'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, April 25, 2015
ဘ၀အစဟာ ဘင်္ဂ အိမ်ကပါ
ဘ၀အစဟာ ဘင်္ဂ အိမ်ကပါ
-------
မဟာဘုတ်တစ်ခု စတင်တည်ဆောက်တဲ့ နေရာဟာ ဘင်္ဂ အိမ်ကပါ...ဒါကြောင့်  ဘ၀တစ်ခု စတင်ခြင်းဟာ ဘင်္ဂအိမ်ကစတင်တယ်လို့  တင်စားတာပါပဲ၊ သီအိုရီအရ ဘင်္ဂါအိမ်ကို အပျက်မတည်ငြိမ် လှုပ်ရှားပြောင်းလဲ လို့  ဆိုပါတယ်...အလွယ်သဘောပြောရရင် ဘင်္ဂါအိမ်သဘာဝဟာ မတည်ငြိမ်တတ်ဖူး လှုပ်စိလှုပ်စိနဲ့  ဆီးဆော စီးနေရသလို စိတ်ချလက်ချ မရှိလှဘူး အပြောင်းအလဲတွေကြုံရ မြန်တတ်တယ် ဆိုတဲ့  သဘာဝတွေ လွှမ်းမိုးခံနေရသလို့  အဲ့ နှစ်မဟာဘုတ်နဲ့ မွေးတဲ့ သူတွေကိုယ်တိုင် အဲ့ ဘင်္ဂအိမ်သဘာဝတွေနဲ့  ကြုံနေတတ်သလို ကိုယ်တိုင်ရဲ့ စိတ်တွေကလည်း အဲ့  ဘင်္ဂအိမ်သဘာဝ လွှမ်းမိုးခံနေရလေ့ ရှိတယ်ပေါ့ လေ...၊ အဲ့ လို အပြောင်းအလဲမြန်တတ်တဲ့ သဘာဝကို ထိမ်းချုပ်နိုင်ပြီဆိုရင် တည်ငြိမ်အောင်ထိမ်းထားနိုင်ပြီဆိုရင် ဘ၀တစ်ခုဟာ အတော်လေး တည်ငြိမ်တဲ့ အနေအထားကို ရောက်လာလိမ့် မယ် ရောက်လာပြီလို့ ဆိုပါတယ်..ဟုတ်မဟုတ်က တစ်ချို့ တွေက တော့  နှစ်တော်တော်ကြာမှ သိသာလာတတ်ပြီး တစ်ချို့ ကတော့  သတိထားကြည့် ရင် မွေးကတည်းက သိသာတယ်ပေါ့ လေ..အဲ့ နှစ်မှာမွေးလာတာဟာ အတိတ်ကံသဘောဦးဆောင်လို့  အတိတ်ကံရဲ့  လက်ချက်တွေလည်းများတယ်လို့ ဆိုနိုင်သလို တစ်ချို့ ကတော့ ပစ္စုတ်ပန်ကံနဲ့  ပြုပြင်ပြီးပြောင်းလဲပစ်လိုက်နိုင်လို့  အနေအထားကောင်းကိုရသွားတာလည်းတွေ့ ရပါတယ်..တစ်ချို့ ကတော့  အတိတ်ကံအရကို အလိုလို တည်ငြိမ်ပြီးသားလိုဖြစ်နေတာလည်းတွေ့ ရပါတယ်...
ဥပမာ ၁ ကြွင်း နှစ်မှာ မွေးလာတဲ့  သူတွေဟာ ၁ကြွင်းမဟာဘုတ် နဲ့ မွေးတဲ့ သူတွေ ဖြစ်တယ်၊ ဒီတော့  ဘင်္ဂအိမ်မှာ တနင်္ဂနွေနံ အိုးအိမ် အိမ်ထောင်အုပ်စု ( အပျက်မတည်ငြိမ်သဘော ) ထိုင်နေတယ်...၊ ဒီတော့  အိမ်ယာပိုင်ဆိုင်ဖို့  အိမ်ယာမြဲဖို့  အိမ်အပြောင်းအရွှေ့ တွေနဲဖို့  အတော်ကြီးကို ကြိုးစားယူရတဲ့ သဘောဖြစ်လာသလို သပ်သပ်မှတ်မှတ် အလုပ်တစ်ခုမှာ နှစ်သက်ရှည် ကျောက်ချလုပ်စား အသက်မွေးသွားဖို့ စတင်ရတာကိုလည်း အတော်ကြိုးစား တည်ဆောက်ယူရတတ်ပြီး အိမ်ထောင်ရေးနဲ့ မိသားစုဘ၀ စည်းလုံးညီညွတ်ဖို့ ကိုလည်း အတော်လေးကြိုးစားတည်ဆောက်ယူရတယ်ဆိုတဲ့  သဘာဝတွေ ဖြစ်ပေါ်လာသလို အပေါင်းသင်း မိတ်ဆွေတွေ မကြာခဏအပြောင်းအလဲတွေ ဖြစ်နေတတ်တာတွေ သပ်သပ်မှတ်မှတ် အုပ်စုဖွဲ့ ပေါင်းရတာခက်ခဲလို့ သင်းကွဲလိုဖြစ်နေတာမျိုးတွေလည်း ဖြစ်နေတတ်ပါတယ်...အပြောင်အလဲများတတ်တဲ့ သဘာဝကနေ တည်ငြိမ်သွားပြီ တည်ငြိမ်အောင် ထိမ်းထားနိုင်ပြီဆိုရင် တည်ငြိမ်တဲ့ ဘ၀အခြေခံကို စတင်တည်ဆောက်နိုင်ပြီလို့ ဆိုပါတယ်ဗျား..
