'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, April 25, 2015
မွေးနံ ကိုယ်စားစွန့် ယတြာ.+ကုန်းစာရေစာ ..အလွယ်
မွေးနံ ကိုယ်စားစွန့် ယတြာ.+ကုန်းစာရေစာ ..အလွယ်
-----------------
ယေဘူယျကတော့  ခဏခဏခြူခြာနေတတ်တဲ့ ကျမ္မာရေးအတွက်ပေါ့ ..နာတာရှည်တွေ အတွက်လည်း အသက်ရှည်ဖို့ ပေါ့  နောက်တော့  ကံမကောင်းနေတဲ့ အခါတွေမှာပါလုပ်လို့ ရတယ်...စကားကုန်ပြောရရင် ကိစ္စကြီးငယ်မရှိပဲ အပျင်းပြေလုပ်လည်းကောင်းတာပါပဲ...သူက ကောင်းကျိုးပဲရှိပြီး ဆိုးကျိုးမရှိဘူး ပြီးတော့  အသက်အရွယ်အယူဝါဒလည်း မခွဲဘူး ရွတ်စရာ ဖတ်စရာလည်း မရှိဘူး....သူ့ အလုပ်က ကိုယ့် မွေးနံ ကိုယ်စားလေး ဘေးထား တစ်ညအိပ် မိုးလင်းတော့ အမှုက်ပုံးထဲပစ်လိုက်ယုံပဲ...န၀င်းပညာကနေ ခြုံ့ ထားတာပါ..အများသူငယ်လုပ်ချင်ရင်လုပ်ရလွယ်အောင်ပေါ့ ...တစ်ပတ်တစ်ခါ (သို့ ) ၃ပတ်၁ခါ (သို့ )တစ်လတစ်ခါ (သို့ ) ၃လတစ်ခါ (သို့ ) သဘောရှိပေါ့ ...
နည်းက ၃ နည်းရှိပါတယ်...၁။.ကိုယ့် နေ့ နံ ကို ကိုယ်စားက တစ်နည်း ၊ ၂။ အမည် ရဲ့ ရှေ့ ဆုံးနဲ့ နောက်ဆုံး နံတူကိုယ်စားက တစ်နည်း ၃။ သက်ရှိအရင်း သက်ကင်းအဖျား နဲ့ ကောက် ပြီး အမည်ရဲ့ ရှေ့ ဆုံးနံကို ယူပြီးလုပ်လို့ ရတယ်..
.ပထမနည်းက ကိုယ်ဟာ ဘာနေ့သားလို့  စိတ်အစွဲပိုကြီးနေတတ်တဲ့ သူတွေမျိုးအတွက်ဆို ပိုကောင်းတယ်..၊
ဒုတိယနည်းက ရွာဘုရားပွဲကို ဖိုးချစ်တို့ လာကတုန်းက မွေးလို့  ကိုချစ်လို့ ခေါ်လိုက်တာ ဘာနေ့သားမှန်းတော့  မမှတ်မိတော့ ဘူးရှင့်  ဆိုတဲ့  အမည်ပိုင်ရှင်မျိုးတွေအတွက်ပိုသင့် တော်တယ်
တတိယနည်းက အမည်အဖျား ဥပမာ မဒေါင်းမေ..ဆို (ဒေါင်း+မေ)..ဖြစ်လို့  ဒေါင်းမေ= တမာကိုင်းတစ်တောင်လောက်နဲ့ ပေါ့ ၊ ဒါမှမဟုတ် ဒေါင်း=(စနေနံ) = ထန်းလက်တစ်လက်ပေါ့ ..
ဥပမာ တနင်္ဂနွေသားသမီးတွေဆိုပါတော့ ..
---------
မွေးနေ့ တနင်္ဂနွေနေ့  မရောက်ခင် စနေနေ့  ည အိပ်ယာဝင်ခါနီးမှာ...အုံးလက်တစ်လက်ကို ယောက်ျားလေးဆို ညာဘက်ထား အိပ် ၊ မိန်းကလေးဆို ဘယ်ဘက်ထား အတူတူယှဉ်အိပ်တာ..၊ အညွန့် အဖျားက လူအိပ်သလို ခေါင်းကလူခေါင်းပြုတဲ့ ဘက်လှည့် ထားတယ်...သဘောက လူ ၂ ယောက်အတူတူ ယှဉ်အိပ်နေသလိုပေါ့ ...
