လိုချင်သောဘ၀ နဲ့ ပြတ်သားရဲတဲ့ စိတ်ဇွဲ
----
အစကတော့  သူလိုကိုယ်လို နေခဲ့ တာမျိုးပါပဲ...အသက်တစ်ခုရောက်လာတဲ့ အခါမှာ အတွေးသမား ဖြစ်လာတယ် ပေါင်းစုံတွေးကြည့် တတ်ပါတယ်...အဲ့ ကနေ ကိုယ့် အကြောင်း ကိုယ့်  စိတ်ခံစားမှု့ တွေကို ပြန်တွေးယူပါတယ်
အဲ့ မှာ အထူးတွေးမိတာက ငါ ဘာလိုချင်နေတာလဲ ငါမလိုချင်တာဘာလဲ ငါဖြတ်သန်းချင်နေတဲ့  ဘ၀နေမှု့ စတိုင်က ဘယ်လိုပုံစံမျိုးလဲ ငါ မဖြစ်ချင်တဲ့ ဘ၀စတိုင်က ဘာလဲ ငါလိုချင်တဲ့  ဘ၀စတိုင်အတွက် ငါ့ ဖက်က ဘာတွေ ပြန်ပေးရနိုင်လဲ ပေးခဲ့ ရမှာတွေအတွက် အစားထိုးဖို့ က ဘာတွေ ဖြစ်နိုင်မလဲ
ငါကြောက်တတ်တာ ဘာတွေလဲ ငါမကြောက်တတ်တာ ဘာတွေလဲ....စသဖြင့် ပေါ့  ဖြစ်နေကြုံနေတဲ့  ကိုယ့် ဘ၀အပေါ်မှာ စတွေးတယ် အချိန်တော့ နဲနဲယူခဲ့ ရတယ်....နောက်တော့  တွေးမိတဲ့  လမ်းကြောင်းနဲ့  ဘ၀စတိုင်ဟာ ငါ တကယ်လိုချင် ဖြစ်ချင် လျှောက်လှမ်းနေချင်တဲ့  ဘ၀စတိုင်ပဲလို့  သေသေခြာခြာ ဆုံးဖြတ်လိုက်နိုင်ပြီဆိုတဲ့ အခါ....
ကိုယ်ရွေးလိုက်တဲ့ လမ်းကို စလျှောက်တော့ တယ် အဲ့ မှာ ဘ၀လမ်းမှာ ကိုယ် ရွေးခဲ့ တဲ့  လမ်းကို ထိခိုက်လာနိုင်လောက်တဲ့ ကိစ္စတွေလို့  တွေးလို့ တွက်လို့ ရရင် နောက်တွန့် မနေပဲ နောက်တရမနေပဲ ခပ်ပြတ်ပြတ်ပဲ ဖယ်ရှားပစ်ပြီး ကိုယ့် လမ်းကိုယ်ဆက်လျှောက်ခဲ့ တယ်
ချကျွေးဖို့ ပေးဖို့  လိုတယ် ထင်တာတွေ ခပ်ရဲရဲပဲ ချကျွေးပစ်ခဲ့ တယ် ပေးခဲ့ ပစ်တယ် ယူထားသင့် တယ်လို့ ထင်တာတွေ ရဲရဲယူထားလိုက်တယ်...အဲ့ အတွက် အချိန်တွေဆိုတာ ၁၀စုနှစ်လောက်တော့  ရင်းခဲ့ ပေးရတယ်...ဒီနေ့  ကိုယ်လိုချင်တဲ့  အနှောင်အဖွဲ့ 
အနဲဆုံး စိတ်ရဲ့ စေရာကို လွတ်လပ်စွာပျံသန်းခွင့် အရဆုံး အနေအထားကို ရလာတာမျိုးပဲ....ပြတ်သားရဲတဲ့ စိတ်ဇွဲတော့ လိုတယ် ကြုံလာသမျှကို ဘယ်သူ့ ကိုမှ အပြစ်ဖွဲ့ မနေပဲ ကိုယ်ရွေးတဲ့ လမ်း ကိုယ့် မှာသာ တာဝန်ရှိတယ်ဆိုတဲ့ သဘောတရားကို ဗဟိုပြုရဲဖို့ တော့ လိုတယ်ပေါ့ လေ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..