တစ်ခါတုန်းက မျက်လှည့် ဝိုင်းထဲမှာ (၁)
----
ကျနော်တို့ ငယ်ငယ်တုန်းက ( ၇၀ခုနှစ်တွေ ၀န်းကျင် တစ်ဝိုက်က ရန်ကုန်မှာ) ( လသာလမ်းမတော်ဖက်မှာ အများဆုံး ) လမ်းဘေး မျက်လှည့် ဝိုင်းတွေ အတော်ခေတ်စားခဲ့ ဘူးတယ် လမ်းဘေးဆိုပေမယ့် ဖြစ်ကတတ်ဆန်းတော့ မဟုတ်ခဲ့ ဘူး ၀ိုင်းကြည့် နေကြတာ တစ်ခါတစ်ခါ လူအယောက် လေးငါးဆယ်လောက်အထိကိုများသွားလို့  တစ်ချို့ မျက်လှည့် ဆရာရဲ့ လေကြောထဲ မျောသွားလို့  မျက်လှည့် ဝိုင်းမှာခါးပိုက်နှိုက်ခံလိုက်ရတဲ့ သူတွေတောင်ရှိခဲ့ တယ်။ မျက်လှည့် ဆရာတွေအပြောကောင်းချက်က ခဏဆိုပြီး ၀င်ကြည့် လိုက်တာ အိမ်ပြန်ချိန်ကိုတောင်မသိတော့ ဘူး ဆိုတာမျိုး ကိုယ်သွားရမယ့် လာရမယ်
့ကိစ္စတွေအမေခိုင်းလိုက်တဲ့ ကိစ္စတွေ ဈေးဝယ်ဖို့ ခြမ်းဖို့ ကိစ္စတွေ ကျောင်းနောက်ကျတာတွေတောင်ဖြစ်ကုန်တဲ့ အထိပေါ့ ..
ကျနော်တို့ လမ်းရဲ့ အောက်ဖက် မြစ်ကမ်းနား ၀င်ပေါက်ထိပ်မှာ ညောင်ပင်ကြီးတစ်ပင်ရှိခဲ့ တယ် အပင်ကြီးလို့  အရွက်အုပ်များချက်က တော်ယုံ့ မိုးဆို ချက်ချင်းမစိုပဲ အတော်ကြာကြာလေးမိုးခိုနေလို့ ရအောင် ကြီးတယ် အဲ့ ညောင်ပင်အောက်က မြေကွက်လပ်ကအတော်ကြီး ကျယ်တယ် အဲ့ ညောင်ပင်ကြီးအောက်မှာ မကြာခဏမျက်လှည့် လာလာပြလေ့ ရှိတယ်၊ အဲ့ မှာလာပြနေကျ မျက်လှည့် ဆရာက အသားနီစပ်စပ် အရပ်ကောင်းကောင်း အဲ့ ခေတ်က အ၀တ်နဲသေးတဲ့  ဘောင်းဘီရှည်နဲ့  စတိုင်က ဟိုတုန်းက ဗလတောင့် တဲ့ ရုပ်ရှင်မင်းသား လင်းအောင်တို့ လင်းထင်တို့ တွေ ရုပ်ကျမျိုး အဟန့် တို့  ဟန်တို့ က ကောင်းတယ် ပြောရရင် ရုပ်ခံကဖြောင့် တယ်ပေါ့ လေ.ပြီးတော့ သူက မျက်နှာမပြောင်ဘူး ရုပ်တည်ကြီးနဲ့  ဆိုတော့  သူ့ ကြည့် နေရတာကိုက လူကိုယ်တိုင်ကိုက စိတ်ဝင်စားစရာကောင်းနေတာမျိုး သူ့ မျက်လှည့် ဝိုင်းဆို လူအတော်စည်တယ် ဆွမ်းခံကြွချိန်တွေမှာ ပြတတ်သလို ညနေစောင်းတွေမှာလည်းပြတတ်တယ် ဧရာဝတီသင်္ဘောတွေ ဆိုက်လာရင် သူ့ မျက်လှည့် ဝိုင်းက သင်္ဘောကဆင်းလာတဲ့ ခရီးသည်တွေနဲ့ ပေါင်းပြီး သိပ်စည်ကားတဲ့ မျက်လှည့် ဝိုင်းကြီးဖြစ်သွားတတ်တယ်။ (ဟိုတုန်းက စည်ပင်လာဖမ်းတာတွေ ရဲလာရစ်တာတွေ မကြုံခဲ့ ရဘူး တစ်ခါတစ်ခါ မျက်လှည့် ပြရရင် တစ်နာရီ ၀န်းကျင်လောက်ကြာတတ်တယ် ..
