Powered By Blogger
Friday, December 11, 2015
သမုတိ ဟိတ်
သက်ရောက် ရဲ့ သဘာဝ ကို အခြေခံ မှတ်နည်းက ဥပမာဆိုပါတော့   ကြာသာပတေးကနေ တနင်္လာ သက်ရာက်အထိက အကောင်းသဘောများတယ်ပေါ့  အင်္ဂါကနေ စနေ အထိက မကောင်းမှု့  သဘော များတယ်ပေါ့ ...ဒါက သက်ရောက်  ၈ ခွင်ကို ယေဘူယျ အကောင်းများသဘော အဆိုးများသဘော စ ခွဲထားပြီ..
အဲ့ မှာ ကျနော်တို့ က ဘယ်လို နားလည်လိုက်ရမလဲဆိုရင်...ဆိုပါတော့  ကြာသာပတေးကနေ  တနင်္လာ သက်ရောက် ကြားမှာ ဖျားနာ ရင်  ၁၀ ရက်လောက်ဖျားနာတတ်တဲ့  ကျမ္မာရေးက ၃ရက် ၅ရက်လောက်နဲ့ နလံပြန်ထူနိုင်တယ်ပေါ့  ဒါက သက်ရေညာက်အကောင်းများမှု့ သဘောတွေက ပံ့ ပိုး မျက်နှာသာပေးမှု့ သဘောကြောင့် လို့ စရိပ်မိနိုင်တယ်...
ဒီလိုပဲ အင်္ဂါကနေ စနေကြားမှာ ၁၀ရက်လောက်ပဲ ဖျားနာသင့် တဲ့ ကျမ္မာရေးက အရက် ၂၀လောက်ကြာသွားနိုင်တယ် ပိုက်ဆံ သုံးရတာလဲ ပုံမှန်ထက် အဆပိုနိုင်ခြေရှိမယ်  နလံထ ကြာတတ်မယ်ပေါ့ ....အဲ့ လို ကြို တွက်ဆထားရမယ်  အကြောင်းက သက်ရောက်က ကံကြမ္မာကို မျက်နှာသာမပေးတတ်အပြင် ရောပြီး ဖဲ့ လွှတ်တတ်တဲ့ သဘာဝလို့  ကြိုနားလည်ထားရမယ်ပေါ့ ဗျာ..
ဒါက ကိုယ်ရေးကိုယ်တာသဘော  ဒီသဘောကနေပဲ  အများအတွက် ချဲ့ သွားတာက  သက်ရောက်အကောင်းမှာ စာဖတ်ရင် အားမစိုက်ရပဲ  ပံ့ ပိုးမှု့ တွေဘေးကရပြီး အိုကေလွယ်တာမျိုး ကြိုသိထားဖို့  သက်ရောက်အညံ့ မှာစာဖတ်ရင် ကိုယ့် ဝီရိယသာ အဓိက မောင်းနှင်ရေဖြစ်တယ် ဘေးက အကူု မသေခြာါ သဘောကို သိထားနိုင်သလို
သက်ရောက်အကောင်းနဲ့  အညံ့  ခရီးတစ်ခါထွက် ကုန်တဲ့  သုံးရတဲ့ စားရိတ်ငွေ ကွာခြားတယ်ဆိုတာ စသဖြင့် ပေါ့  သက်ရောက် ရဲ့  ဘေ့ စစ် တွေနေ  ဘ၀ အတွက် တနံတလျားကြီး ချဲ့ ကားတွေးဆနိုင်တယ် ဟောနိုင်တယ် သတိပေးနိုင်တယ်ပေါ့   ကိုယ်ရဖို့ မဟုတ်ဖဲ ကိုယ့် ဆီကနေ  သူများကို လှုရတဲ့  ဒါနခန်း သဘောတောင်
သက်ရောက်ပေါ်မူတည်ပြီး ပေပးရ လှုရ တာ  အဆင်ပြေမှု့ မပြေမှု့  ကွာတာ တွက်ဆလို့ ရတယ်ပေါ့ ဗျာ...
