Powered By Blogger

Wednesday, December 9, 2015

အဖေနဲ့ အမေ့ အကြောင်းအတွေး



အဖေနဲ့ အမေ့ အကြောင်းအတွေး
--
ကိုယ့် အဖေကိုယ့် အမေအကြောင်းတွေ သူတို့ ရဲ့ ကြမ်းတမ်းခက်ထန်လှတဲ့  ဘ၀ရေဆန် လောကဓံအကြောင်းတွေ ခေတ်ကျပ် စနစ်ကျပ်ကြီးထဲ တောသားမြို့ ရောက် တောသူ မြို့ မှီ ဘ၀တွေကနေ ရုန်းကန်ခဲ့ ရတဲ့ အကြောင်းတွေ ကို တစ်ခါတစ်လေ တိုက်ဆိုင်တဲ့ အခါ သတိရတဲ့ အခါ ပြန်ပြန်တွေးမိတတ်တယ်...

သားတွေ သမီးတွေ ပွားစည်းလာခဲ့ တဲ့ အခါမှာတော့  သူတို့ ရဲ့ နာကျဉ်စရာ ကောင်းလှအောင် ခံစားခဲ့ ရတဲ့  ကိုယ်ရေးကိုယ်တာတွေ တစ်ချို့ ကို သားသမီးတွေအတွက် ဦးစားပေးရင်း  မြိုချ အံ့ ကြိတ်ခဲ့ လိုက်ကြတာ  သူတို့ တွေရဲ့  သူတို့  သဘောကျ နှစ်သက်တဲ့  တစ်ချို့ အလေ့ အထတွေကို သားသမီးတွေ အတွက် စွန့် လွှတ်ခဲ့ ကြတာ အရာရာ သားသမီးအတွက်သာ ပထမ သဘော အများဆုံး ရှာဖွေလုပ်ကိုင်နေထိုင်သွားကြတာတွေကို တွေးမိတဲ့ အခါ....

သူတို့ တွေ လူ ဖြစ်အောင် ပင်ပမ်းတကြီး ပြုစု ပျိုးထောင်ခဲ့ တဲ့  သူတို့  သားသမီးတွေထဲက တစ်ယောက် ဖြစ်တဲ့  ကျနော်က ဘယ်လောက်တောင် အခြေအနေဆိုးတွေနဲ့  ရင်ဆိုင်ရစေ  ကျနော့် ကိုယ် ကျနော် အဆုံးစွန်အထိ ပျက်ဆီးချင်းမလှ ပျက်ဆီးသွားအောင် လေလွင့် ခြင်းမက လေလွင့် မသွားအောင် ကိုယ့် ကိုယ်ကိုယ် မလုပ်သင့် ဘူးဆိုတဲ့ အတွေး...၊ ကျနော့် ဘော်ဒီ ရုပ်နာမ်မှာ ကျနော့် ကိုယ်ပိုင် သံသရာက ကံတရားအပြငိ သူတို့ တွေရဲ့ လောကဓံဆိုးတွေကို ရင်ဆိုင်ခဲ့ ချိန်က ချွေးစက်တွေ ၊ သူတို့ တွေရဲ့  ချစ်ခြင်းမေတ္တာတွေ သူတို့ တွေရဲ့  မျှော်လင့် ချက်ကြီးတွေ လိမ်းကျန်နေတယ် ဆိုတဲ့ အတွေးက ဖြစ်တည်လာခဲ့ တဲ့ အခါ.....

မလိမ္မာလွန်းမိသေးရင်တောင် တွင်းတူးမိုက်မဲတဲ့ အဖြစ်မျိုး အထိ ရောက်မသွားရအောင်........နဲ့  ကိုယ့် ကိုယ်ကိုယ် မြေမြိုခံရလုလုအထိ ပျက်ဆီး ပြိုလဲ မသွားအောင် ထိမ်းသိမ်းနေထိုင်ပေးနေလိုက်တာဟာ ကိုယ့် မိဘ ၂ ပါးရဲ့  ချစ်ခြင်းမေတ္တာတွေအပေါ် သိတတ်ပေးရာ ၊ သားတွေ သမီးတွေအတွက် ကိုယ့် မိဘ ၂ ပါး ရင်ဆိုင်ကျော်ဖြတ်ခဲ့ တဲ့  လောကဓံတရားဆိုးတွေ အပေါ် အံတုပေးခဲ့ တဲ့ အားမာန်တွေကို အလေနတော သဘော ဖြစ်မသွားရအောင်............

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..