အဲ့ မျက်လှည့် ဆရာက သူလာရင် ဂျစ်ကားနဲ့ လာတပ်ပြီး တပည့် သုံးလေးယောက်နောက်ကပါလာလေ့ ရှိတယ် ( အဲ့ မှာတင် ရှိန်စရာကောင်းနေပြီ) သူ့ မျက်လှည့် ပစ္စည်းတွေက မြွေတွေထည့် ထားတဲ့ သေတ္တာပုံးကြီးငယ် နှစ်ပုံးသုံးပုံး တစ်တောင်ကျော်လောက် ရှည်တဲ့ သွပ်ပြားလိပ်ထားသလို နှစ်ဖက်မျက်နှာ အ၀ကျယ် ဟိုဖက် ဒီဖက်တိုးလျိုးပေါက်မြင်နေရတဲ့ သွပ်ပြားလိပ်တွေ ခလေးတစ်ယောက်ဝင်အိပ်လို့ ရအောင်ကြီးတဲ့  ထန်းခေါက်ဖာကြီးတစ်လုံး ဓားတိုဓားရှည်တွေ သံလှံချောင်းတွေ နဲ့ ဘင်နဲ့ လင်ကွင်းတွေပါလာတတ်တယ် လူအရိုးခေါင်းလေး နှစ်ခုလောက်ရော ဖင်ထိုင်မျက်နှာပြင်ကို သားရေကျက်ထားတဲ့ ထိုင်ခုံပုလေးရောပါလာလေ့ ရှိတယ် အသံသြဇာကောင်းတော့  မိုက်မလိုဘူး တစ်ဝိုင်းလုံးကို သူ့ အသံကထိမ်းထားနိုင်တယ် (မိုက်လဲမပေါ်သေးလို့ နေမှာ)
တကယ်တော့  မျက်လှည့် ဆရာရဲ့ အဓိက အလုပ်က မျက်လှည့် ပြရင်း ဈေးရောင်းစားတာမျိုးပါပဲဗျာ အဲ့ မှာ ကာယ ပီးတယ်ဆိုတဲ့  ဆင်စွယ်နဲ့ ထုထားတယ်ဆိုတဲ့ (လူကြီးတွေက မယုံပါဘူး ဆင်ရိုးတွေတဲ့ ) အဖြူရောင် နတ်ရုပ်ပုံအဆောင်ရုပ်သေးသေးလေးတွေ အဲ့ အဆောင်ရုပ်ကို ထည့် ဆောင်ဖို့ ရေမွှေးပုလင်း ပိစိလေးတွေ ( အဲ့ အဆောင်ရုပ်လေးတွေက မျက်လှည့် ပြရင်း ရောင်းစားတာဖြစ်ပြီး အဲ့ မျက်လှည့် ဆရာပါးစပ်ထဲမှာပဲ ကာယပီးတယ်ဖြစ်လိုက် ပီယစွမ်းတယ်ဖြစ်လိုက် ဈေးရောင်းကောင်းတယ်ဖြစ်လိုက်ပေါ့  ၊ နောက် သူ ရောင်းစားတာက ဟိုး ဝေးလံသီခေါင်တဲ့ ကချင်ပြည်နယ်မြောက်ပိုင်း မချမ်းဘောကနေကျော်သွားရတဲ့ အမြဲနှင်းခဲနေတဲ့ ပေသောင်းချီမြင့် တဲ့  ရေခဲတောင်တွေပေါ်မှာမှပေါက်တဲ့  မဂျစ်ဥ ဆိုတာလဲပါသေးတယ် အဲ မဂျစ်ဥကို ရဖို့ မုဆိုးကြီးတွေက အမဲလိုက်ရင်း ခက်ခက်ခဲခဲ တူးယူခဲ့ ရဘာညာတွေပေါ့  မသိရင် သူကိုယ်တိုင်ပဲ သွားတူးလာခဲ့ သလိုလိုပေါ့ ..
