Powered By Blogger

Saturday, April 25, 2015

စစ်ပြေးရင်းကပါလာတဲ့ အကျင့် ..

စစ်ပြေးရင်းကပါလာတဲ့ အကျင့် ..
--------
အတော်လေးသိတတ်လာတော့  တွေးတာတွေဖက် ပိုအားသာလာတယ်၊ ငယ်တုန်းကတော့ ခံစားချက်ဦးဆောင်ပေါ့ ၊ ဥပမာ လက်ဝှေ့ ပွဲ အရင်ကကြည့် တာ ကိုယ်အားပေးတဲ့ ဖက်က နိုင်မှ..အတွေးဦးစီးလာတဲ့ အခါ ဂုဏ်(သို့ )အခကြေးငွေကြောင့် လူ ၂ ယောက် ထိုးသတ်နေတာ အဓိပ္ပါယ်မရှိလှဘူးဆိုတာ ဖြစ်လာတယ်။

ကျနော်တို့ က မြို့ ပေါ်နေတွေမို့  စစ်ပွဲတွေရဲ့ ဆိုးကျိုးကိုတိုက်ရိုက်မခံစားဖူးသေးတော့  စစ်ကားကြည့် ပြီးရင် ရိုက်ချက်ကောင်းမကောင်း ဝေဖန်ပြီး ဖင်ခါဖုံခါပြီး ထပြန်တာလောက်သာ ဖီလင်ရှိတယ်။ ကျနော်တို့ မအေတွေ အမျိုးတွေအများစုက ပြည်တွင်းစစ်မှာ ရွာစွန့်  သုတ်ခြေတင်ပြီး လွန်ရာကျွတ်ရာ အမျိုးကွဲ လူကွဲ
ငတ်ငတ်ပြတ်ပြတ်နဲ့  အတိဒုက္ခရောက်ပြေးလာရတဲ့ ဘ၀ကလာတာဖြစ်လို့  စစ်ဆို ရေစစ်ဆိုတဲ့ အသံတောင်မကြားချင်ဘူးဆိုတဲ့ အရပ်သားတွေထဲမှာပါတယ်..



ကျနော်တို့ မူလတန်းအရွယ်ကစပြီး အသက်ကြီးတဲ့ အထိ မအေ မသေမချင်းဆိုပါတော့ ဆန်သစ်ပေါ်ရာသီဆိုရင် ပေပါကြီး ၂လုံးနဲ့ တစ်နှစ်စာ ကြိုလှောင်ထားကြတယ်....ဆီထည့် ပေါက်သေးသေးမှာ ကန်တော့ ကြီးစွပ်ပြီး ရေဖလားနဲ့ ဆန်အိပ်ထဲကနေ ခပ် တစ်ဖလားချင်းထည့် နေရတာ နာရီပေါင်းများစွာကြာပြီး ဒါဟာ ကျနော်တို့ မောင်နှမတွေရဲ့ အလုပ်ပေါ့ ...ဆန်အိပ်တွေ အများကြီးဆန့် တော့  အကြာကြီးထည့် ရလို့  ခါးညောင်းလက်အံသေတယ်ဒီတော့ မထည့် ပေးခြင်ဘူး ငြီးတာပေါ့ လေ..ပြီးတော့  ပြန်သွန်စားတော့ လည်း အဲ့ ပေပါလေးလေးကြီ စောင်းသွန်းချရတာ လျှာထွက်မတတ်ဆိုတော့ လေ....ကျနော်တို့ က ပြောတယ် လိုတော့ မှ ဘယ် ၀ယ်စားစားရတာပဲ အမေရာ လို့  ဆိုတော့  နင်တို့ မှ စစ်မပြေးဘူးတာတဲ့ ပိုက်ဆံဆိုလည်း ငါးပြားစေ့ ကအစ နို့ မှုံ့ ဗူးထဲ ထည့် စု ငါးခြောက်ဆို အမြဲဝယ်ထား အစိုပြန်နေလှန်းပေးရနဲ့ ပေါ့ ..အမေကတော့  သူ့ စစ်ပြေးဘ၀က ရှားပါးပြတ်လတ်ခဲ့ တာတွေ ကို အမြဲ သတိတရပြောပြတတ်တယ်..အဲ ပြောပြရင်း ခိုင်းတာပေါ့ လေ...ကိုင်းဥကင် လည်ရောင်းတဲ့ အသည်လာရင် ဈေးကြီးတဲ့  သွားရေစာအဖြစ်သာ ခေါ်ဝယ်စားပုံက မအေက သူ့ သားသမီးတွေကို စားဖူးအောင်သာ ၀ယ်ကျွေးတာ သူက တောစပ်တွေ မြစ်ကမ်းတွေတစ်လျှောက်မှာ ဒါတွေချည်း လိုက်တူးဖုတ်စားခဲ့ ရလို့ စိတ်နာလို့ တဲ့ မြည်းတောင်မကြည့် ဘူး...အင်းကျီတွေဆိုတာ ပိတ်စရှားလို စပ်ဟတ်ပြီးချုပ်ဝတ် ဖာထေးဝတ်ရတာတွေ ပုန်းနေတုန်း ရေမချိုးရလို့ သန်းကြီးမတွေ တွယ်လို့ အင်ပြင်ထတော့  အင်ဖက်ပြုတ်ရေချိုးရတာတွေ...အများကြီးပေါ့ လေ...ဆန်ရှားလွန်းလို့  ပြောင်းကြမ်းချိုး ဆန်နဲ့ ရောချက်စားရတာလည်းရှိခဲ့ တယ်ပေါ့ လေ ဒါတောင် ဂျပန့် ခေတ်မဟုတ်တော့ ဘူး ဧရာဝတီတိုင်းရဲ့  စစ်ပွဲတွေခေတ်ထဲပြေးခဲ့ ရတာ......အများကြီးပဲ..ပြောရရင် တကယ်စစ်ပြေးရပြီဆိုရင် ထင်တာထက် ဆိုးတယ်ပေါ့ လေ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..