'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, December 9, 2015
အမူအကျင့် တစ်ချို့ 
ဗေဒင်တွက်ပေးရတဲ့ အခါ ထည့် တွေးမိတတ်တဲ့  အတွေးက ဖြစ်ရိုးဖြစ်စဉ် ဘ၀တွေ သဘော နဲ့  ပုံမှန်မဟုတ်တဲ့ ဘ၀သဘောပေါ့  အဲ့ မှာ ပုံမှန်ဟုတ်ပုံ
မရတဲ့  ဘ၀တွေမှာ ၂ ပိုင်း တွေးစရာ တွေ ဆက်ရှိလာတာ သံသရာက ပါလာတတ်တဲ့ သဘောနဲ့  သူ့ ကိုယ်ပိုင် အတွေး အမြင်သဘောက လောကသဘောကို
သူဟာ ဘယ်လိုတွေ တွေး မြင်နေသလဲ ဆိုတာပါပဲဗျ ဥပမာ တရားရှာသဘောက ပုံမှန် လူ့ ဘ၀ ပထမအရွယ် သဘော ဆယ်ကျော်သက်ကနေ လူငယ်အရွယ်
ကုန်စ အသက် အစိတ်ကနေ ခပ်စွန်းစွန်းလေးအထိက နိုး ဓမ္မရှာ ပညာ စီးပွားသဘောနဲ့  အိမ်ထောင်သားမွေးတွေ တွေးဆ လုပ်တတ်ကြတာက အများသဘောဆောင်တဲ့  ဖြစ်ရုးဖြစ်စဉ်သဘာဝ ။ ကြားဖူးဖတ်ဖူးကြသလို ၇ နှစ်သားလောက်နဲ့ လောကီသဘောကို စွန့်  ဓမ္မလမ်းပေါက်ခဲ့ ပြီတို့  အသက် ၃၀ကို တော်တော်ကြီးကျော်လို့  ၄၀တွေ ၅၀တွေလောက်ရောက်ပြီဆိုတော့ မှ ဓမ္မလမ်းသဘောထက် အိမ်ရာထူထောင်တယ်တို့  ဆိုတာတွေ သဘောကြုံလာ ဗေဒင်လာတွက်ပြီဆိုတာမျိုးတွေကို ဒါဟာ ဖြစ်ရိုးဖြစ်စဉ် လူ့ သဘာဝတွေ သဘောကနေ ကျော်နေပြီ ဒါဟာ သံသရာဘ၀က တစ်ခုခု ကန့် သတ်ထားတာလား သူ့ အတွေးအမြင်တွေ သူ့ မိသားစုဘ၀ ဖြတ်သန်းမှု့ စတိုင်တွေက ဘယ်လိုတွေ ဖြစ်လာခဲ့ သလဲလို့  ထည့် တွေး မေးစမ်းကြည့် ရတဲ့ သဘောကို ဆိုလိုတာ...
အဲ့ အတွေးရဲ့ အဆက်က ပုံမှန်ထက် ကျော်နေပုံရတဲ့  ကိစ္စတွေကို အကောင်းးဆုံး ဖြစ်အောင် ၀ိုင်းတွေးပေးလိုက်တာမျိုး ဖြစ်လာတယ်...
ကောင်းကျိုး ဆိုးကျိုး အလျော်အစားတွေ ဘာတွေ ဖြစ်လာနိုင်တတ်သလဲ ဆိုတဲ့  အကျိုးဆက် သဘောတွေကိုပေါ့ ဗျာ....ဒါဟာ ကျနော် နဲ့ 
ဆုံတဲ့ သူတွေအပေါ်မှာ ကျနော့် ရဲ့ အတွေးအမြင်တွေ ဘ၀ဖြတ်သန်းမှု့ သဘောတွေကိုပါ ထည့် တွေးပြီး ဗေဒင်နဲ့ ပေါင်းစပ် တွေးခေါ်ပေးတတ်တဲ့  အမူအကျင့် တစ်ချို့ ပါဗျား
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..