လူ ဒဿန
--
ဒဿနသဘောတွေကို နှစ်ပိုင်းခွဲရင် အိန္ဒိယ တရုပ် ဆိုတဲ့ ဒေသကြီး အခြေပြုတဲ့  အရှေ့ တိုင်းဒဿနသဘောနဲ့  ဂရိခေတ်ကစလိုက်တာ ဖြည်တည်မှု့ ဝါဒီတွေအထိ အနောက်တိုင်း ဒဿနတွေ အထိလို့ ယေဘူယျခွဲလို့ ရလောက်တယ် အိန္ဒိယဒဿနဆို အများကြီးပဲ...အဲ့ ဒီက ဒဿနတွေ အများစုက ဗုဒ္ဓဓမ္မထဲက ဒိဌိ ၆၂ ပါး နဲ့  နှိုင်းယှဉ်ကြည့် လို့ ရတဲ့ အကျိုးရှိခဲ့ တယ်..ထူးခြားချက်က အနောက်တိုင်း ဒဿနဆရာတွေမှာ ဗုဒ္ဓဓမ္မအနား သိပ်ကို နီးကပ်လာတဲ့ ဒဿန အမြင်ဆရာတွေပါနေခဲ့ တယ်..ဥပမာ ရှိုပင်ဟောင်ဝှါတို့ ယန်ပေါဆပ်တို့ ဒဿနတွေက အမှတ်တမဲ့ ဆို ပစ္စုတ်ပန် တည့် တည့် ရှု့ ဆိုတာနဲ့  နီးသလိုလိုပေါ့ ..ပြီးခဲ့ တဲ့ ဘ၀တွေ နဲ့ နောက်ဖြစ်မဲ့ ဘ၀တွေက အတွေ့ အကြုံသိနဲ့ မသိနိုင်လို့  အာရုံမယူတော့ ပဲ လက်ရှိဘ၀ဖြစ်နေတာကသာ သေခြာလို့ လက်ရှိဘ၀ဟာ အရေးအကြီးဆုံးပေါ့ လေ..နောက် သဘောတရားအချုပ်က ဒါကြောင့်  ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိရမယ်ပေါ့ ..နောက်ဒဿန အကြောဆက်တာက ကိုယ့် ဟာကိုယ်ဖန်တီးလို့ ပြန်ဖြစ်လာတဲ့  အကျိုးဟာလည်း ကိုယ့် မှာပဲ တာဝန်ရှိတယ် တာဝန်ခံရမယ်ပေါ့ ..အဲ့ လိုသဘောတရားတွေပါလာလို့  ဒီဘက် အရှေ့ တိုင်းဒဿနနဲ့ အတော်နီးလာတယ်ဆိုပြီး အရှေ့ တိုင်းဘက်မှာ ခေတ်တော်တော်စားသွားတယ်ပေါ့ လေ...
အဲလိုဒဿန တောကြီးထဲမှာ အနောက်တိုင်း ဒဿနထဲက အယူအဆတစ်ချို့ ဟာ ဓမ္မနဲ့ သိပ်နီးကပ်လာတာရှိတယ်..ဒါက လူမှာ ဘယ်လိုတွေ ကွဲပြားနေစေ ''အနိမ့် ဆုံးတန်ဘိုးအဖြစ် လူ့ ဇာတိဝင် လူဆိုတဲ့  ဂုဏ် '' တစ်ခုတော့  ရှိနေသေးတယ်..ဆိုတဲ့  အဆိုတစ်ခု ပေါ်ထွန်းခဲ့ တယ်၊ နောက်တော့  ဒီ အဆိုဟာ လူကြိုက်များလာပြီး တစ်စတစ်စ ပျံ့ နှံ့ သွားရာက နောက်တော့ ဒီအဆိုရဲ့ အရှိန်ကြောင့် သေဒဏ် ပေးနည်းပုံစံတွေပြုပြင်လာကြတယ်လို့ ဆိုတယ်. လူမြင်ကွင်မှာ မစီရင်တော့ တာ အသက်သာဆုံးနည်းတွေကြံဆလာတာ ခေါင်းဖြတ်စက်ကို ဖြုတ်ပစ်လိုက်တာတွေ ဖြစ်လာတာတွေနဲ့ တစ်ချို့ အရပ်တွေမှာ သေဒဏ်စနစ် မသုံးတော့ တာတွေ ဖြစ်လာတယ်လို့ ဆိုတယ်...အဲ့ ဒီ့  လူကို လူလို မြင်ပါဆိုတဲ့ အမြင်ဟာ ဒီဘက်က ဓမ္မတရားအရဆိုရင် အတော်လေးမြင့် မားတဲ့ သဘော ရှိလာနေပြီး ဒီအမြင်ကနေ ရှေ့ ခရီးဆက်ရင် ငါသူတစ်ပါးယောက်ျား မရှိတော့  ရုပ်နာမ်ဓမ္မ သင်္ခါရနယ်သားတွေသာဖြစ်တယ်ဆိုတဲ့ အဆင့်  အဲ့ ကနေ နောက်တစ်ဆင့် မြင့် ပေါ့ လေ.....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..