-----------------
ကိုန၀င်းခင်ဗျာ..
ဥရောပအမည်တခုကို ဗေဒင်ပညာအရ နေ့သင့်နံသင့် ရွေးခြယ်လို့ရနိုင် မရနိုင် သိလိုပါတယ်။ အမည်ပြောင်းရန် လိုနေတဲ့အတွက် ကူညီစေချင်ပါတယ်ခင်ဗျာ။
================
Na Win Thi Ha ဥရောပတိုက်သား (၀ါ) အင်္ဂလိပ်နာမည်တစ်ခုကို ပေးတဲ့ အခါ..ကျနော်တို့  ဗမာ နံကောက် သဘောနဲ့ မတူဘူး..သူတို့ အမည်တွေက အများအားဖြင့်  သမ္မာကျမ်းလာ အဖြစ်အပျက်တွေ နဲ့ ဒေသဆိုင်ရာ လူစွမ်းကောင်းတွေ ထူးခြားလူတွေရဲ့ သမိုင်းသဘောတွေ မှာ အခြေခံတာများတယ် ဥပမာ ဒေးဗစ် ဆိုတာ ရှေးက အင်္ဂလိပ် လူစွမ်းကောင်းကြီးတစ်ယောက်ရဲ့ ပုံရိပ်ကို ယူမှည့် တာမျိုး စနေသား ဘာညာ မဟုတ်ဖူးပေါ့ လေ... ဒီတော့  အများအားဖြင့်  ဥရောပအမည်မှည့် ရင် အာရှသားတွေ မှည့် လေ့ ရှိတဲ့ အမည်တွေ မှည့် လေ့ ရှိတယ် ဥပမာ မေရီတို့  ၀ီလျံ ရှယ်လီ စင်သီယာ မာဂရက်...စသဖြင့် ပေါ့  နေ့ သင့် နံသင့်  ဖြစ်ချင်မှဖြစ်မယ်ပေါ့ ၊ တစ်ချို့ ကလည်း သမ္မာကျမ်းလာတွေပေါ့  ဂျိုးဆက်တို့  ဘာတို့ ပေါ့ 
ဗမာဗေဒင်က အဲ့ ဥရောပအမည်တွေ နံသင့် အဖြစ်ဝင်စဉ်းစားပေးတဲ့  အခါ ရှေ့ ဆုံးက အသံကို သာဦးစားပေးယူလိုက်တယ် အမည်ရဲ့ ပုံရိပ်ကို သိပ်မယူတော့ ဘူး အကြောင်းက သမ္မာကျမ်းလာတို့  ဥရောပ သမိုင်းကြောင်းတို့ ကို မကျွမ်းကျင်လို့ ...ဒီတော့  ဆိုပါတော့  သောကြာသား သမီးလို့  သိရင် သောမတ်စ် နဲ့  သယ်လ်မာ လို့  မှည့် လိုက်တာ...ဗုဒ္ဒဟူးသားဆို ၀ီလျံ..တနင်္ဂနွေသားဆို အော်စကာ အော်စတင်..ကြာသာပတေးသမီးဆို မေရီ မာဂရက် ကြာသာပတေးသားဆို ဘရိုင်ရန် စသဖြင့် အမည်ပေးလို့ ရတယ်ပေါ့  အဲ့ လိုပဲ ပေးလေ့ ရှိတယ်...ဒီသဘောကို ရပြီဆိုရင် ဥရောပအမည်မှည့် လိုရင် အဲ့  နံ ရဲ့  အသံထွက်တွေနဲ့  ညှိပြီး ကိုယ့် ဟာကိုယ် မှည့် လိုက်လိုရပါတယ်ဗျား...ကိုယ်နေတဲ့  ဒေသက အသုံးများလေ့ ရှိတဲ့  အမည်တွေရဲ့  လေသံကို နားထောင်လိုက်ရင် အမည်တွေ အများကြီး ထွက်လာမှာပါဗျား.
(အဲ့ တော့  အဲ့ က စိတ်ကူးထားတဲ့ ဥရောပအမည် နဲ့ နေ့ သားကို တော့  ပြောရင် ချိန်ကြည့် ပေးလို့ ရတယ်ပေါ့ ဗျာ...ကျနော်တို့ မှည့် ရင် အလွယ်နဲ့ မရတတ်ဖူး ဥရောပအမည်တွေ မှည့် နေမကျလို့ ပါဗျား..)
