Powered By Blogger

Wednesday, December 9, 2015

အခြေအနေပေးမှု့ သဘော --


အခြေအနေပေးမှု့ သဘော
--
အဲ့ ကိစ္စက သံသရာက ပါလာတဲ့  အခွင့် အရေးမျိုးသဘောဆန်သလို လုပ်ယူလို့ ရတဲ့  ပုံမျိုးနဲ့ လဲ မတူဘူး အလွန်အကျွံကြီး ကာယ ဥာဏအားတွေကို အစွမ်းကုန်သုံးပြီး လှုပ်ရှားခဲ့ ရတာမျိုးလဲ မဟုတ်ဖူး ဖြစ်ရမယ့် ကိစ္စတစ်ခုအတွက် လိုအပ်တဲ့ အခြေအနေတွေက တကူးတက အားထုတ်မနေရပဲ အလိုက်သင့် လေး ကိုယ့် ဘေးနား ကိုယ့် ဘ၀ထဲ မှာ ရနေတဲ့ သဘောလေးမျိုးလို့ ကိုယ့် ဘ၀ နောင်ကြောင်းကို ပြန်တွေးရင်း မြင်လာတာမျိုး အကောင်းသဘောဖြစ်စေ အဆိုးသဘောလို့  ယူဆရတာမျိုးပဲဖြစ်စေပေါ့ 

ဥပမာ ကျနော် ဗေဒင်ဆြာအဖြစ်နဲ့  အသက်မွေးဘ၀ သဘောအဖြစ်ရောက်လာပုံက ပြန်တွေးရင် အလွန်မှကို လွယ်ကူနေတဲ့  အခြေအနေတွေ ကိုယ့် ဘ၀ထဲမှာ အရံသင့် လိုလို ဖြစ်လာတာမျိုးပဲ

ဆိုပါတော့  ကျောင်းပြီးတော့  တက္ကစီသမားလုပ်ခဲ့ ဘူးတယ်...အဲ့ အထိ ဘ၀မှာ ဗေဒင်ပညာနဲ့  ပိုက်ဆံရှာသူ ရနေသူ ဖြစ်လာမယ်လို့ အိပ်မက်တောင်မမက်ဖူး စိတ်လဲမကူးဘူး အဟောလဲ မခံခဲ့ ရဘူးသေးဘူး...ကားဆွဲရင်းကနေ လက်ဦးသင်ဆရာ ဖြစ်လာမယ့်  ဆရာနဲ့  စဆုံတယ် ဆရာ့ တော်ကီတွေ သဘောကျတယ် လေ့ လာမိတယ် ကားဆွဲနေရင်းတန်းလန်းကနေပေါ့   အဲ့ အထိလဲ ဗေဒင်ဟောစားသူ ဖြစ်လာမယ်လို့  ကိုယ့် ကိုယ်ကိုယ်မထင်ခဲ့ မိသေးဘူး...အဲ့ ကနေ ခြေတစ်လှမ်းကျွံ နှစ်လမ်းကျွံကနေ ကားဆွဲချင်တွေပျောက်လာပြီး ဗေဒင်လမ်းထဲ တစ်စတစ်စ ရောက်လို့ ရောက်မှန်းမသိဖြစ်လာတယ်...

အဲ့ ကာလကနေ အခု ဒီနေ့ အထိ ကျနော့် ဘ၀မှာ အထူးရနေတဲ့  အခွင့် အရေးကြီးက ထမင်းစားဖို့  ဘ၀အသက်ရှင်သန်ရပ်တည်ဖို့  မိဘတွေနဲ့  မိသားစု ညီအစ်ကို မောင်နှစ်မတွေကို ထောက်ပံ့ ရေးတွေ လုပ်ပေးနေရဖို့  မဖြစ်မနေ ပိုက်ဆံရကိုရမှ ဖြစ်မယ် ဆိုတဲ့  ဘ၀အနေအထားမျိုး ဖြစ်မနေပဲ ပိုက်ဆံရလာရင် ကိုယ်ထင်သလို
ကိုယ်သုံးစွဲခွင့် ကိုယ့် ဘ၀ကိုယ် လွတ်လပ်စွာ ကြိုက်သလို လှုပ်ရှားခွင့် နေထိုင်ခွင့်  ဆုံးဖြတ်ခွင့် ရနေတဲ့  အနေအထားမျိုးကို ရနေတာမျိုး ကျနော့် ဆီက ပိုက်ဆံရမှ ဖြစ်မယ်ဆိုတဲ့  လူတွေ တစ်ယောက်မှ ရှိမနေခဲ့ ဘူး အဲ့ အချက်က ထူးခြားအခွင့် အရေးကြီးမျိုးပဲလို့ တွေးလို့ ရခဲ့ တယ်  အဲ့ မှ ဗေဒင်လမ်းကို လိုက်တဲ့ အခါမှာ ပိုက်ဆံကိစ္စရှိမနေတဲ့  အတွက် စိတ်ဖြောင့် လက်ဖြောင့်  အချိန်တွေ အများကြီးပေးနိုင်ခဲ့ တာမျိုးပဲ  တပည့် စစ်စစ်ခံပြီး ဆရာတင်ရင်း ဆုံခဲ့ ရတဲ့ ဆရာ ၂ ယောက်တောင် တကူးတက
စုံစမ်းပြီး ရှာဖွေနေခဲ့ ရတာမျိုးမဟုတ်ပဲ ကိုယ်က တပည့် ဖြစ်ရမယ့် ကံ ဆရာ ၂ယောက်က ကိုယ့် ဆရာ ၂ ယောက်ဖြစ်ရမယ့် ကံ သတ္တိတွေကိုက အကြောင်းပြည်စုံနေချိန်
ဖြစ်နေလို့ ဆရာတပည့် တွေအဖြစ် လွယ်လွယ်ကူကူပဲ ဖြစ်ကုန်ကြတာမျိုးပဲ..

.ဒါကိုပဲ အခြေအနေပေးမှု့ သဘောလို့ ဆိုလိုတာပါပဲ....တစ်ခြားကိစ္စတွေလဲ တွေးဆကြည့် လို့ ရနိုင်လောက်ပါတယ်..ဆန့် ကျင် ဖက် အတွေးက အခြေအနေပေပးမှု့ သဘော အကြောင်း ပြည့် စုံချိန် မဆိုက်ရောက်လာသေးရင် အသေးအမွှားလေးလို့ ထင်ရတဲ့  သဘောကအစ လိုအ်ချက်အကြီးကြီး သဘောအသွင်ဆောင်ပြီး ခက်ခဲသင့် တာထက်ခက်ခဲနေပုံလဲ ရတတ်တယ်ပေါ့ လေ...အဲ့ မှန် အချိန်ကို တွက်ချက်ချိန်ဆတာ သည်းခဏခံပေးထားတာ ဆက်လက်ကျိုးစား ဇွဲခတ်ကြည့် တွေ လိုကောင်းလိုမယ်ပေါ့ လေ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..