ကာယကံ ၀ီစီကံ မနောကံ နဲ့  မဟာဘုတ်
-------
ကာယကံ ကိုယ် ၄ ဂဏန်း ၊ ၀စီကံ နှုတ် ၆ ဂဏန်း. မနောကံက ၃ ဂဏန်း စိတ် လို့  သတ်မှတ်ပါတယ်...ဒီတော့  ဘယ်အကြွင်းရဲ့ မဟာဘုတ်မဆို အဲ့ ကိုယ်နှုတ်စိတ် သုံးပါး ဘယ်အိမ်ရဲ့  သဘောတွေမှာ ထိုင်နေပါသလဲကို ချက်လိုက်ပြီး အဲ့  မဟာဘုတ်အိမ်ရဲ့  အကောင်းသဘောကို ကျင့် သုံးနိုင်လေလေ ဘ၀တည်ငြိမ်လေလေသဘောပါပဲ....အပေါ်လေးအိမ်မှာ ပါနေရင် နဂို ကောင်း ဖြစ်လို့  ပိုကောင်းစေပေါ့ ။ မဟာဘုတ် အောက်တန်းရောက်နေရင် မကောင်းတာတွေ ထိမ်းလိုက်ပါ အကောင်းဖြစ်လာမယ်ပေါ့ 
ဥပမာ ၁ ကြွင်း မှာ ၄ ဟာ မရဏဖြစ်တယ် နဂိုလူအဆိုးစိတ်အားများလာသူလို့ ယူနိုင်ပြီ ဒါကို တစ်ချိန်လုံးအဆိုးဖြစ်မနေအောင်ထိမ်းနိုင်လေလေ ဘ၀ငြိမ်လေပေါ့ ။
သောကြာနံ စကားက ရာဇမှာ...ပရိယာယ်ကြွယ်တာကောင်းတယ် လိမ်တာမကောင်း မလည်ရှုတ်ပြောတာမကောင်း မှန်သောစကားကို ဒဲ့ ပြောပါ ပေါ့ 
အင်္ဂါနံ စိတ် ၃ ဂဏန်းက သိုက်မှာ စေ့ စေ့ စပ်စပ်လုပ်တာကောင်းတယ် အိုဗာဖြစ်ရင် အရာရာ သံသယ၀ါဒီဖြစ်သွားလို့  ကောင်းသောအရာတွေပါ လက်လွတ်သွားလိမ့် မယ်ပေါ့ 
ဥပမာ ၆ကြွင်းမှာ စိတ်က အဓိပတိပေါ့ ....စိတ်ကောင်းရှိတယ်ပေါ့  စိတ်ပုတ်ပြီးတဘို့ တည်းကြံပြီဆိုရင် မချိမဆံ့ ခံရပြီပေါ့  ၄ ဂဏန်း က ရာဇမှာ ဟန်ကိုယ့် ဘို့ လိုတယ်ကောင်းတယ်...အိုဗာဖြစ်ပြီး ၀မရှိပဲဝိလုပ်ရင် မြွေဖမ်းပြီပေါ့ .. သောကြာ ၆ နုတ်ရေးက ဘင်္ဂ မှာ စကားအမျိုးမျိုးပြော ခုပြောလိုက် ခုဖျက်လိုက်အလုပ်တစ်ခြားအပြောတစ်မျိုးဆို မြွေကိုက်လိမ့် မယ်ပေါ့  ကတိထိမ်းရင် လွယ်လွယ်နဲ့  ကတိမပေးရင် ကောင်းစားပြီပေါ့  ကုန်သည်ကောင်းပေါ့ ..
ဒါကြောင့်  ကိုယ်နှုတ်စိတ် ဆိုတဲ့  ၄၊ ၆၊ ၃ မဟာဘုတ် အောက်တန်းဖြစ်တဲ့  ပုတိ မရဏ ဘင်္ဂ မှာ ကံသုံးပါးစလုံးထိုင်နေတဲ့  ၃ကြွင်းနှစ်မွေးတွေဟာ မဟာဘုတ် ၇ အိမ်စလုံးမှာ အထိမ်းရအခက်ဆုံး ပြဿနာအများဆုံး အတိုက်အများဆုံး တွေဖြစ်လာတယ်လို့ ဆိုတာပါ...သူများမဟာဘုတ်ရှင်တွေထက် ပိုထိမ်းနေရတဲ့ ဘ၀ပေါ့ လေ...
အလျော်အစားက အထွန်း အိမ်ပါ...များများကြာကြာထိမ်းနိုင်လေလေ အထွန်းအိမ်အကောင်းကို ပြန်ရလေလေ...မထိမ်းနိုင်လေလေ အထွန်းပုပ်ပြီး မရဏအဆိုးအားဝင်လာလေလေ ပါ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..