-----------------------
ပထမပိုင်းပြီး၏ .ငိငိ ကျနော် အဲ့ ဝိုင်းထဲ ဘယ်လိုဝင်ပတ်သက်သွားလဲဆိုတာ နောက်တော့ ဆက်ပါဦးမည် .. 😁
------------------------------------------------
တစ်ခါတုန်းက မျက်လှည့် ဝိုင်းထဲမှာ (၂)
---------------
အဲ့ မျက်လှည့် ဆရာ အဲ့ ညောင်ပင်ကြီးအောက်ရောက်လာပြီး သူ့ မျက်လှည့် ပစ္စည်းတွေ ချနေပြီ ဆိုရင် အဲ့ မှာ လူတွေတစ်ယောက်စနှစ်ယောက်စက ရပ်ကြည့် လိုက်ရင်းက လူတွေတစ်ဖြည်းဖြည်းစုမိလာရော..အဲ့ မှာ သူက ဓားရှည်တစ်လက်နဲ့  မြေကြီးသားကိုစိုက်ပြီး ပါးစပ်က တတွတ်တတွတ်ရွတ် စည်းဝိုင်းမကျဉ်းမကျယ်လေး ဆွဲဝိုင်းလိုက်တယ် လက်ထွန်သွားခြစ်သလိုပေါ့ လေ။ ထူးဆန်းတယ် လူတွေကလည်း သူဆွဲဝိုင်းလိုက်တဲ့ စည်း အပြင်ကပဲ ရပ်ကြည့် နေကြရောဗျာ သူ့ စည်းကိုမကျော်ကြဘူး.
.ပြီးတော့  ကောင်းကင်မော့ သလိုလို ညောင်ပင်ပေါ်မော့ ကြည့် သလိုလိုနဲ့  ခေါင်းမော့ ပြီး တွတ်တွတ် တွတ်တွတ်နဲ့ ရွတ်လိုက်သေးတယ်..
စည်းဝိုင်းပြီးတော့ ဘယ်ထွက်သွားမှန်း မသိသေးဘူး ၀ိုင်းထဲက ခဏလစ်သွားသေးတယ် သူ့ တပည့် တွေက ဘင်ထုလူခေါ်လေးလုပ် အပျော် စက္ကူလုံးသေးသေးလေး ပါးစပ်ထဲထည့် ပြန်ထုတ်ပြတော့  ပေအရှည်ကြီးစက္ကူစတွေထုတ်ပြတဲ့ မျက်လှည့် တွေ ပိတ်စအရောင်စုံတွေနဲ့ ပြတဲ့ မျက်လှည့် မျိုးတွေပြနှင့် နေတယ် အဲ့ မှာ လူတွေက အယောက် နှစ်ဆယ်သုံးဆယ်လောက်ဖြစ်လာရော အဲ့ တော့ မှ အဲ့ ဆရာပြန်
ရောက်လာရော..ဂိုဏ်းချုပ်ကြီးပေါ့ လေ...