===========
နေ့ တိုင်နဲ့   လက်ငင်း အခါတိုင်က ချိတ်ဆက်နေတယ်  လူတစ်ယောက် ဗေဒင်လာတွက်တယ် ပထမဆုံး သူ့ ဆီက သိနိုင်တာ သူ့ ကိုယ်သူ ဘာနေ့ သားလို့  သူက ပြောမယ်ပေါ့ လေ...အဲ့ မှာ နေ့ တိုင်မှာ  
အခါတိုင်ရဲ့  ဘယ်နေရာမှာလဲ ဆိုတာ ဖတ်ကနဲတွေးလိုက်ရင် ကိုယ့် ဆီမရောက်ခင်က သူ့ ရဲ့  ကံအနေအထားကို တစ်ကွက် သိနေပြီသဘော... ဆိုပါတော့  တနင်္လာ နေ့ မှာ တနင်္ဂနွေသား တစ်ယောက် 
ကိုယ့် ဆီ ဗေဒင်မေးလာ ပြီ ဆိုရင် သူလာတဲ့  လက်ငင်းတိုင်က ဘာတိုင် ဖြစ်ဖြစ်  သူ ဟာ ကံကြမ္မာ ချောင်ပိတ်နေပြီ ဖြစ်တဲ့ သူ ..ထွက်ပေါက်ရှာဖို့ ကြိုးစားနေပြီဖြစ်တဲ့ သူလို့  ကြိုတွေးထားလို့ ရပြီ...
အကယ်၍ သူဟာ ကိုယ့်  ရှေ့ ရောက်လာတဲ့  အခါတိုင်ဟာ  တိုင်ရဲ့ အထက် န၀င်း စီးပွား စုတ် နေရာမှာ ( ဥပမာ ဘောမတိုင်နဲ့ လာမယ် စနေတိုင်နဲ့ လာမယ်ဆိုရင် အခါတိုင်ရဲ့  အထက်မှာ ဖြစ်နေလို့ 
သူ့ မှာပါလာတဲ့ အခက်ကို ကိုယ်က ကူပေးရမှာ လက်ပေါက် မကပ်ဘူးပေါ့ လေ...အကယ်၍ သူဟာ ဂုရုတိုင်နဲ့ လာမယ် သောကြာတိုင်နဲ့ လာမယ်ဆိုရင်  တိုင်ရဲ့ အောက်မှာ ရှိလို့  နေ့ တိုင်အရရော
လာတဲ့  အခါတိုင်အရပါ တိုင်အောက်မှာချည်းဖြစ်နေလို့  သူ့ ကိစ္စကို ၀ိုင်းတွေး ကူပေးရတဲ့ အခါမှာ လက်ပေါက်ကပ်မယ် လျှော့ တွက်လို့ မရဘူး လို့  ယေဘူယျ အကြမ်းဖြင်း တွေးဆထားလို့ ရပြီ
ပြီးမှ သက်ရောက်တွေ လစိတ်တွေ ၀င်ပြီပေါ့ လေ...
ဒါက လူတစ်ယောက် ဗေဒင်လာမေးရင် အခါတိုင်က ဘယ်ကဏ္ဍကနေ ယေဘူယျသဘော ထည့် သုံးလဲဆိုတာ အကျဉ်းရေးပြတာပါ ကျယ်တာတော့  တော်တော့် ကိုကျယ်ပြန့် ပါတယ် အသေမှတ်တာမျိုးလဲ
မရပါဘူး သဘောတွေကို ပဲ ယေဘူယျ ယူမှ နေ့ တိုင် အခါတိုင် သဘောတွေကို သုံးရတာ လွယ်မှာပါ.....ဒါက စက်နာရီ ကနေ သွားတဲ့ သဘောပါ နမိတ်တွေ ဘာတွေ က ပါချင်ပါလာတတ်သေးတာလဲရှိပါတယ်
နောက်တစ်ချက်က ဗေဒင်ပညာ ကို ချဉ်းကပ်ပုံက  ပုံမှန်သိနေကျ ချဉ်းကပ်ပုံနဲ့  ကျနော်တို့  ချဉ်းကပ်ပုံနဲ့  နဲနဲကွဲနေပါတယ်
အများစု သိနေကျ  ကြားနေကျ တွက်ဖူးနေကျ ဗေဒင်စတိုင်က မှန်သထက်မှန်အောင် အဟောထုတ်ဖို့ နဲ့  အဟောခံချင်တာမျိုးစတိုင်တွေ က အရင်လာတာမျိုးများပါတယ် ပြီးမှ ဇာတ်ထုတ်တွေကို မီးစင်ကြည့် ကသဘောပေါ့ 
ကျနော်တို့  ချဉ်းကပ်သွားတဲ့ ပုံက အဟောက ယေဘူယျသဘောလောက်ပဲဆောင်ပြီး လက်ငင်းကြုံနေရတဲ့ အမျိုးအစားစုံလှတဲ့  လူ့ ပြဿနာတွေကို ဘယ်လို ဖြေရှင်းယူရင်ကောင်းမလဲ ဆိုတဲ့  ချဉ်ကပ်နည်းက အဓိက သဘောစတိုင်