အဲ့ ထားအိပ်မယ့်  အုံး ညွန့် က အလွတ်မဟုတ်ဘူး...အုန့် ညွန့် အဖျားမှာ ကိုယ့် ဆံပင်စ နဲနဲ စက္ကူနဲ့ ထုတ် အပ်ချည်ကြိုး(၀ါ) တိတ် နဲ့ ပတ်ချီထားတယ်၊ အုံးညွန့် အလယ်လောက်မှာက လက်သည်းထုပ်လေး ချီထားပြီး အုန်းညွန့်  အရင်းမှာ ခြေသည်းထုပ်လေးပတ်ချီထားတာ...အဲ့ တော့  အုန်းညွန့် က ကိုယ်တနင်္ဂနွေသားသမီး နောက်တစ်ယောက် ကိုယ်စားလေး (၀ါ) အမွှာလေးတစ်ယောက်လိုဖြစ်သွားတဲ့ သဘောပေါ့ ..။ တစ်ချို့ က လည်သည်းခြေသည်း အလှထားတာ မညှပ်ချင်ချင်ဘူး..ဒါလည်းရတယ် မညှပ်နဲ့  အပေါ်ယံ လက်သည်းခြေသည်းအခွံလေးကို ဘရိပ်ဓားလးနဲ့  စတိခြစ်ချ အမှုံလေးတွေယူလိုက် ဆယ်ချောင်းစလုံးစိမှမဟုတ်ဘူး ရသလောက်ပေါ့ လို့ ....။
အဲ့ စနေနေ့  ညအိပ်ပြီး ကိုယ့် မွေးနေ့ တနင်္ဂနွေနေ့ မနက် အိပ်ယာထတော့  ညက အတူတူ အိပ်ထားတဲ့  အုန်းညွန့် ကိုယ်စားလေးကို ယူ ကျွတ်ကျွတ်အိပ်လို အိပ်ထဲ ထည့် ...စားစရာက ထမင်း သုံးလေးဆုပ်တို့  ပေါင်မုန့် တစ်ချပ်တို့  ငှက်ပျောသီးတစ်လုံးတို့  တစ်ခုခုပေါ့  ထည့် လိုက်တယ်.
.( ဒီလို အစားအစာတစ်ခုခုထည့် တာကို ကုန်းစားရေစာ ဒါနခန်း တစ်ခုခုထည့် ပေးလိုက်တာလို့ ခေါ်တယ် အပယ်ဘုံသားလေးတွေ စားပါစေပေါ့ ...( မြေဖုတ်ကြပ်စုန်းတစ္ဆေပြိတ္တာတွေ အပမှီ ဖမ်းစားထားလို့  ခြူခြာနေတယ်လို့ ယူဆတဲ့ အခါ ရွာစာချတာတို့ နဲ့ ခေါစာပစ်တဲ့ ရိုးရာ ပညာကိုခြုံ့ ထားတာပါ)
( အဲ့ မှာ ထပ်ထည့် လို့ ရတာက နှင်းဆီတို့  မေမြို့ ပန်းပွင့် တို့  စသဖြင့် ပန်းပွင့် တစ်မျိုးမျိုးထပ်ထည့် တာ..၊ နောက် ကိုယ့် အပေါ်အင်းကျီ အနွမ်းအဟောင်းတစ်ထည်ပေါ့ )...အဲ့ လိုထည့် ပြီး အမှိုက်ပုံးတို့ အမှိုက်လှည်းတို့ ထဲ စွန့် ပစ်လိုက်ယုံပဲ....
ဥပမာ...ကိုကျော်သိန်း ဆိုပါတော့  ကံ့ ကော်ကိုင်း ကြံရိုး ကုက္ကိုကိုင်း စသဖြင့်  တစ်တောင်လောက်နဲ့  (ဒါမှမဟုတ် ) ကျော်သိန်း = ကသစ်ကိုင်းတစ်တောင်လောာက် နဲ့ ပေါ့ ...တနင်္ဂနွေည ဘေးထားအိပ်ပေါ့  တနင်္လာမနက် မှာ အမှိုက်ပုံပစ်တယ်ပေါ့ ...ပြီးတော့  လွတ်လပ်တာက ညအိပ်ရင် လှိမ့် ရင်း လူးရင် ကျောအောက်ဖိမိလို့ ဖိမိ ခြေရင်းရောက်နေလို့ ရောက်နေလည်း ကိစ္စမရှိဘူး..ကိုယ်စားမွေးနံမှာ ဓါတ်သက်က ကူးနေပြီ.....နောက်တစ်ချက် နေရာမလိုဘူး အိမ်မှာ အဆောင်မှာ ဟိုတယ်ခန်းမှာ ဘုန်းကြီးကျောင်းမှာ ဆေးရုံတက်နေတုန်းတွေ စသဖြင့် နေရာမျိုးစုံမှာ လုပ်လို့ ရတယ်...လုပ်လည်းလုပ်ခဲ့ တယ် သေမယ်လို့  ကျိမ်းသေသိနေတာတောင် လုပ်ပေးလို့ ရတယ်...အဲ့ လိုလုပ်ပေးတော့  သေမယ့် လူတောင် သေရတာ သက်သက်သာသာလေး အကူအညီအပ့ံအပိုးလေးရပြီး သေခွင့် ရတယ်...
