Powered By Blogger

Wednesday, December 9, 2015

အတွေးစတိုင်



ကျနော်တို့  စတွေးးကကတည်းက လူ့ သက်တမ်းဟာ ဒါပဲ လို့  စတွေးတယ်  အဲ့ ကနေ ဆက်တွေးတာက သက်တမ်းက ဒါပဲ ဆိုရင် ဘူ အတွေး အပျက်အတွေးတွေ သဘော များများ တွေးပြီး ဘ၀နိဂုံးကို သွားမယ့်  သဘောကနေ  ဘာလုပ်လို့ ရသေးလဲ ဆိုတဲ့  ရုန်းကန်သတ္တိကို ထုတ်သုံးတဲ့ အတွေး ခပ်ပျော်ပျော်အတွေးတွေ ဖြစ်ရိုးဖြစ်စဉ်တွေါ ဆိုတဲ့ တွေးတွေဖက်က လှည့် တွေးပစ်လိုက်ပြီး ဘ၀နိဂုံးဆီကို ချီတက်တာ ဘယ်ဟာက လူကို စိတ်ခွန်အားဖြစ်စေလဲ စိတ်ထွက်ပေါက်ကိုရစေသလဲ စိတ်ကို နုပျိုစေသလဲ လို့  ကိုယ့် ကိုယ်ကိုယ် မေးခွန်းတွေထုတ်ပြီး ဘ၀နိဂုံးခရီးဆီ  သွားပုံ သွားနည်းကို စိတ်နဲ့  ချိန်းပစ်ခဲ့ တာမျိုးပဲ.....စိတ်သာ ရှင်စော ဘုရားဟော သဘောနဲ့  သတ္တ၀ါတစ်ခု ကံတစ်ခု သဘောကို လက်ကိုင်ထားပြီး အများထဲမှာ ပုံမှန်လေး အလိုက်အထိုက်နဲ့ ကိုယ် သဘော နေရင်းကနေ တစ်ကိုယ်ရည် သဘော အတွေးစတိုင်ကို ပြောင်းလဲ ပစ်ခဲ့ တဲ့  သဘောပေါ့ ....
===============


ကိုယ်ဖီးလ်လာတဲ့ ဘ၀နေမှု့ စတိုင်ကို ပစ်မှတ်တည်ဆောက်တာ အတွေးထဲမှ အရင်စတည်ဆောက်လိုက်တာမျိုး...ဆိုပါတော့  ဆင်းရဲခဲ့ တော့  ဆင်းရဲမှာကို မချမ်းသာမှထက် 
ပိုပြီး ကြောက်တယ် ဒါကို ကိုယ့် စိတ်ကို ကိုယ်ပြန်စစ်ရင်း မြင်လာတာ ဒီတော့  အတွေးက စတည်ဆောက်လိုက်တာက ဆင်းရဲမှာ (၀ါ) ပြန်ဆင်းရဲသွားမှာ သိပ်ကြောက်နေရင်
ဆင်းရဲနိုင်တာတွေ လျှောက်မလုပ်နဲ့ ပေါ့ ဆိုတဲ့ အတွေးထပ်ရလိုက်တယ်ပေါ့  အဲ့ အတွေးအတိုင်း တစ်ခုခု ထူးခြားလုပ်တော့ မယ်ဆို ဆင်းရဲသွားနိုင်ခြေများမများ အရင် အကဲခတ်လိုက်တာ
မျိုးပေါ့ ..အဲ့ မှာ တစ်ဖက်က ဖြည့် တွေးထားပေးရတာက ကံသဘော ကိုယ်တိုင် ပြုမိမှား ဆင်းရဲနိုင်တဲ့  အကွက်တွေကို မလုပ်မိအောင် ရှောင်ပါလျက်နဲ့  ရေကြီးတဲ့ အထဲပါသွားလို့  ဘာလို့ 
ညာလို့  ဆိုတဲ့ ကိုယ်က တိုက်ရိုက်ပြုမိမှား မဟုတ်ပဲ သံသရာဘေး ကပ်ဘေးကြောင့်  ဆင်းရဲသွားတာမျိုးလဲ ကြုံနိုင်သေးတယ် ဒါတော့ မတတ်နိုင်ဘူး သဘောကို ကြိုတွေးပေးထားတာမျိုး.
ဒါက အခြေအနေတစ်ခုကို စဖန်တီး တွေးဆယူပုံ သဘောလေးဗျ...လမ်းသွားရင် မတော်တဆမှု့ ကြောင့်  ရှောသွားမှာကြောက်ရင် သွားလာတဲ့ အခါမှာ 
မတော်တဆမှု့ တွေ ဖြစ်နိုင်မဖြစ်နိုင် ကြိုတွေးတွက်ချက်မယ်ပေါ့  ရှောင်မရရင် ဘုရားစာရွတ်သွားမယ် အဆောင်တစ်ခုခု ဆောင်သွားမယ်ပေါ့  အဲ့ လို သတိကပ် တွက်ဆ သွားရင်းကကို
တစ်စုံတစ်ရာဖြစ်လာရင်တော့ လဲ ဒါတော့ လည်း မတတ်နိုင်ပါစသဘောပေါ့ ...သံယောဇဉ်ကြီးတတ်တယ် သံယောဇဉ်ကြောင့်  ပါလာတဲ့ သောကပြင်းထန်မှု့ တွေကိုကြောက်တတ်ရင်
နွယ်မိအောင်မနေနဲ့  သံယောဇဉ်မကြီးမိအောင်နေ ဆိုတာ ကိုယ့် ဖီလင်ကို ကိုယ်ပြန်တွေးပြီး ဆောင်တာရှောင်တာတွေ လုပ်တာမျိုး ငရဲကိုကြောက်ရင် ငရဲကျနိုင်မယ်ထင်တာတွေမလုပ်ဖူး
သဘော ကောင်းကင်ရောက်ချင်ရင် ကောင်းကင်ရောက်မယ့် အကျင့် တွေကျင့် သဘောလေးပါ...ကိုယ်လိုချင်တဲ့  ဘ၀စတိုင်ကို ပုံဖေါ်ဖို့ စတွေးတာ 
ရိုးရိုးလေးပဲ တွေးပြီနေတာထိုင်တာလုပ်တာမျိုးလေးရယ်ဗျာ..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..