
ဆင်ခြင်သိ
ကိုယ့် ရဲ့  ငယ်ဘ၀ကို လူတွေ အပါအ၀င် ဘေး အထောက်အကူပြုပစ္စည်း တစ်စုံတစ်ရာအကူ မယူပဲ ကိုယ့် မှတ်ဥာဏ်သက်သက်နဲ့  စဉ်းစားရင် ဘယ် အသက်ပိုင်းအထိ ပြန်မှတ်မိနိုင်လဲ ...နောက်ကြောင်းပြန်တွေးကြည့် ဘူးလားဆိုတာမျိုး .ဆိုပါတော့  မွေးပြီးစ သုံးလေးလ (သို့ ) ၆လ (သို့ ) ၈လ..စသဖြင့် ပေါ့  အစောဆုံးဘယ်လောက်အသက်က အဖြစ်အပျက်ကို ပြန်တွေးရင် စ မှတ်မိနိုင်သလဲပေါ့ ....
ကိုယ့် မိခင်ဘာသာစကားကို ကိုယ်ပြောတတ်နေပြီဆိုတာ ကိုယ့် ဟာကိုယ် ဘယ်အသက်ပိုင်းမှာ စသိလိုက်ပြီလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းသလို ကိုယ်ပြောနေတာ ဘယ်ဘာသာစကားနဲ့ ပြောနေတာလဲဆိုတာ ဘယ်အသက်မှာ စတွေးမိတာလဲကို ပြန်စဉ်းစားကြည့် ဘူးကြလားဆိုတာကလည်း စိတ်ဝင်စားစရာ..
ဒါကိုတွေးလို့ ရပြီဆိုရင် သေခြာတယ်လို့ ဆိုတာ တစ်ချို့ ကိစ္စတွေမှာ အတွေ့ အကြုံတွေကိုချည်း အားပြုလို့ မရ ဆင်ခြင်သိတွေကို အားပြုရတယ်ဆိုတာ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..