ဗေဒင်လာတွက်တဲ့ သူက သူ့ နမိတ်သူပြန် အဖြေထုတ်ပြသွားတယ်
---
ပိတ်သတ်ဆီက ပြန်လည်သင်ယူခြင်း ပညာ လို့ ပဲ သဘောထားပေါ့ ဗျာ...ငိငိ...သူက အသက် ၅၃ ထဲရောက်နေပြီ ဖြစ်တဲ့  ၁ ကြွင်းတနင်္လာသမီး အသုတ်သည်ပါ...လာနေကျပါ ဒီတစ်ခါလာတာက သားလုပ်သူရဲ့  ဖွန် အရှုတ်တော်ပုံကြောင့်  တစ်ဖက်ကို တောင်းပန်လိုက်ရတဲ့  အကြောင်း ဘယ်တိုင်မယ် ညာတိုင်မယ်လို့ လဲ အခြိမ်းခြောက်ခံရလို့  စိတ်ပူပြီး အမှု့ အခင်းရှိမရှိနဲ့  ကာဗာလေးပေါ့ ဗျာ...
အာ့ နဲ့  လေပစ်ပြီးလဲသွားရော...သူ တဲ့  ပြီးခဲ့ တဲ့  ၄ ရက်လောက်ကတဲ့  သူ့ အသုတ်ဆိုင်ရှေ့ က မြေကွက်လပ်မှတဲ့  ကားတစ်စီးလာရပ်ပြီး ကားခေါင်းထဲက မီးထလောင်တာတွေ့ လိုက်ရတယ်တဲ့  အဲ ကတည်းက စိတ်ထင့် နေတာတဲ့  အခုတော့  အဲ့ လေတွေေ-ာက်ပြဿနာတွေ တက်လာတော့ တာပဲတဲ့  ဗျာ..
ကိုင်း ဘို သဘောရလဲဗျ သွသူ ကားခေါင်း မီးလောင်းတာ သူက သူ့ အတွက် မကောင်းတဲ့ နမိတ်လို့  ဘိုများ ( ဘာကြောင့် များ) ကောက်မိလိုက်ပါလိမ့် ဗျာ...အဟီး...
အဲ့ မှာ လူတစ်ယောက်ချင်းစီမှာ လူ ဖြစ်နေတဲ့  ကုသိုလ်သဘောက ကိုယ်နဲ့  ဆိုင်တဲ့  ကိုယ်နဲ့ မဆိုင်တဲ့  ပြင်ပ အကြားအမြင် အသံ နမိတ်တွေ လိုအပ်ရင် ဖြစ်ဖြစ်ပေးနေတတ်တယ်လို့  အများစုက (ကျနော်အါအ၀င်) သိပ်ဂရု စိုက်မိလေ့ မရှိဘူး မစိုက်မိရတဲ့  သဘောက ကိုယ့် ရဲ့  စိတ်မှာ လောဘ ဒေါသ မောဟတရားတွေက ပြည့် လျှံနေတာမျိုးများနေချိန်တွေနဲ့ တိုက်နေရင် ပြင်ပ ထူးခြားဖြစ်စဉ်သဘောဟာ ကိုယ်နဲ့  ပတ်သက်မသက် မသိလွယ်ဘူးသဘောဖြစ်နေတတ်တယ်ပေါ့ လေ..
ဒီကားမီးလောင်တဲ ကိစ္စက ကားကိုက တနင်္လာနံ ပညတ် အားကြီးနေတယ် ပက်ပက်မြင်တဲ့ သမီးကလဲ တနင်္လာသမီး ဖြစ်တဲ့ အပြင် သူက သူ့ ဆိုင်ရှေ့ မှာမှ လာဖြစ်လို့  စိတ်ထင့် မိတာမျိုးဖြစ်သွားတာမျိုး..စိတ်ထင့် ရတာကလဲ ကားတနင်္လာ လူတနင်္လာမျိုးဆိုတာထက် အနိဌ မြင်ကွင်း စောစောစီးစီး က်ပင်းတိုးတာ သူ့ အတွက်လပ်ကီးမကောင်းဘူးလို့  ခံစားလိုက်တာမျိုးဗျာ.။.
နောက်တစ်ချက်က အဲ ကိစ္စမျိုးတွေအတွက် ပျားတော့  သိပ်မတုတ်တတ်တော့ တာမျိုးတော့ ကြာပြီ...ဘာလို့ ဆိုတော့  အဲ့ တနင်္လာသမီးလဲ ကားမီးလောင်တဲ့ အနိဌ မြင်ကွင်းကိုမြင် နမိတ်မကောင်းဘူး ယူ ပြဿနာ နဲနဲကြုံရပေမယ့် 
အသုတ်ဆိုင်ပြုတ်သွားတဲ အထိ (၀ါ) ဘ၀ရှင်သန်မှု့  စီးပွားပျက်သွားအထိ မဖြစ်သွားခဲ့ သလို ကျနော်တစ်သက် နမိတ်ပေါင်း သောင်းခြောက်ထောင်တွေ ကြုံဖူးကြပေမယ့်  ထမင်းအိုး မှောက် ဘ၀ပျက်အထိ ဖြစ်တာမျိုး ကြုံရခဲံလွန်းလို့ သဘောကြောင့် ပဲ....ဥပမာ မျက်ခမ်းလှုပ်ပြီးရင် ရန်ဖြစ်တတ်တယ် ပေါ့  ဖြစ်ပေမယ့် 
ထမင်းအိုးတော့ မထိခဲ့ ဘူးလို့  မျက်ခမ်းလှုပ်တာ နိုးပရောဘလန်ပါ ထမင်းအိုးနဲ့  ဝေးသေးတယ်လို့  သဘောထားနိုင်ပြီပေါ့ ဗျာ။။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..