Powered By Blogger

Sunday, June 21, 2015

perfect.



perfect.
---
ပလာတာ အဲ ပလေတိုရဲ့  စာ ဘာသာပြန်ပေးထားတာကို စဖတ်ဖတ်ချင်း တော်တော်ပျင်းစရာကောင်းတယ်ဗျ...ပျင်းဆို စကားလုံးတွေ က အရပ်စကားလို
ဒဲ့ က မလာချင်ဘူး  ၀ိုက်နေသလိုချည်းလို့ ထင်နေလို့ လားတော့ မသိပေါ့ ..နောက်တော့  စာတောမှာကျင်လည်ရင်းက အချိန်တစ်ခုရောက်လာတဲ့ အခါ
အရင်က မနဲဖတ်နေရတဲ့ အနေအထားကနေ စာတွေထဲက ကိုယ်လိုချင်တာတွေကို ဆွဲထုတ်လို့ ရလာတယ်



ပိုစိတ်ဝင်စားသွားတာက ဒဿနပညာမှာ ဒဿနတစ်ခုအဖြစ် အကျုံးဝင်တဲ့ စကားလုံးတွေကို ခွဲခြမ်းစိတ်ဖျာပြီး စကားလုံးတစ်လုံးကို သုံးလိုက်ရင် ဘာကြောင့် အဲ့ စကားလုံးကို သုံးရသလဲ  စကားလုံးရဲ့ မူလအနက်ကဘာလဲ ဆင့် ပွားအနက်ရှိသလား မြှတ်ကွက်တွေပါလား အဲ့ စကားလုံးကို သုံးလိုက်တဲ့ 
သူဟာ ဘာကိုဆိုလိုချင်လို့ အဲ့ စကားလုံးကိုသုံးတာလဲ သူသုံးလိုက်တဲ့ စကားလုံးတွေကို သူဘယ်လိုနားလည်ထားသလဲ သူ့ အတွက်သူသုံးတာလား သူများအတွက်သုံးတာလား စသဖြင့် စသဖြင့်  အတွင်းလိုက်နှိုက်ပြီးမေးခွန်းတွေထုတ်ကြည့် တာမျိုး ကို သဘောကျသွားတယ်.
( သဘောကျတာတွေ များနေပီ...ခိခိ)

အဲ့ လိုကနေ ထင်ရှာတဲ့ စကားလုံးအတွဲတစ်ခုဖြစ်တဲ့  ဘယ်သူမှ ပါဖက်မဖြစ်ပါဘူး အားသာချက် အားနဲချက်တွေ ရှိတာချည်းပဲ ဆိုတဲ့ မှတ်ချက်အကြောင်းကို တွေးကြည့် တဲ့ အခါ....

အဲ့ ဒီ့  ပါဖက် ဆိုတဲ့ စကားလုံးလေးတစ်လုံးကိုပဲ ရှု့ ထောင့် တွေ ကွဲထွက်လာတာ တွေ့ နိုင်လာတယ်...သူများကို ခွင့် လွှတ်လွယ်ပေးတဲ့ သဘာနဲ့ သုံးတာ
..ကိုယ့် ကိုယ်ကို ချွေးသိပ်တဲ့ အနေနဲ့ သုံးတာ..အခြေအနေတစ်ခုထဲကိုပဲ အကြိုက်မတူရာက အမြင်မတူရာကနေ သုံးမိလိုက်တာမျိုးတွေ စသဖြင့်  သုံးတဲ့ နေရာ သုံးတဲ့ စိတ်ထားတွေမတူတာတွေ မြင်သာလာတယ်...

ဆိုပါတော့  စိန်ရွှေငွေကားတိုက်တာခြံကျယ် ရုပ်ရည် ပညာ သဘောကောင်းစိတ်ထား စသဖြင့် စသဖြင့် လောကမှာ လူတွေ လိုချင်တာမှန်သမျှနီးပါး ကိုယ့် မှာ ရှိနေပြီး ကိုယ့်  အရပ်ကတော့  အများအကြိုက်ဆိုင်ရာ အရပ်အမြင့် စံနှုံး အထိ မရှိပဲ သာမန်ထက် ပုနေတာ ဟာ ကိုယ့် အတွက် ရေးကြီးခွင်ကျယ်မဟုတ်လို့  အရပ်နဲ့ ပတ်သက်တဲ့  ပြဿနာမရှိပေမယ့်  လူမှန်ရင် သူ့ လူမျိုးနွယ်နဲ့  သူ့ စံနှုံး အရပ်အမြင့် အထိတော့  ရှိရမယ်လို့  ခံယူထားသူ့ အတွက်တော့  အရပ်ပုနေတာဟာ သူ့ အတွက် ပြဿနာရှိနေတယ်

ဒါပေမယ့် အရပ်ပုတာကလွဲရင် သူ့ ဆီမှာ ကိုယ့် မှာမရှိတဲ့  ကိုယ်လိုချင်တာတွေ အားလုံးနီးပါးက ရှိနေတာ့ ....လောကမှာ ပါဖက်ဖြစ်တဲ့ သူ မရှိပါဘူးဆိုပြီး..သွားမပါရင်နေ ကားပါရင်ပြီးတာပဲဆိုပြီး ငိငိ လေးတွေးပေးပြီး...ငိငိ လိုက်ပါရောဗျာ....ဟုတ်ကဲ့ ပါ..ငိငိ ပါခင်ဗျာ...အဟီးးးး..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..