Powered By Blogger

Saturday, April 25, 2015

ဖအေနဲ့  သမီးများ...

ဖအေနဲ့  သမီးများ...
-------
အရပ်ထဲနေရတော့  နီးကပ်တဲ့ အရပ်သားအကြောင်းတွေပဲ မြင်ကြားနေရလို့  အရပ်ဇာတ်ထုတ်တွေအကြောင်းကိုပဲသိတာ သဘာဝကျပါတယ်နော်..ဟီးး..အင်းလေ အာဖရိကမှာနေရင် အာဖရိကအကြောင်းပိုသိမှာပေါ့ ..အဟိ...အလဲ့  ကွကိုယ်မေး ကွကိုယ်ဖြေ နိပ်ဟ..။
အဲ့ လူကြီးက သိပ်သဘောကောင်းတယ် ရပ်ရေးရွာရေး ဓမ္မာရုံရေးလည်း တက်ကြွလို့  လူချစ်လူခင်ပေါတယ်..အိမ်မိသားစုစီးပွားကိုလည်းပစ်မထားပါဘူး..ဒီတော့  ဓနတောင့် တယ်ပေါ့ ..ပြီးတော့  စိတ်ကောင်းရှိတဲ့  ဘာသာရေးသမားဖြစ်လို့  တွေးတာတောတာ ကောင်းတယ် ဗဟုသုတလည်းစုံတယ် သနားလည်းသနားတတ် နှုတ်ပါလက်ပါကူညီတတ်တော့  သူ့ အလုပ်သမားတွေက အစ အမျိုးတွေကပါ ကြည်ညိုချစ်ချစ်ကြတယ်...ဒါပေမယ့်  အဲ့ လူကြီးကတော်သလောက် သူ့ မိသားစုဝင် တွေ အထူးသဖြင့်  သူ့ သမီးတွေက ဂုဏ်မောက်တယ်..အဲ့ တော့  လူမုန်းများတယ်ပေါ့ လေ..အဲ .ဒါပေထပ်မယ့် ရရင် အဲ့ လူကြီးများနှာကြောင့် မေးထူးခေါ်ပြောတော့ ရှိကြပါတယ်..အဲ့ လူကြီး သဘောကောင်းချက်က အဲ့ လို အရပ်နဲ့ အကြောမတည့် တဲ့ သမီးတွေကိုလည်း အများအားဖြင့် အလိုလိုက်ပြီး သူ့ သမီးတွေက သူ့ ကို ဗိုလ်ပြန်ကျချင်တာတောင် သည်းခံနေလေ့ ရှိတယ်.( မအေကလည်း သမီးတွေနဲ့ သိပ်မကွာပါဘူး)...ဖအေ့ မေတ္တာပေါ့ လေ...




တစ်ခါတော့  အဲ့ လူကြီးပေါက်ကွဲသံဟာ လမ်းထဲ အိမ်တွေ တော်တော်ဝေးဝေးကကို ကြားလိုက်ရတော့  မဖြစ်စဘူး အဖြစ်ထူးတယ်ဟ ဆိုပြီး နောက်တော့ ဝိုင်းစပ်စုတော့ တာပေါ့ ..ဒီတော့ မှ အဖြစ်ကပေါ်လာတယ်...အဲ့ အိမ်က အိမ်ဖေါ်မမြဲဘူး..မမြဲဆို ဂုဏ်မောက်တဲ့ သမီးတွေ ဒဏ် တော်ယုံ အိမ်ဖေါ် မခံနိုင်ဘူးလေသိပ်မကြာခင်က တောကအသစ်ရောက်လာသတဲ့  တောနေတောစားကနေ ပထမဆုံးရောက်လာတာဖြစ်လို့  မြို့ သုံး ပစ္စည်းတွေကို သိပ်မကျွမ်းကျင်ဘူးပေါ့ လေ
အဲ့ မှာ အဲ့ မနက်က ထမင်းပေါင်းအိုးတည်ထားရင်း ကြက်ခုတ်ခိုင်းလို့  ခုတ်နေတုန်းတဲ့  နောက်သမီးတစ်ယောက် က သဟောက်သဟမ်းနဲ့  သူ့ ဘောင်းဘီရှည်ကို မီးပူချက်ချင်းလာထိုးပေး ဆိုလို့  လန့် ပြီးသွားထိုးပေးနေတုန်း ကြက်သားတုံးက ကြောင်ဝင်ဆွဲသွားရောတဲ့  ပေါင်းအိုးက ရေများသွားလို့ ဂျက်မကျပဲ မေးတင်ယုံလေးဖြစ်နေတဲ့  အဖုံးကို ကန်ထွက် ပွင့် ပြီး အပြင်ဝေကျတော့  အဲ့ မှာ မီးဖိုပြန်ပြေးတာမှာ...မီးပူထောင်ပစ်ခဲ့ တာ ဘေးစောင်းလဲပြီး ဘောင်းဘီအဖျားက မီးကျွမ်းသွားပြန်ရောတဲ့ ..
( အဲ့ ဒါ သူတို့ ဒဏ်တော်တော်ခံနိုင်တဲ့  သက်တန်းရင့် သူတို့ အိမ်ဖေါ်နောက်တစ်ယောက်က နောက်တော့ လမ်းထိပ်အမှိုက်သွန်ရင်း ပြန်အတင်ချတာ...ဟီးး)
အဲမှာ အိမ်ဖေါ်လေးကို သမီး၂ ယောက်က ဖဲ့ တာ သူ တို့ အဖေကြီး ဟိုလူက ၀င်တားပြီး ဖြစ်ကြောင်းကုန်စင် နားထောင်ပြီးတော့  သူ့ သမီးတွေကို ဆူတာ..မလည်မ၀ယ် အိမ်ဖေါ်မလေးကို ဒီလောက် တစ်ချိန်ထဲ စုပြုံခိုင်းတော့  ဒီလိုဖြစ်မှာပေါ့ ဆိုပြီး ..အဲ့ မှာ သမီးတွေက ဖအေကို သူတို့ ဘက်က မလိုက်ရကောင်းလားအိမ်ဖေါ်ဘက်က လိုက်ပြော ကာရ ကောင်းလားဆိုပြီးပြန်အော်...အဲ့ တော့  တော်တော်သည်းခံလာတဲ့ ဖအေဟိုလူကြီးက မြိုထားခဲ့ သမျှတွေ ပေါက်ကွဲပြီး..အဲ့ မှာ
လမ်းကျော် ရပ်ကျော်တွေကို ဖြစ်ရောဗျားးး....ဟီးးး...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..