Powered By Blogger
Monday, May 11, 2015
ဝပ်ရှော့ ဆရာ ၁ သောကြာ...
ဝပ်ရှော့ ဆရာ ၁ သောကြာ...
-----------------
ခုတော့  ရှောသွားပြီ ဖြစ်သွားတယ်ဗျားးး.
..ဖြစ်ပုံက အဲ့ ဘဲကြီးက  ၆၉  ဒီဇင်္ဘာလဆန်းမွေး ၁ သောကြာ ရာဇဖွားကြီးဗျ......သင်္ကြန်မတိုင်ခင်က သူ့ အမျိုးသမီးလာတယ်..ကားအပ်ထည်နဲနေလို့ တဲ့  ၊ .သူတို့ က တစ်ရပ်ကွက်ကျော်က...၀ပ်ရှော့ ဆရာ...ဘဇ်နက်က မဆိုးဘူး..ဒါပေမယ့်  အဲ့  ဘဲကြီးက အလုပ်ပြီးရင် အလုပ်ကြမ်းတဲ့ ကားဆရာမို့ ထင်ပါရဲ့  ရှပ်နဲနဲထုတတ်တယ်...အဲ့ ဒါသိလို့  ခင်ဗျားလူကြီးက အခုအသက် ၄၆ စနေဂြိုလ်ထဲမှာ  တစ်နှစ်လောက်ကြာမှာ...ကားအပ်ထည်နဲတာက ကိစ္စမရှိဘူး လဘက်သားလေးကို ရေစိမ်ပြီး ကားပြင်တဲ့ နေရာ ကြာသာပတေးနေ့ နဲ့ တနင်္လာနေ့ တွေမှာ လျှောက်ဖြန်းပေးလိုက်ရင် ပြင်ဖို့  ကားတွေလာ အပ်လိမ့် မယ်...ဒါ့ ထက်ပို အရေးကြီးတာက နေကလည်းပျင်းနေသေးတယ် သတိထား သွေးတိုးပြီးလေဖြန်းသွားမှ ဒုက္ခရောက်နေမယ် အခု လကိုက ကံမကောင်းတော့ ဘူး...( ၄ လပိုင်းလဆန်းကြီလာတာ ).ကျမ္မာရေးတော်တော် သတိထားဖို့ လိုလိမ့် မယ်  ..အခုကနေ မေလကုန်အထိ တစ်ကြိမ် နောက်တစ်ကြိမ်က ဇူလိုင်နဲ့ သြဂုတ်ကြား သတိထားရလိမ့် မယ်..အဆင်မသင့် ရင် အသက်ကို ရစ်တတ်တယ် .ပိတောက်ညွန့် တွေဘာတွေ ထိုးထားပေးလိုက်ပေါ့ လို့  မှာလိုက်တာ....
အဲ့ ဒါ  အဲ့ မိန်းမ မနက်က ဈေးသွားရင်းဆိုပြီး  ၀င်လာတယ် သူ့ ယောက်ျား သောကြာသား ပြီးခဲ့ တဲ့ အပတ်က ရက်လည်တဲ့ ....ဟာ...လို့  ဖြစ်သွားတာ.ပေါ့ ..ကိုယ်ထင်တာက လေထိယုံလောက် ထင်ထားတာ.အခုက မြန်ချက်က ဇူလိုင်သြဂုတ်တောင်မရောက်လိုက်ဘူး.....ဘယ်လိုဖြစ်တာတုန်းဆိုတော့ ..သင်္ကြန်ပြီးကတည်းက နေသိပ်မကောင်းတော့ တာ သွေးတိုးတိုးနေတာတဲ့ ...အဲ့ နေ့ က ကားတစ်စီးကြည့် ပေးနေရင်း  မူးတယ်ဆိုပြီးလဲသွားလို့ ဆေးရုံပြေးတာ အသက်မပါသွားတော့ ဘူးဖြစ်သွားတာ..သွေးစောင့် တက်ပြီး..ဦးနှောက်သွေးကြော ထိသွားတာတဲ့ ဗျား..ပိတောက်ညွန့် လေးရော ထိုးပေးထားမိသေးလားဆိုတော့ ....ကျမလည်း အလုပ်တွေများနေလို့  မထိုးပေးမိထားဘူးတဲ့ ဗျာ......( ဒါတော့  အဲ့  ၁ သောကြာကြီးရဲ့ ကံပဲ မတတ်နိုင်ဘူးပေါ့ ဗျာ..)
ဗေဒင်သဘောအရ အဲ့  ၁ သောကြာတွေ အဲ့ အသက် အဲ့ လတွေဖြတ်တာနဲ့ အဲ့ ဒီလိုကြီး ရှောမယ်လို့  တန်းမပြောနိုင်ပါဘူး...ဖြစ်တတ်တာတွေ စုထားပြီး ပြန်ပြန်ပြောရင်း နောက်လူတွေကို လိုရမယ်ရ သတိပေးထားရတာမျိုးပဲ...ကံ ညံ့ ပြီလို့ တွက်လို့ ရပြီဆိုရင်  ဒဲ့ ဖဲ့ တာနဲ့  သွယ်ဝိုက်ရစ်တာပဲကွာတာ မရစ်ခံရတဲ့ သူတွေ မရှိသလောက်ပဲ...တစ်ချို့ က ကိုယ်တိုင်မထိဘူး မိဘဆေးရုံတက်နေလို့ လူမမာစောင့် လုပ်နေရတာနဲ့ ကျိမ်းကြေပြီး ကျော်သွားတာတွေလည်းအများကြီးတွေ့ ခဲ့ တာပါပဲ...ဒါပေမယ့်  ဒဲ့ လာမလား သွယ်ဝိုက်လာမလားက မသိလွယ်လို့  ယတြာကြိုကာထားတာ ကောင်းတယ်လို့ ပြောနေတာပါပဲဗျာ..လူဆိုတာ တကယ်ကြတော့  လွယ်လွယ်နဲ့ မသေချင်တာ သူသူ ကိုယ်ကိုယ်ပါပဲ...သန်စွမ်းနေတုန်းတော့  သေမှမကြောက်ဘူးဘာညာတော့ ပြောလို့ လွယ်တာပေါ့ ..ပြီးတော့ 
ကိုယ်သေမှာ ကိုယ်မကြောက်ရင်တောင် ကိုယ်သေမှာ ကြောက်နေတဲ့  ကိုယ့် မိသားစုမျက်နှာက ထောက်ရသေးတယ်လေ.
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..