ဆောင်းညလယ်ရဲ့  တစ်ရေး မနိုးတနိုးလေးမှာ....
------
ဒီည အအေးဓာတ်လေး ရှိနေတယ်ဗျ..နော်တို့  ဒေါင်းတောင်းနေတွေ ဖီးလ်လာတဲ့  အအေးဓာတ်လေး အနေအထားလောက်ပေါ့  အလွန်အကျွံအေးလဲ မဟုတ်သေးဖူး အေးလဲ အေးနေတယ်ဆိုတော့  ဟွှာသမားတွေ အကြိုက် ရာသီလေးလို ဖြစ်နေတာမျိုးပေါ့  . အဲ့ ဒါ ဂွမ်းစောင်လေးကို ခြုံပြီး မျက်လုံးလေး မှေးပြီး နှပ်နေတာပေါ့ ဗျာ...ဆောင်းညလယ်လေးမှာ အအေးဓါတ်ရဲ့  ပွေ့ ဖက်လာခြင်းကို ချစ်သူ့ ရင်ခွင်ထဲ ရောက်နေသလိုလို ဘာလိုလိုနဲ့  ဖီလင်ခံနေတာမျိုးလေး.ဒါမျိုး အအေးဓါတ်လေးတွေက ရခဲတာကိုး...
အဲ့ မှာ အအေးဓါတ်ကလေးရဲ့ ကလူကျီစယ်နေတာလေးကို မအိပ်ရက်ရက် အိပ်ရက်ရက်နဲ့  ဖီးလ်တက်နေတုန်း ဗြုံးဆို စိတ်ထဲမှာ တွတ်တီးတစ်ခုခု ပေးချင်လာပါရောဗျာ...
အဲ့ ဒါ နှပ်နေရင်းကနေ မီးဖိုထဲ လှမ်းတွေးလိုက်တာ စိတ်ဝင်စားလောက်တဲ့  တွတ်းတီချင်စရာ ဘာများရှိနေမလဲပေါ့  ၊ အဲ့ မှာ ညနေက သင်အာက လိုလို ရွှေဘဲကလိုလို ထမင်းကြော် ချန်ပေးထားတယ်လိုလို ကြားလိုက်တာ သတိရလိုက်တော့  ထမင်းကြော် ဖေါ့ ဘူးကြီးကို မျက်စိထဲ မြင်ယောင်လာပြီး စောင်ခြုံလျက်လေးတန်းလန်းနဲ့  မျက်လုံးတစ်ဝက်ဖွင့် ရင်း မီးဖိုချောင်ကို ချီတက်တော်မူမိတော့ တာပေါ့ လေ...
မီးဖိုထဲရောက်တော့  ဟိုဟာဖွင့် ဒီအိုးလှန်လုပ်လိုက်တာ နိုးထမင်းကြော်ဖေါ့ ဘူး ဗျ..နောက်ကျတဲ့ လက်သစ္စာဖေါက်နဲ့ တွေ့ သွားပြီးထင်ပါရဲ့ ..အိမ်က မိမော်မေမ ခင်သန္တာသက်ချိုပြုံးတို့  တစ်သိုက်ကလဲ တရားပွဲသွားဖို့ သာ နောက်ကျရင်ရှိရမယ် တွတ်တီး မှာတော့  ပါးစပ်သွက် လက်သွက်ချက်က ဂင်းနက် စံချိန်ဝင်လောက်ကဲ့ ပဲ...အာ့ နဲ မျက်စိနဲ တောင်ကြည့် မြောက်လှန်နဲ့  ဆက်ရှာလိုက်တော့  ဖေါ့ ဘူးကြီးတစ်ဗူးက ရှိနေသေးဗျာ...အဲ့ ထဲမှာ ဟားးးး..ဘဲကင်တွေဗျား...ပေါင်ချောင်းတွေရော ဘာတွေရော အချဉ်ရော ဘာရော ဂွတ်ပဲ...နောက်ဗူးတစ်ခုက တော်ပူကီ ဆိုလားဘာလား ကိုရီးယား တွတ်တီး ပျော့ စိစိ ချဉ်စပ်ချိုအိ အဖတ်ဗူးလေးနဲ့ ...ထမင်းလဲနဲနဲ ကျန်သေးတယ် ပုံမှန် အိမ်ချက် ကြက်သားဟင်းရောပဲ..အဲ့ လောက်ဆို မဆိုးပါဘူး...အိပ်ချင်မူးတူးနဲ့  မီးဖိုချောင်လာရကျိုးနပ်ပါတယ် ...ငိငိ
