်သေးဘူး စိတ်က ဒီလောက်ဖေါက်ပြန်နေမှတော့  နာရီကြည့်  ရှောင်ရှောင် မရှောင်ရှောင် ဘာမှမထူးဘူး..လို့ စတွေးမိလာတယ်  ကိုယ့် စိတ်ရဲ့  အတွင်းသဘောမှာ ညစ်ပတ်နေတာ ပြန်ရိပ် မိနေပြီပေါ့ ဗျာ..
အဲ့ လို အတွေးစဉ်ဟာ အသားလွတ်တော့ ဖြစ်လာတာမဟုတ်ဘူး  စာပေပတွေတန်ခိုးနဲ့  ကျောင်းက ဆရာကြီးဆရာမကြီးတွေရဲ့  ''' တွေးကျင့် ရအောင် သင်ကြားပေးလိုက်မှု့ သဘော ''  ကြောင့် လို့ ကျနော်က ဆိုလိုတာ.
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..