Powered By Blogger

Wednesday, December 9, 2015

တွေးစရာတွေပေါ့ ..


ရိုးစင်းတယ် သံဝေဂ ရပြီး လက်ငင်း ဘ၀မှာတင် ကျွတ်တန်းဝင်သူ အဖြစ်ပြောင်းလဲ သွားတယ်ဆိုတာတွေမှာ သံသရာက ပြုမိခဲ့ သမျှ ကံ တွေ လက်ငင်းဘ၀ထဲမှာ အကြောင်းပြည့် စုံချိန် တိုက်ဆိုင်နေလို့ သာ ဖြစ်တယ် သံဝေဂ ဆိုတာ လုပ်ယူရလို့  ဇွတ်ရနေလို့ မရနိုင်ဘူး သံဝေဂ ဆိုတာ မြင်ကွင်းတစ်ခုကို မြင်လိုက်ပြီး ဖြစ်လာတဲ့  စိတ်ခံစားမှု့ သဘော သနားတာ ကရုဏာ စိတ်မကောင်း ဖြစ်သွားတာ စက်ဆုတ်သွားတာ တွေဆိုတဲ့  ဖြစ်ဖြစ်ရိုးဖြစ်စဉ် အများဆိုင်ရာ စိတ်ခံစားမှု့ သဘောတွေကနေ လွန်နေတဲ့  ကိုယ်ပိုင်တစ်ဦးချင်းရဲ့  ခံစားမှု့  အတုံ့ အလှည့် တွေသဘောတွေ နဲ့  သံသရာကြီးကိုပါ တစ်ထိုင်ထဲ မြင်ချင်းခဏမှာပဲ အပြီး စိတ်ကုန်သွားတဲ့  ခံစားမှု့ ကြီးသဘော ပိုဆန်မယ် ...

''ယေဓမ္မာ'' အစချီ စာသားကို တစ်ကြိမ်မျှ ပထမဦးဆုံး ကြားနားခွင့် ရယုံမျှနဲ့  သံသရာလည်စနစ်ကနေ အပြီး လွတ်မြောက်သွားမယ့်  လမ်းအပေါ် ရောက်သွားတဲ့ လူ သား ဘယ် နှစ်ယောက်ရှိခဲ့ သလဲ သဘော ၊ အလောင်းကောင်တွေ သွေးသံရဲရဲတွေ လူ့ ဘော်ဒီ တွေကို ခွဲစိတ်နေရင်းကနေ ဆက်စပ်တွေးပြီး သံသရာလည်စနစ်ကနေ အပြီးထွက်ချင်စိတ်တွေ ဖြစ်လာပြီး အပြီး ထွက်သွားသူတွေ ကမ္ဘာ့  လူ့ ဦးရေ သန်း ၇ထောင်လောက်မှာ ဘယ်နှစ်ယောက်ရှိနိုင်ခဲ့ သလဲ ကျနော်တို့ ကိုယ်တိုင်ရော ပုံစံမျိုးစုံနဲ  နာရေးပေါင်းများစွာ မျက်စိနဲ့ မြင်တွေ့ နေခဲ့ ရတာတောင် သံသရာလည်စနစ်ကနေ အပြီးထွက်ဖို့  ဘာလို့ သံဝေဂတွေရ စိတ်တွေကုန်သွားတာမျိုး ဖြစ်မလာသေးတာလဲ စသဖြင့် တွေးစရာတွေပေါ့ ..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..