အဲ့ မှာ ထမင်း စတိနဲ့  ဟင်းတွေချည်း အဲ့ အိုးတွေနား မတ်တတ်ရပ်ဆွဲတော့ တာပေါ့ ဗျာ....( ထိုင်ခုံဆီယူသွားရမှာကို ပျင်းနေသေးတာကိုး..ငိငိ)
မျက်လုံးကလဲ မပွင့် တစ်ဝက် ပွင့် တစ်ဝက်နဲ့  ကောင်းဘွိုင်ကားထဲက စောင်ကြီးကလဲ ခြုံလျက်တန်းလန်းနဲ့  လက် နှစ်ဖက်နဲ့  ဘဲကင်ဖတ်တွေကို အချဉ်ရေတွေ နဲ့  တို့  ဆွဲလိုက် ကိုရီးယားတော်ပူကီ ဖတ်တွေကို ကောက်ဝါးလိုက် ကြက်သားဖတ်တွေ ကောက်ဆွဲလိုက် ထမင်းကို ဇွန်းလေးနဲ့  စတိကော်ဝါးလိုက်ပေါ့ ....ရေနွေးလေးနဲနဲ နဲံ့ က လည်ချောင်း လမ်းရှင်းလေး ကောက်မော့ လိုက်သေးပေါ့ ....ညကြီးမင်းကြီး တစ်နာရီခွဲကျော်လောက်မှာ တစ်ပွေထဲ ဘဲကင်တွေ ....ဆွဲလို့ ကောင်းထှာဗျာ..ပဲ..
အဲ့ မှာ ဘဲကင်ဖတ်ကို အချဉ်ရေးလေးနဲ့  တို့  တို့ ပြီး ဆွဲနေတုန်း မျက်လုံးက မပွင့်  တပွင့် နဲ့  အတွေးထဲမှာ ရောက်လာတာ ကိုယ့် ကိုယ်ကိုယ် ပြန်မြင်လာတာ နာ ဘဲကင် ဆွဲနေတာ ဘီလူး နဲ့  တောင် တူနေသလိုလိုပဲလို့  လက်ထဲက ဘဲကင် ပေါင်တံ ရိုးလေးကလဲ လူ့ ခြေထောက် ပေါင်တံလိုလို ဘာလိုလို နဲ့ လို...လူသားစားနဲ့  ဘီလူးလို့  ကိုယ့် ကိုယ်ကိုယ်ပြန်မြင်နေတာ....ဟီးးး.....အဲ...မြင်ယောင်နေတာပဲ ရှိတာ..ဘဲကင်က အရေပြား နီတာရဲလေးနဲ့  အသားထူထူလေးနဲ့  အချဉ်ရေကလဲ ဂွတ်ရှယ် ဖြစ်နေတော့  အတော် ဆွဲလို့ ကောင်းချက်ဗျာ အပြင်လောကဓါတ်ရဲ့  ရာသီကလဲ ဆောင်းပီ နေသလိုလို အေးအေးလေးဖြစ်နေတာနဲ့ ...အဲ့ ဒါ အာရုံထဲ ဘဲကင်ခြေထောက်ပေါင်သားကို အပီဆွဲနေပုံက ကိုယ့် ကိုယ်ကိုယ် ဘီလူးတစ်ကောင်က လူ့ ပေါင်သားကို အပီဆွဲနေတဲ့ အက်ရှင်နဲ့ တူသလိုလိုသာ မြင်ယောင်နေပေမယ့်  အဲ့ ဘဲကင်ကို လက်မချ စိတ်ကနောက်မတွန့် ချက်က
ဘဲကင်ကို ၀ါးတီးဖွင့် နေတာ အစားမပျက်သွားဘူးလို့ ..အဲ အဲ....တစ်ပွေထဲ ပွဲတော်တည်နေတာတော့ မှုတ်ဖူးဗျ အနားမှာ ပွဲတော်ကျ အရိုးကိုက်ဖို့  ပတ်လည်ဝိုင်းလာစောင့် နေတဲ့ ကြောင်တွေ လေးကောင်နဲ့ လို့  ဒင်းတို့ လဲ လွယ်ပါဘူး ကြွက်သာ မချောင်းရင်နေရမယ် လူ့  ပါးစပ်အလှုပ်ပဲ အမြဲချောင်းနေပုံရပါ့ .ရော့ ရော့  အရိုးကိုက်ချည်ပေါ့ ..ခခ်ခ် .ဟီးဟီး...:P =D 😁😁
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..