ဟုတ်ကဲ့။ ကျနော်က သန်းဝင်းပါ သောကြာသား အထွန်းဖွားပါ။ မူရင်းနာမည်ကတော့ သောကြာသားမို့ "သ"နဲ့စပြီး အဓိပတိတိုင်ထိပ်ရောက်နေတဲ့ ဗုဒ္ဓဟူး "ဝ"မှာ ဆုံးထားတယ်လို့ ယူဆပါတယ်။
ကိုန၀င်းပြောသလို ဥရောပ အမည်တွေကို စဉ်းစားတဲ့အခါမှာ သောကြာသားဖြစ်တဲ့ "သောမတ်စ်" ကို ယူမယ်ဆိုရင် အဆုံးသတ်အသံက "မတ်စ်"ဖြစ်နေတဲ့အတွက် ဗုဒ္ဓဟူးမှာ မဆုံးဘူး ဖြစ်နေပြန်ပါတယ်။
ဒါက First Name ပဲ ရှိနေသေးတယ်။ Last Name ကို ရှာပြန်တော့လည်း နောက်ထပ် အသံသုံးသံလောက် ထပ်ထွက်လာရော။ အတော့ကို ခွကျပါတယ်။ နောက်ပြီးတော့ ကျနော့် နာမည်က ဝမ်းဆွဲဆရာမကြီး လက်တန်းမှည့်ပေးလိုက်တဲ့ နာမည်ဆိုတော့လည်း တကယ့်ဗေဒင်ပညာနဲ့အကိုက်မှည့်တာ ဟုတ်မဟုတ်တော့ မသိပါဘူး။
လောလောဆယ်တော့ First Name အတွက် Thor, Thomas စသဖြင့် "သ"အသံနဲ့ စတဲ့ အမည်တွေ ရွေးထားပြီး Last Name အတွက် "ဝ"နဲ့ စတဲ့ အမည် William, Wilson စတဲ့ နာမည်တွေ စိတ်ကူးပါတယ်။ ကျနော်နဲ့ သင့်တော်၏ မသင့်တော်၏ ဆရာ့ပညာနဲ့ ကူညီဆုံးဖြတ်ပေးစေချင်ပါတယ်ခင်ဗျာ။
Na Win Thi Ha ဟုတ်ဗျ...သောမတ်စ်ကလည်း ၂လုံးပေါင်းမှ အဓိပ္ပါယ်တစ်မျိုးထဲ ထွက်မှာပါ.ဗမာက ပါဠိ အမည်တွေသဘောလိုပါပဲဗျာ..ဥပမာ သီဟ ဆိုတာ သောကြာ နံ သဟ နှစ်လုံးနဲ့  ချိတ်မိတာက တိုက်ဆိုင်မှု့ သာဖြစ်ပြီး သီဟ ရဲ့ တကယ့် အနက်က ခြင်္သေ့  ကို သာ ကိုယ်စားပြုတာပါ ၊ တကယ့် နံသင့် သက်သက် အမည်သဘောက ဥပမာ သိန်းဟန်ပေါ့ .ဘာပါဠိအနက်မှ မရှိပါဘူး တစ်လုံးစီမှာတော့  ဗမာလို အနက်ထွက်ပါတယ် ..။ မိန်းကလေး သောကြာသမီးမှာ သီရိ ကို မှည့် လေ့ ရှိပါတယ် သောကြာနံ သီ နဲ့ စတာသာ ယူတာပါ သီရိဆိုတာ နလုံးပေါင်းမှ အဓိပ္ပါယ် တစ်မျိုးတည်း ဖြစ်တဲ့  ပါဠိသက်ဖြစ်ပြီး ''ကျက်သရေရှိသော '' ဆိုတဲ့ အနက်ကိုယူတာပါ ..ဒီသဘောအရ သော နဲ့ မတ်စ် ကို ခွဲ စဉ်းစားစရာမလိုပဲ ရှေ့  အမည်က သောမတ် နောက်အမည်က အညွန့်  ဗုဒ္ဓဟူးနံ ၀ယ်လ်ဆင် ဖြစ်ဖြစ် ၀ီလျံ ဖြစ်ဖြစ် ကပ်လိုက်ရင် အထွန်းဖွားသောကြာသားအတွက် သောကြာအစ + ဗုဒ္ဓဟူးနံ အဆုံး ပြည့် စုံတဲ့ အမည် ဖြစ်သွားမှာပါဗျားး.
ဟုတ်..ကိုန၀င်း ရှင်းသွားပါပြီခင်ဗျား
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..