က အဓိက ပစ်မှတ်နဲ့  သွားနေတာမျိုး ဖြစ်နေပါတယ် ဒီတော့  ကွာသွားပုံက ကျနော်တို့ ချဉ်းကပ်တဲ့  စတိုင်ကနေ ဗေဒင်ဟောနေတာမျိုး ဟောစမ်းတွေ ရေးပြနေတာမျိုး များများမတွေ့ ရတာပါပဲ...ပြီးတော့  အများစု ဗေဒင်အဟောစတိုင်က
အများစုကိုခြုံငုံတဲ့ စတိုင် များပြီး ကျနော်တို့ စတိုင်က အများသဘော လိုင်းထဲမှာ မဟုတ်ပဲ ၀မ်းဘိုင်ဝမ်း သဘော  ကိုယ် နဲ့  ကံဆုံတဲ့ သူကိုပဲ အဓိက ဆွေးနွေးကြ ဖြေရှင်းယူကြသဘောမျိုး များတာတွေ့ နိုင်ပါတယ်ဗျာ
============
သမုတိ ဟိတ်
---
အရပ်မျက်နှာ ကို ပြဿနာရှာတာဗျ...၊ အရှေ့ အနောက်တောင်မြောက် သဘောနဲ့ ဗေဒင်မှာ အထက်ဆောင်ပန်း အောက်နင်းကြမ်း သဘောနဲ့  
ယတြာ ကစားတဲ့ အခါ ..ဆိုပါတော့  တစ်ယောက်ယောက်နဲ့  စကားပြောနေတုန်း ကိုယ်က တစ်ဖက်ကို အထက်ကနေ စကားပြောချင်ရင် 
ကို အဲ့ နှစ်ထပ်ကောင်ထဲမှာ ဘယ်လို လိုက်ယူမလဲကွ...လို့ ပြုံးစိစိ နဲ့  ပြန်မေးလိုက်တော့  အဲ့ မှာ မျက်စိလည်သွားတာပေါ့ ဗျား...
ကျနော်တို့ က အရှေ့ အနောက်တောင်မြောက်ကို နေ ဗဟိုပြုပဲ သိထား မှတ်ထားတာလေ..သူက အဲ့ မှာ သင်္ဘောသွားနေတဲ့  ဖက်က အရှေ့ ကွာ...လို့ 
ပြောချလိုက်ရောဗျ..။ အဲ့ ဒါလေး ပြောလိုက်ယုံပဲဗျ..ကျန်တာ ကိုယ့် ဟာကိုယ် အုံးဆက်စားရတော့ တာ...အဲ့ ကနေ သဘာဝတရားရဲ့ သမုတိိသဘောတွေ
ပညာသမားရဲ့  သမုတိသဘောတွေ ကွဲတယ်ဆိုတာ နောက်တော့ ရိပ်မိလာတာ....ဆိုပါတော့  ဟိုတုန်းက တက္ကစီ သမားတွေ ကားမောင်းနေရင် လည်ဂုတ်မှာ
မျာက်နှာသုတပုဝါပိုင်းလေး တင်ထားတတ်ကြတယ် မူလတင်တာက လည်ဂုတ်နဲ့  ကော်လံကြားမှာ ညှပ်တင်တာ လည်ဂုတ်က ကော်လံမှာ ဂျီးပေမှာစိုးလို့  စညှပ်တာ
နိုင်တီးဂွမ်တီးက တေးဓလော့  တောဓလေ့ တစ်မျိုးပေါ့ လေ...ဒါပေမယ့် တနင်္ဂနွေသား ဆရာကြီးရဲ့  ဂုတ်ပေါ်ရာက်သွားတော့  
ပုဝါ တင်ထားတာ ဖြစ်သွားပြီး တနင်္ဂသားရဲ့  ပန်းယတွဲလို့  အဆောင်တစ်မျိုးလို့  ဖြစ်သွားရောတဲ့ ဗျာ..သူ့ အတွက်သူ ဆရာဟိတ် ပညာသမားဟိတ်နဲ့  
ပုဝါ က ကာဗာ ဖြစ်သွားတာမျိုး..အဲ့ မှာ အများနဲ့ မဆိုင်တဲ့  တစ်ယောက်ချင်းရဲ့  ဟိတ် သမုတိ သဘောကို ရိပ်မိလာတယ်... 
အဲ့ သဘောကို ဘာနဲ့ ဆက်စပ်တွေးလို့ ရလဲဆိုရင်.... သာမန် ရေတစ်ဖန်ခွက်က တောင်ပုလုဆရာတော်ကြီးရဲ့ လက်ထဲမှာ အစွမ်းထက်တဲ့ 
 ရေမန်းဖြစ်သွားတာဟာ ဆရာတော်ကြီးရဲ့  သီလ သမာဓိ သိက္ခာရဲ့ ဟိတ်ကြောင့် သဘောပေါ့ 
------------
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..