'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, April 25, 2015
..'' ငါ့ ဘာမှတ်....'''
..'' ငါ့ ဘာမှတ်....'''
-----------------------
ကျနော်တို့  အမျိုးတွေမှာ လူစုံရှိပါတယ်...စရိုက် အကြမ်းအနု အကုန်စုံပါတယ်...အခု ရေးပြမှာက ကျနော်တို့ အမျိုးထဲက ဘွားအေကြီး ကြီးဒေါ်ကြီး အမျိုးသမီးကြီးတွေ လူစုမိ စုံမိလို့  ထွေရာလေးပါးတွေ ပြောရင်း သူတစ်ပါးကို စိတ်တိုတဲ့ အခါ ထဘီ တင်ပါးပင့်  စွန်တောင်ဆွဲပြီး ထ ထ ပြောတဲ့  အာမေဋိတ်စကားပါ..
.အမေဘက်က အမျိုးတွေဖြစ်ပြီး သူတို့  အုပ်စုတွေက ''' ဧရာဝတီတိုင်းဒေသကြီး ( အဟီးးခိခိ)..က အသုတ် ရေကြည် ငသိုင်းချောင်း အင်းရဲကြီးအင်း '' ဆိုတဲ့ ဂိုဏ်းလမ်း ဗိန္ဓောလမ်း အပေါ်လမ်း အောက်လမ်း ပယောဂလမ်း စုန်းလမ်း ကဝေလမ်း ရိုးရာလမ်း နတ်လမ်း စသဖြင့်  လိုင်းပေါင်းစုံ မထသတွေ ရှိတဲ့ နယ်မြေသားတွေပါ အသက်မွေးမှု့ လည်း အကြမ်းစားများပါတယ်...သူတို့  စိတ်မကျေနပ်ရင် နည်းပေါင်းစုံနဲ့ ရန်ရှာတတ်ပြီး အားမရရင် အမျိုးအချင်းချင်းတောင် ဓားဆွဲ အိမ်ပေါ်တက်ခုတ်သတ်တဲ့ အထိ ကြမ်းပါတယ်...အဲ့ တော့  ဘာအတိုက် ညာအတိုက်ဆိုတာ သူတို့ စကားတွေထဲမှာ ပါလေ့ ရှိလာတဲ့ ရိုးနေပြီဖြစ်တဲ့  စကားလုံးမျိုးပါပဲ....ဒီလို အလကားနေရင် ချစ်လို့ တိုက်တယ် မုန်းလို့ တိုက်တယ် ဆိုတဲ့  နယ်ကြမ်းကြီးမှာ လူဖြစ်လာတဲ့ အမျိုးတွေ ဖြစ်လို့  ကာကွယ်ရေး တို့  ပြန်တိုက်တာတို့ ဆိုတဲ့ သဘောတွေက အမြဲ အာရုံထဲ ရောက်နေပုံရပါတယ်...အဲ့ ထဲမှာ သူတို့ '' ပြန်တိုက်လိုက်မယ် ပြန်ဖြဲလိုက်မယ် ငါ့ ဘာမှတ် '' ဆိုတဲ့  သဘောနဲ့ အာပေါင်အာရင်းသန်သန်နဲ့ ထ ထ ဟစ်ကြွေးတဲ့ စကားလုံးက....
'' အောက်နမောနဲ့ တော့ လိုက်ရ ငါ့ ဘာမှတ်...''...ဆိုတဲ့  စကားလုံးပါပဲဗျာ....
ငယ်တုန်းက ဒီစကားက ဘာကို ဆိုလို မှန်းမသိပါဘူး..ပယောဂတိုက်တာလိုလို နတ်တိုက်လိုလို အောက်လိုလို ပါပဲ...မာန်ချီနေတဲ့  မျက်နှာနဲ့  ထဘီတင်ပါးပင့် စွန်တောင်ဆွဲနေတဲ့  လူပုံစံနဲ့ မျက်လုံးကပြူးပြူးနဲ့  အသံမာမာနဲ့ တော့  လန့် စရာပါ...နတ်ပေါင်းစုံကလည်း ပတ်သက်ကြသေးတော့ လေ...နောက်တော့  ကြီးလာတော့ မှ...အဲ့ အောက်နမောဆိုတာ ဒေါသသံ နဲ့  ပြောချလိုက်တဲ့ လေ အလေးသံသာဖြစ်ပြီး တကယ်ပြောတာက '' အောင်နမော.'''.ပါ...အဲ့ အောင်နမော ဆိုတာကလည်း ''' ''' သြောင်း နမော ဗုဒ္ဓါ နုဘာဝေန '' .ကိုအဖျားဆွတ် ထကြွေးကြော်တာ ဖြစ်ပြီး ဘုရားစာဆိုရင် ဘယ်ကောင်မှ မခံနိုင်ဘူး လုပ်ရဲရင် လုပ်လိုက်လေ တိုက်ရဲရင် တိုက်လိုက်လေ ငါ့ မှာ ဘုရားအားကိုး ရှိတယ်ဆိုတဲ့  သဘောနဲ့  ဘယ်ကိုမှန်း ဘယ်သူမှန်းမသိပဲ သူ တို့ စိတ်က ထင်တဲ့  သူတို့ ရန်ဘက်ကို စကားအကောင်း ပြောနေရင်းကနေ စကားစပ်မိတဲ့ အခါ ဒေါသသံနဲ့  ထ ထ စိမ်ခေါ်တာဖြစ်ကြောင်း. ..သိလာရပါတယ်ဗျာ..
.
အများကြားဖူးတဲ့  စာ သုံးကြောင်းပါပဲ...ဘုရာ တရား သံဃာ ရတနာသုံးပါး ရဲ့ ဘုန်းတန်ခိုးအာနုဘော်ကြောင့်  ဘာပြန်ဖြစ်ပါစေ ဘာတိုက်ညာတိုက်တွေ ဘာညာပေါ့ လေ..ဒါကို အကျယ် ဥာဏ်ရှိသလိုသာ သုံးပေတော့ သဘောပေါ့ လေ...အဲ ...အင်းရဲကြီးအင်းဘေးတွေမှာ မှီနေတဲ့  ရွာသားတွေဖြစ်လို့  စိတ်ကြမ်း လူကြမ်းတွေလို့ ဆိုပေမယ့်  အမျိုးတွေကတော့  ဘုန်းကြီးကျောင်းထွက်တွေချည်းဖြစ်ပြီး အိုစနာကျသွားတဲ့ အထိ ပရိပ်ကြီး ၁၁ သုတ်တင်မက ထွေလီကာလီတွေ အလွတ် အကုန်ရကြတဲ့ အပြင် သူတို့ ရွာဘုန်းကြီးဆို ရင်ဘတ်နဲ့  ကျောင်းကြမ်းပြင် ထိကပ်ပိပြားနေအောင်ကြောက်ကြတဲ့ အမျိုးတွေပါပဲဗျား...
သြောင်း နမော ဗုဒ္ဓါ နုဘာဝေန.
သြောင်း နမော ဓမ္မာ နုဘာဝေန
သြောင်း နမော သံဃာ နုဘာဝေန.....( တို့ ၏တန်ခိုးအာနုဘော်ကြောင့် ...)
----------
ရေကိုမန်း ပြီးတော့ ..ဥာဏ်ရှိသလိုသာသုံး တန်ပြန်သုံး ဒဏ်ပြန်သုံး ဘာညာတွေ ပေါ့ လေ...ဟီးဟီးး..
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..