ကျန်တာ..တွေးကြည့် ပါပေါ့ နော်..ပျော်စရာကောင်းမှာပါ...၊
ဘင်္ဂ တနင်္လာက..ငွေကြေးကိုင်တွယ်မှု့ စိတ်ထားမတည်ငြိမ်မှု့  အကြွားဖက် နဂိုရှိထက် ဟန်ကိုယ့် ဘို ဖက်များသွားခြင်းမှ...(အပျက်မတည်ငြိမ်လှုပ်ရှားပြောင်လဲခြင်းသဘောကနေ တည်ငြိမ်သွားအောင်)
ဘင်္ဂ အင်္ဂါက စိတ်တည်ငြိမ်ခိုင်မှာမှု နဲခြင်း ဆွဲဆောင်ရာနောက် စိတ်ဓါတ်ပျော့ ညံ့ ပြီးပါသွားတတ်ခြင်း စိတ်လှုပ်ရှားလွယ်ပြီး စိတ်အတက်အကျမြန်ခြင်းမှ တည်ငြိမ်အောင်
ဘင်္ဂ ဗုဒ္ဓဟူး..ကြုံရာလူနဲ့ လျှာဖျားလေးကနေ အလိုက်အထိုက်ဖေါ်လိုလိုက်ပေါင်းလွန်းခြင်း ဇီဇာကြောင် လူရွေးခြယ်ပေါင်းလွန်းခြင်း လူ့  သိက္ခာကို မထိမ်းလွန်းခြင်း လူ့ အဆင့် အတန်းခွဲလွန်းခြင်းများမှ...
ဘင်္ဂ ကြာသာပတေး....ပညာဥာဏ်အတွေးအေခါ် အားနဲခြင်း...တယူသန်ခေါင်းမာလွန်ခြင်း အပျော်ဖက်လွန်းခြင်း စာမဖတ်လွန်းခြင်း စာပိလွန်းပြီးလက်တွေ့ ဘ၀နဲ့ ကင်းကွာသွားလွန်းခြင်း အဆိုး ရှု့ မြင်လွန်းခြင်း အကောင်းရှု့ မြင်လွန်းခြင်း.များမှ....
ဘင်္ဂသောကြာ....ကတိပေးလွယ်လွန်းခြင်း ကတိပျက်လွယ်လွန်းခြင်း စကားဖေါလိုက်လွန်းခြင်း ငါ့ စကားနွာရပြောလွန်းခြင်း ဗလွတ်ရွှတ်တတ်တွေပြောလွန်းခြင်း ဆရာကျလွန်းခြင်းစကားမာလွန်းခြင်း စကားပျော့ လွန်းခြင်း ရည်ရွယ်ချက်မဲ့  အကျိုးမဲ့ ခြေဂနာမငြိမ်ခြင်း အပျင်းထူ ဖင်ကျောက်ချထိုင်နေခြင်း တွေမှ....
ဘင်္ဂ စနေ...ဂုဏ်ပကာသနနောက်ကို လိုက်လွန်းခြင်း..ခေတ် နဲ့  သဘာဝနဲ့  မျက်ခြေပြတ်အောင် ရိုးလွန်းခြင်း ဖြတ်လမ်း စီးပွားလိုက်လွန်းခြင်း ကျော်ကြားချင်လွန်းခြင်း နှိမ့် ချလွန်ကဲခြင်း များမှ.....စသဖြင့် သဘောတွေကနေ...တည်ငြိမ်အောင် အလယ်အလတ်ကျနေအောင် သမမျှတအောင် အစွန်းမရောက်အောင်ထိမ်းထားနိုင်ပြီဆိုခဲ့ ရင်.....
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..