မစ္စတာ ဂျင်မီဆိုပါတော့  ကံ့ ကော် (သို့ ) အရိုးရှည်ဂန္ဓမာ တစ်ပွင့် ပေါ့ ။ ဘရိုင်ရန်ဆိုပါတော့  မရမ်းတို့  ပျဉ်းမကိုင်းတို့  ပိန်းပန်းတစ်ပွင့် တို့ သဘောပေါ့ 
တကယ်လုပ်တာက ဒါမျိုး ကိုယ်စားပစ်ယတြာအကူလုပ်ပြီ ညွှန်ပြီဆိုရင် တစ်ပတ်တစ်ကြိမ် သုံးကြိမ် ဆက်တိုက်လုပ်တယ်၊ နောက်တစ်ချက် တစ်ကိုယ်ရည်သမားက ကိုယ့် ဟာကိုယ် လုပ်ပြီး အမှိုက်ပုံးထဲ ပစ်လိုက်ယုံပဲ။။ အမှိုက်ပုံက လမ်းကူးရမယ် ရပ်ကွက်ကျော်ရမယ် ဆိုရင်တော့  ကိုယ် တိုင်လည်း သွားမပစ်နိုင်လို့ သူများကို အကူအညီတောင်း အပစ်ခိုင်းတဲ့ အခါ ကိုယ့် အသက်အောက်ငယ်တဲ့  မွေးနံတူ အချင်းချင်းကိုတော့ သွားမပစ်ခိုင်းဘူး ဓါတ်သက်အညံ့ တစ်ချို့ က အဲ့ မွေးနံတူဆီကူးသွားတတ်လို့ ပဲ..( ကူးတာကလည်း အများအားဖြင့် တော့  နာရီပိုင်းရက်ပိုင်းလေးးမှာ အကောင်းသားကနေ နေမကောင်းနဲနဲ ဖြစ်သွားတာမျိုးသာ များတာပါ..ကြီးကျယ်တဲ့  ဓါတ်ခိုက်ကူးတာမျိုးတွေက ဖြစ်တောင့် ဖြစ်ခဲပါ.ကြုံတောင့် ကြုံခဲပါ.) .သဘောက အသက် ၃၀ တနင်္ဂနွေသားရဲ့ ကိုယ်စားကိုပစ်တာကို အသက် ၂၀ တနင်္ဂနွေသားကို သွားမပစ်ခိုင်းဘူးပေါ့  ၊ အမှန်တော့  တနင်္ဂနွေသားရဲ့  ကိုယ်စားကို ဘယ်တနင်္ဂနွေသား နဲ့ မှ မပစ်ခိုင်းတာပါပဲ...ဒါပေမယ့်  လျှော့ ဈေးအနေနဲ့ ကိုယ့် ထက် အသက်ကြီးတဲ့ နံတူက ငါသွားပစ်ပေးမယ်ဆိုရင် ပစ်ပေးလို့ ရတယ်ပေါ့ ...
ဒါတွေဟာ တကယ် အသုံးပြုနေတဲ့  မွေးနံကိုယ်စားပစ် အလွယ်နည်းပါပဲဗျာ..ပြီးတော့  ဓနဥစ္စာချို့ တဲ့ လွန်းသူတွေအတွက် လုပ်ရလွယ် အဆင်ပြေစေတဲ့  ယတြာပါ အဲ အခုရေးခဲ့ တဲ့ နည်းတွေ လုပ်ဖို့  တစ်ခုမှ အဆင်မပြေဘူးလို့  ဆိုလာရင်လည်း အဲ့ ဒါဆိုလည်း လုပ်မနေပါနဲ့ တော့ ဗျာ..ဒါ မလုပ်ရလို့ ချက်ချင်း လဲသေသွားမှာ မဟုတ်တာ..တစ်ခြားနည်းတွေ တစ်ပုံချည်းရှိနေသေးတဲ့ ဟာပဲ ဟာပဲ ဟာပဲ.......လို့ ပေါ့ ..ဟဲဟဲ...။
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..