သူ့ ပြကွက်တွေထဲမှာ တွေးမရတာတွေ ပါတယ် တစ်ချို့ ပြကွက်တွေဟာ ကိုယ့် မျက်စိရှေ့ တင် ညာတာမဟုတ်လောက်ဘူး ထင်ရလောက်အောင် အံ့ သြစရာတွေ ကောင်းလွန်းလို့  ရုက္ခစိုးမှော်အောင်ထားတာများလားလို့ တောင် တွေးထင်မိတဲ့ အထိပဲ ( ပုံမှန် မျက်လှည့် ဆရာတော့ မဟုတ်လောက်ဘူး မှော်ဆရာလို့ တောင် ထင်မိတဲ့ အထိပါပဲ)..
သူ့ ပြကွက်တစ်ချို့ ထဲမှာ.(မြွေသေတ္တာအဖုံးလေးကို တစ်ခြမ်းဖွင့်  မြွေကို ပုလွေလေး မှုတ်ပြတော့  မြွေက သေတ္တာထဲက ခေါင်းလေးထောင်ထလာ အဲ့ ကနေ မြေပေါ်ဆင်း ၀ိုင်းထဲလျှောက်သွားနေတာမျိုးကို သူက မကြောက်မရွံ့ ကိုင်ပြ ကစားပြတာမျိုးတွေ (မြွေတွေက စပါးကြီးမြွေမျိုးတွေ အတော်ကြီးတယ်).
.နောက်ထူးဆန်းတဲ့ ပြကွက်တစ်ခုက အိမ်တွင်းနတ်မှာ ပတ်လေ့ ရှိတဲ့  နတ်ဘောင်းတော် တစ်တောင့် ထွာလောက်ရှိတဲ့  တထွန်ပိတ်စ အနီရောင်ကိုမြေပေါ် ခွေချလိုက်ပြီး အပေါ်ကနေ မျက်နှာဝ နှစ်ဖက်ပွင့် နေတဲ့  သွတ်လုံးရှည်နဲ့  ဖုံး ( ဟောင်းလောင်းကြီး အကြားအလပ် အံဝှက် ဘာမှ မရှိဘူးဆိုတာပြလိုက်သေးတယ်) ပြီးတော့  အဲ့  သွပ်ပြားလုံးရဲ့ ခါးမှာကြိုးစချီခပ်လှမ်းလှမ်းကနေ သူ့ တပည့် တစ်ယောက်က ကိုင်ထားပေါ့ လေ ( သူ အမိန့် ပေးချိန်မှာ အဲ့ သွတ်ပြားလုံးကို ဆွဲလှဲလိုက်ပေါ့ လေ) အဲ့ မှာ ဘင်က ဒုံးချမ်း ဒုံးချမ်းနဲ့ ထုလိုက် သူက ဂါထာတွေရွတ်လိုက် ပြီးတော့ ..
အဲ့ မှာ ကြားဖြတ်အစီအစဉ်က ၀င်ချလာရော လုပ်ပုံက သူ့  အဆောင်ရုပ်လေးတွေ အရွှီးကောင်းကောင်းနဲ့  စရောင်းတော့ တာပါပဲ စောစောက ဘောင်းတော် အနီစကို မြွေဖြစ်အောင် လုပ်လိုက်မယ်ဆိုတဲ့ ပြကွက်ကို ကြည့် ချင်တာနဲ့  လူတွေကလည်း အဲ့ မျက်လှည့် ဝိုင်းက မောင်ကြီးမခွာနိုင်ဘ၀ပေါ့ ..
