--------
ဟိုတစ်နေ့ က လာနေကျ အမျိုးသမီး တစ်ယောက်လာတယ်..သူ့ မှာ ကျောင်းနေကလေး မောင်နှစ်မ ၂ ယောက်ရှိတယ်...ဒီနှစ်ပိုကောင်းတဲ့ ကျောင်းပြောင်းမယ်ပေါ့ ..တစ်ခြားကိစ္စတွေ ပြောပြီးမှ သူက ရုံးဖိုင်လို အပြာဖိုင်ကြီး ၂ ခု ဆွဲထုတ်လှန်ပြတယ် အဲ့ ထဲမှာ ကွန်ပြူ တာ စာစီနဲ့ သေသေသပ်သပ် ရိုက်ထားတဲ့ ကလေးအမည်ပေးတွေပါတယ်.အမည်ကို ၆ လုံးပေးထားတယ် မိဘက အဲ့  ၆လုံးထဲက ရွေးပေါ့ ..ဒါကို ဆရာတဲ့  အဲ့  ၆ လုံးထဲက ဘယ်ဟာရွေးရကောင်းမလဲတဲ့ ..ကျနော့် ကို ပြပြီး အမည်ရွေးခိုင်းလာတယ်......
ဒါဟာ ဖေါ်လျှိုးကောင်းကောင်းနဲ့ တကယ့် စီးပွားရေးဆန်ဆန် အမည်ပေးသဘောပဲ...ဒါမျိုးဟာ အနဲဆုံး သုံးသောင်း အထက်မှာယူလေ့ ရှိတယ်....တစ်ချို့ ဆို သိန်းချီယူတယ်..။ ကျနော်ကတော့  တိကျတဲ့ သဘော မရှိဘူး ၅ထောင်သာ အများဆုံးပဲ..တစ်ခါတစ်လေ စိတ်ကူးပေါက်ရင် ၉ထောင်တွေဘာတွေ ရှားရှားပါးပါး ယူလိုက်တာရှိတယ်..သဘောက ပုံမှန်အားဖြင့်  ကျနော်က ဗေဒင်ပညာ ယတြာတွေအမည်ပေး ကိစ္စတွေမှာ ငွေ အကြောင်း သိပ်စာဖွဲ့ နေလေ့ မရှိဘူးသဘောပါ....ဒါပေမယ့်  ဒါမျိုးတွေ ခဏခဏ ကြုံလာရတဲ့ အခါ အရင်က ဖေါလိုက်ပေးလိုက်ပေမယ့်  ခုနောက်ပိုင်းမှာ ဒီလို အလိုက်မသိ သူများစိတ်ကိုထည့် မတွက် ကိုယ့် တစ်ခြမ်းထဲ ကြည့် လွန်းတဲ့ စတိုင်က ပေါ်တင်ကြီး ဆန်လာပြီဆိုရင်ဖေါမလိုက်တတ်တော့ ဘူး...
ဒီတော့ ကျနော်က ပြောလိုက်တယ်..''' .ကျနော်တို့ လိုင်းတွေမှာ စည်းရှိတယ်...တစ်ယောက်ဆီမှာ အမည်ပေးလာတာတွေကို ကျနော်တို့ က ကောင်းတယ်ဆိုးတယ် ၀င်ဝေဖန်လေ့ မရှိဘူး.ရွေးပေးတာဘာညာလည်းမလုပ်ဖူး...ဒါဟာစည်းပဲ ကျနော်တို့ ကို ဒဲ့ အပ်လာရင် စနစ်တစ်ကျ စဉ်းစားပေးတယ် အဲ့ လိုအခါမှာ ပိုက်ဆံ ယူချင်ယူမယ် မယူချင်မယူဘူး..ကလေးတစ်ယောက်ကို အမည်ပေးရင် ကြာချင်ကြာမယ် မကြာချင်မကြာဘူး ချက်ချင်းရချင်ရမယ်..တစ်ပတ်လောက်စောင့် ချင်စောင့် ရမယ်...ပြည်ပမွေးတွေက လွဲလို့ အစဉ်အလာအရကြိုလဲ ပေးထားလေ့ မရှိဘူး...ဒါကြောင့်  အဲ့  ၆ လုံးထဲက အမည်ရွေးပေးလို့  မဖြစ်ဖူးလို့ ''' ပြောလိုက်တော့  အဲ့ အမျိုးသမီး သူ့ ဖိုင်ကို ပြန်သိမ်းသွားတယ် ဟုတ်..တဲ့ ..သိတော့ သိလိုက်တယ်..ဒီလို ပြောလိမ့် မယ်မထင်လို့  မအီမလယ်တော ဖြစ်သွားပုံရတယ်..့
ဒါဟာ တကယ်တော့ ဗေဒင်လောကတင် ဒါမျိုးဖြစ်နေတာမဟုတ်ပဲ တစ်ခြားစီးပွားရေးလောကမှာလည်း ဒါမျိုးတွေ အများကြီးရှိတယ်...အထူးသဖြင့်  ဆေးပညာလောကမှာ ပိုဆိုးတယ်...ဆရာဝန်ရဲ့ ပညာမာန်သဘောကို ထည့် မတွက်ပဲ ဆရာဝန်သဘောကောင်းတာနဲ့  ဟိုဆေးခန်းက ဒီဆေးတွေပေးလိုက်တယ် ဆရာ အဲ့ ဒါ ဒီဟာလေးတွေပါလာတယ် မမြင်ဘူးဘူး အဲ့ ဒါ သောက်လို့ ဖြစ်ပါ့ မလားလို့  ဒီဘက်က ဆရာဝန်ကို လာမေးတော့  ဒီဘက်ကဆရာဝန်က ဘယ်လို ဖြေရမလဲ...ဗမာပြည်လို အားနာတတ်တဲ့ တိုင်းပြည်မျိုးကတော့  ဘာရယ် မဟုတ်ဖူး မိတ်မပျက်အောင် ဆိုပြီး ကြည့် ကောင်းအောင်ဖြေလိုက်တတ်ပေမယ် တစ်ချို့ ဆရာဝန်တွေကတော့  အဲ့ ဆရာဝန်ပြန်သွားမေးကြည့်  ဒဲ့ ကြီး ဘုဘောက်ကြီးတွေပြန်ပြောလိုက်တာမျိုးတွေ ရှိလာတယ်..တိုင်းရင်းဆေးပညာသမားတော် လောကမှာ ပိုဆိုးသေးတယ်...
ဗေဒင်ဆရာကိုတော့  ကြိုအထင်သေးထားတာမျိုးများတတ်လို့ ဒီလို မျိုးတွေ ခဏခဏကြုံရတာ ပိုများတယ်ပဲဆိုရမလားပဲ.....အမှန်တော့ ဘယ်လောက က ဘယ်ပညာရှင်ဖြစ်ပစေ သူ့  အထာနဲ့  သူနေရာ သူခွင် သူ့ မာန်ရှိတာချည်းပါပဲ....ဒါကို ကျနော်တို့ ကတော့  ဘ၀အတွေ့ အကြုံတွေနဲ့  စာပေတွေကြောင့်  ငယ်ငယ်ကတည်းက တစ်ဖက်သားရဲ့ စိတ်သဘာဝကို အရင်အကဲခတ်ထားလေ့ ရှိခဲ့ တယ်။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..