မွေးနေ့သောကြာ တနင်္ဂလာ နောက်တနည်း
========================
ဖေ့ဘုတ်မှာတွေ့လိုက်တာ ဆရာ။ နာမယ်တော့ မမှတ်မိဘူး။ သူပြောတာက...
ဘုရားရှင်ရဲ့ ဖြစ်တော်စဉ်ကို ပြန်ကြည့်ရင် ဘုရားလောင်းဟာ သောကြာနေ့မှာ မွေးပြီး တနင်္ဂလာနေ့မှာ တောထွက်ပါတယ်၊ တောထွက်တယ် ဆိုတော့ ဆံတော်ကို ပယ်တာလဲ အဲဒီနေ့ပဲပေါ့။
ဒါကြောင့် သောကြာသားများ တနင်္ဂလာနေ့ မှာ ဆံပင်ညှပ်မိရင် ဘုရားလောင်းကို တုပရာ ရောက်လို့ ရှေးလူကြီးတွေက တားခဲ့တာပါတဲ့။ အခြားနေ့သားတွေနဲ့ မဆိုင်ပါဘူးတဲ့။
ဆရာ့အမြင် သိချင်ပါတယ် ဆရာ။
LikeComment
You like this.
Comments
Na Win Thi Ha ပထမဆုံး ပြောလိုတာက ကျနော် ကိုယ်တိုင်ရဲ့  ဆံပင် ကလိတဲ့ ကိစ္စမှာ ဘယ် အဆိုအမိန့် အောက်မှာ မရှိဘူး စိတ်ကြိုက် ကလိတယ် အခါတွေ နေ့ တွေ ဘာအကန့် အသတ်မှ တစ်ခါမှ ဂရုမစိုက်ခဲ့ ဘူး ညှပ်ချင်သလို ညှပ်ပြီး ဆေးဆိုးချင်သလို ဆိုးတယ် ရေချိုးတိုင်း ဆံရှည်ခေါင်းကို ရေလောင်း
ချိုးနေတာချည်းပါပဲ အဲ့ ဆံပင်ကို ကလိချင်သလို ကလိနေတဲ့ အတွက် ဘ၀ကြီးတစ်ခုလုံးကို အကျိုးသက်ရောက်မှု့  ထူးခြား ကောင်းမှု့ ဆိုးမှု့  ကြုံရတယ်လို့  တစ်သက်လုံး တစ်ခါမှ မကြုံဖူးဘူး ပုံမှန်ပါပဲ တစ်ခါတစ်လေ ဆံပင် ရေမခြောက်ခင် အဲကွန်းစာမိလို့ နှာတော့  နဲနဲ စီးနေတတ်တယ် ငိငိး
---------
ပညာအယူအဆမှာတော့  အဆိုတွေ အတော်များများဟာ တနင်္ဂနွေတိုင်ကို ကိုယ်စားပြုပြီး ဥပမာပေးခဲ့ လေ့ ရှိတယ်လို့  သာစည် ပင်းယ အဆိုကို ထောက်ပြီး ပြောတယ်ဗျ....
အဲ့ တော့  ကိုယ်က ကြာတေးသား ဆိုရင် ကိုယ့် မွေးနေ့ ရယ် ကိုယ့် အညွန့် နေ့ ဖြစ်တဲ့  သောကြာနေ့ ရယ် ( အဲ့ နေ့ မှာ ကြာတေးက ခိုက်ရောက်နေလို့ ) ကိုယ့် ဆပွတ်နေ့  အင်္ဂါနေ့  ( ပျက်ထွက် တိုင်ခြေမြေလူးမှာ ကိုယ့် မွေးနံ ရောက်နေလို့  )
သဘောပေါ့ ...လုပ်တော့  ဘာဖြစ်လဲ သဘောက တမင် စမ်းကြည့် မှ ပိုသိမှာပါဗျား
----------
အတွေ့ အကြုံအရတော့  နေ့ ဖြစ်စေ အခါတိုင် ဖြစ်စေ ( အဓိက အခါတိုင်တစ်နာရီခွဲ အတွင်းက ပိုသိသာတယ်) ကိုယ့် မွေးနံ ခိုက်ရောက်ချိန်မှာ ထူးခြားတစ်ခုခု အပြောင်းအလဲ ထလုပ်လိုက်တိုင်း အဆီအငေါ်မတည့်  စိတ်တိုင်းးမကျ အဖုအထစ်များသဘောတော့ သိသာတယ် ( ဒါပေမယ့် လဲ ဘ၀ကြီးတစ်ခုလုံး ပျက်ကိန်းစဆိုက်သွားတာမျိုးလဲ မတွေ့ ရပြန်ပေါ့  ဥပမာ ကြာသာပတေးသား တစ်ယောက်ဟာ မွေးနံ ခိုက်ရောက်နေတဲ့ သောကြာတိုင်မှာ ကတုံးရိပ်ကြည့် ရင် အကျိုးဆက် ဘာလာမလဲ တစ်ကြိမ်နဲ့ မသိသာဘူးထင်ရင် တစ်ပတ်တစ်ခါ သောကြာတိုင် ရောက်တိုင်း ကတုံးရိပ်ကြည့် မယ် ၃ ပတ် (သို့ ) ၅ ပတ်ဆက်တိုက်သဘောမျိုးပေါ့ လေ ..ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူးပေါ့ တစ်ခုခု ဖြစ်ရင် တစ်ခုခုတော့  ဖြစ်တတ်သားပဲပေါ့ .
Like · Reply · 5 mins
Na Win Thi Ha ရှေးလူကြီးတွေက တားခဲ့ တာ အဲ့ ဗေဒင်ဆရာကိုပဲ တားခဲ့ တာနဲ့ တူတယ်ဗျ
ပြီးတော့  မင်းမသိ ဗြဟ္မဒတ် ပြည်မသိ ဗာရာဏသီ ဗေဒင်ဆရာ ရွှီးချင်ရင် ရှေးလူကြီးတွေကပြောခဲ့ တာ လို့  ဂျာနယ်သတင်းလို သံတမန် ရပ်ကွက်က သတင်း ဆိုပြီး ထ လုပ်ချင်လုပ်တာလို ဖြစ်နေပြီဘုရား အမှားတစ်ခုခုဖြစ်တော့  ကိုယ့် အမှားမဟုတ်ဖူး ရှေးလူကြီးအမှားလို့  လွှဲချလို့ ရတာပေါ့ ဗျား..အဟီး...
Like · Reply · 1 min · Edited
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..