.အဲ့ မှာ အဆောင်ရုပ်လေးတွေ ရောင်းပုံက အဲ့ အဆောင်ရုပ်တွေကို လိုချင်တဲ့ လူ လက်ထောင်ပြပါ မရောင်းပါဘူး မိတ်ဆွေတို့ အတွက် ဒါနပြုတာပါ ဘာညာဆိုတော့  အလကားဆိုတာနဲ့ လူတွေ အတော်များများ လက်ထောင်ကုန်ရော အဲ့ မှာ လက်ကလေးတွေရဲရဲဖြန့် ထားပါ ဦးရာလူပါ အဆောင်လေးတွေက များများပါမလာပါဘူး ဆိုတော့ လက်တွေ မြန်မြန် ဖြန့် ပြန်ရော အဲ့ တော့ မှ တပည့် ကို အဲ့ အဆောင်ရုပ်တွေလိုက်ဝေခိုင်းတော့  သွက်လိုက်တဲ့ လက်တွေ ယူကြတော့ တာပေါ့  ပြီးတော့ မှ စောစောက ဘောင်းတော်စဖက်ပြန်လှည့်  ဂါထာနဲနဲ ထပ်ရွတ်...
ရွတ်ပြီးပေမယ့်  မဖွင့် သေးဘူး လူတွေက အဲ့ ပိတ်စ အနီရောင်ကနေ မြွေဖြစ်မဖြစ် ကြည့် ချင်နေလှပြီ ..အဲ့ မှာ သူက သူ့ ထမင်းဖိုးဟင်းဖိုး လမ်းစားရိပ်ဖိုးလေးအတွက်တော့  ဆိုပြီး အဲ့ အဆောင်ရုပ်လေးတွေကို ထည့် သိုဆောင်ထားဖို့  ရေမွှေးဆီလေး တစ်ဝက်လောက်ထည့် ထားတဲ့  ပုလင်းသေးသေး လှတပတလေး အကြည်ရောင်လေးတွေ လိုက်ရောင်းတော့ တာပါပဲ အဆောင်လက္ခံထားသူတွေ ၀ယ်ပေးပါ ဘယ်လောက်ဆိုတော့ အတော်များများက ၀ယ်လိုက်ရရောပေါ့ လေ...အဲ့ တာတွေ ရောင်း ပိုက်ဆံတွေလိုက်သိမ်းပြီးမှ စောစောက မြွေ ဖြစ်မဖြစ်ကို ဆွဲလှန်ပြလိုက်တော့ .
....ဟာ....ကနဲပါပဲ တကယ့် ကို မြွေအလတ်စားတစ်ကောင်က အဲ့ ဘောင်းတော်အနီစနေရာရောက်နေတော့ တာပါပဲဗျာ....ကိုယ့် မျက်စိရှေ့ တင်ရှင်းလွန်းအားကြီးတဲ့ ပြကွက်မျိုးပါပဲ ဘောင်းတော်စနေရာမှာ မြွေတစ်ကောင်ကို ဘယ်လိုမှ ဖွက်ယူပြီး အစားထိုးလို့  မလွယ်လောက်ဘူး( ဖွက်ယူအစားထိုးခဲ့ ရင်တောင် လက်တိုပဲ ၀တ်ထားတဲ့  မျက်လှည့် ဆရာက ဘယ်လိုများ ဖွက်ယူခဲ့ ပါလိမ့် က တွေးမရဘူး ) အဲ့ အချိန်မှာ ၀ိုင်းထဲ လျှောက်သွားနေတဲ့ မြွေကြီးက သူ့ မြွေသေတ္တာကြီးထဲ ပြန်သိမ်းထားလိုက်ပြီးပြီ..အဲ့ မှာ ဒါ သမားရိုးကျ မျက်လှည့်  မဟုတ်လောက်ဖူး မှော်အောင်ထားတာလား မသ်ဘူးတွေဘာတွေ ဖြစ်ကုန်တော့ တာပါပဲဗျာ ပြီးတော့  လက်တို ၀တ်ထားတာကလည်း အကြောင်းရှိသေးတယ် အဲ့ အကြောင်းက နောက်တစ်ပိုင်းမှပေါ့ လေ...
--------------
ရေးရင်းလက်လွန်သွားလို့  နောက်အပိုင်းရေးပါဦးမည် ဟီးဟီး 😁
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..