
အတိတ်ဟောကိန်း အနာဂတ်ဟောကိန်း.နဲ့ .မှန်ကန်မှု့  လွဲချော်မှု့ များ..
------------------------
ဖြစ်ပြီးခဲ့ ပြုပြီးခဲ့ တဲ့  အတိတ်ကို မှန်အောင်ပြောနိုင်တာ ဓမ္မစာပေလာတွေ ထောက်ပြီး လက်ခံနိုင်စရာ ရှိပါတယ်...မပြုရသေး ဖြစ်မလာသေးတဲ့  အနာဂတ်ကို မှန်အောင် ပြောနိုင်ဖို့ ကတော့  အတိတ်ကို ပြောတာထက် ခက်ပါတယ်.ဒါလဲ ဓမ္မစာပေတွေထောက်ရင် မြင်သာပြန်ပါတယ် ..ပစ္စုတ်ပန် ပြုဆဲ အခြေအနေကြည့် ပြီး ကြိုခန့် မှန်းထားတာ ဟောချက်ထုတ်လိုက်တာလည်း ရနိုင်ပါတယ် ဒါပေမယ့်  ပစ္စုတ်ပန်မှာ ပြုဆဲ အခြေအနေတစ်ခု ပြုနေသူက အပြုအမူသစ်တွေကို အပြောင်းအလဲ လုပ်ပစ်လိုက်နိုင်ရင်..အနာဂတ်အတွက် ခန့် မှန်းချက်ဟာ လွဲကောင်းလွဲနိုင်ပါတယ် ဒါကို အလွယ်ဆုံးတွေးလို့ ရတာက...ဖြစ်တော်စဉ်တွေ ထောက်ပြီး တွေးလို့ ရပါတယ်.
ဥပမာ သံသရာတစ်လျှောက်က ဘုရားလောင်းဘ၀မှာ ပြုကျင့် ခဲ့ သမျှ ကံသုံးပါးတွေ အကြောင်းတွေ ဥပမာ ၅၅၀ဇာတ်တော်တို့  ဇာတ်တော်ကြီး ၁၀ဘွဲ့ တို့ စသဖြင့်  အတိတ်မှာ ဘာတွေဖြစ်ခဲ့ တယ်ဆိုတာ ဘုရားရှင်ကိုယ်တော်တိုင် အသေးစိပ် ပြန်ပြောခဲ့ ပါတယ် ပြုပြီးခဲ့ တဲ့ ကိစ္စတွေဖြစ်လို့  ဗွီဒီယိုခွေကို နောက်ပြန်ရစ်ကြည့် နေရသလိုပါပဲ..။..ဒီတော့  .ဒါဟာ စိတ်တန်ခိုးသာရှိရင် လူတစ်ယောက်ရဲ့  အတိတ်က ဘာတွေလုပ်ခဲ့ လဲဆိုတာကို အနဲနဲ့ အများ နောက်ကြောင်းကို ပြန်ပြောနိုင်ပါတယ်ဆိုတဲ့ လောကီ ပညာရပ်တွေအတွက် သက်သေကောင်းတစ်ခုပဲ ..
အင်္ဂုလိမာလဟာ ဘုရားနဲ့ မတွေ့ ခင်အထိ ပုထုဇဉ် လူဆိုးကြီးပါပဲ....အကယ်၍ ဘုရားနဲ့ သာ မတွေ့ ပဲ ဘုရင့် တပ်သားတွေရဲ့ အဖမ်းခံရပြီး ဘာတရားမှ မရခင် အားမထုတ်ရခင် လုပ်တိုင်းကုန်းမှာ ကွပ်မျက်ခံလိုက်ရရင် သူ့ အတွက် အနာဂတ်ဟောကိန်းက သူကျူးလွန်ခဲ့ တဲ့  ပြစ်မှု့ တွေအတွက် ငရဲလားလိမ့် မယ်ဆိုတဲ့ ဟောကိန်း ထုတ်လိုက်ရင် မလွဲဖို့ ကများပါပြီး.၊ ဒါပေမယ့်  သူဟာ သူမသေခင်မှာကို ကံကောင်းထောက်မစွာ ဘုရားနဲ့ တွေ့ သွားတယ် ဘုရားရဲ့ ဓမ္မကြောင့် 
အကျွတ်တရားရ မြတ်သောနိဗ္ဗာန်ကို မသေခင်မှာတင် မျက်မှောက်ပြုသွားနိုင်ခဲ့ ပါတယ်၊ ဒီတော့  သူသေရင် အရင်က သူပြုမူခဲ့ တဲ့  ဆိုးမှု့ တွေကြောင့်  သူသေရင် ငရဲလားလိမ့် မယ်ဆိုတဲ့  အနာဂတ်ဟောကိန်းက လွဲသွားပါပြီ.။..အကြောင်းက မြတ်သောနိဗ္ဗာန်ကို မျက်မှေက်ပြုသွားသူရဲ့ နောင်ဘ၀ဆိုတာ ဖြစ်မလာတော့ လို့ ပါပဲ.။..ဒါဟာ ပစ္စုတ်ပန် မသေခင်ဘ၀မှာတင် အင်္ဂုလိမာလဟာ သူ့ အပြုအမူဆိုးကို ပြုပြင်နိုင်ခဲ့ တာကြောင့် လို့ သဘောပါပဲ..
ဒီတော့ လောကီပညာသဘောအရ လူတွေကို အနာဂတ်ဟောကိန်းတွေ ထုတ်တဲ့ အခါ အဲ့ လူရဲ့  ပြုပြင်မှု့  မပြုပြင်မှု့ တွေအရ မှန်ကန်မှု့ တွေ ချွင်းချက်တွေ လွဲချော်မှု့ တွေ ရှိနိင်တယ်လို့  သိနိုင်တဲ့  ဓမ္မစာပေလာ သက်သေကောင်းပါပဲဗျာ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..