Powered By Blogger
Tuesday, December 15, 2015
ကိန်းလား စိတ်လား ကွကိုယ် ပြန်တွေးတွေးကြည့် တာမျိုးပေါ့ 
ကိန်းလား စိတ်လား ကွကိုယ် ပြန်တွေးတွေးကြည့် တာမျိုးပေါ့ 
ဆိုပါတော့  ကိုယ့်  မဟာဘုတ် ၂ ခု ရော ကိုယ့် အမည်နာမသေဘာရော ကိန်းသဘောတွေ ကွကိုယ် တွေးထုတ် တွက်ထုတ်ယူလို့ ရခဲ့ ပြီဆိုပါတော့ 
ကိုယ့် စိတ်ကိုက အိမ်ထောင်သည်ဘ၀ကို ဘယ်လိုမှ ဖီးမလာဘူးက အရမ်းခိုင်နေတာ ကိုယ့် စိတ်ကိုယ်ပြန်ခံစားလို့ ရနေတယ် ကျလုလုနားတွေ ဖြစ်လာရင်
ရှောင်တော့ တာမျိုးတွေ ဖြစ်လာသလို ရှောင်မရလို့  လွန်သွားလို့  ယူလိုက်ရပါတယ်ဆိုတဲ့ ဘ၀မရောက်အောင်လဲ တစ်သက်လုံး ကင်းအောင်ကို သက်သက်ကို
သတိကပ်ပြီး နေခဲ့ တယ်  အိမ်ထောင်ပြုဖို့ အရေးကို ဘာလို ဒီလောက် အသည်းအသန်ရှောင်နေရတာလဲ အိမ်ထောင်သည်ဘ၀ဆိုတာ ဘာများပြင်းထန်တဲ့ အပြစ်တွေ့ လို့ လဲလို့  ပြန်တွေးတော့ လဲ...
အိမ်ထောင်သည်ဖြစ်စေ လူပျိုကြီးဘ၀နဲ့ နေသွားစေ ဘယ်ဟာကမှ စင်းလုံးချောသဘော  မရှိဘူး သူ့ နယ်ပယ်နဲ့ သူ အားနဲချက်အားသာချက်တွေ ရှိတာချည်းပဲလို့ လဲ တွေးဆနိုင်ခဲ့ ပြီးသား..အိမ်ထောင်ရေးသဘောကို အနိဌ အမြင်မရှိဘူး သဘာဝလွန်ကိစ္စမဟုတ်ဖူး လောကီသဘော ဖြစ်ရိုးဖြစ်စဉ်သာ လို့ လဲ နားလည်ထားတယ် အိမ်ထောင်ပြုတာဟာ ထူးခြားဖြစ်စဉ် မဟုတ်ဖူးသဘောပေါ့ .
အဲ့ မှာပြန်တွေးတာ ဒါဆို  အဲ့ စိတ်က ကိန်းကနေ ဖြစ်လာတာလား ..ကိန်းကနေ စေ့ ဆော်လိုက်တဲ့  စိတ်လား ကိုယ့် စိတ်နဲ့ ကိုယ် ခိုင်ပြီးဖြစ်နေတာလား ကိန်းလွတ်စိတ်လား ကိန်းအရိပ်အောက်က ဖီလင်လား.....
ဟီးးးး...တွေးတုံးပဲ...ခ်ခ်ခ်
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..